Pages

Monday, July 30, 2012

ဦးအောင်သိန်းလင်းကို မဲဆန္ဒရှင်တွေက ဘာလုပ်မှာလဲ ???


တောင်ဥက္ကလာပမြို့နယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်သိန်းလင်းဟာ တရုတ်သတင်းစာနဲ့ ပြောဆိုခဲ့မှုကို ဘယ်သူတွေက မကြေမနပ်ဖြစ်နေလဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မဲဆန္ဒရှင်တွေက ဘာတွေ လုပ်နေလဲ ? သိချင်ကြသူများအတွက် ...



အခုအခါမှာ တောင် ဥက္ကလာပမြို့နယ်က မဲဆန္ဒှရှင် ပြည်သူတွေက ၂၀၀၈ ဖွဲံ့စည်းပုံမှာ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ပြဌာန်းထားတာက "ဖွဲ့စည်းပုံ အခြေခံဥပဒေ
အခန်း ၉၊ ပုဒ်မ ၃၉၆ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး “တစ်” ရာခိုင်နှုန်းက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်း လိုလျှင် လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမည်" လို့ အတိအလင်းပြဌာန်းချက်ကြောင့် အခုတော့ တောင်ဥက္ကလာပမြို့နယ်က မဲဆန္ဒရှင် ပြည်သူတွေက ဦးအောင်သိန်းလင်းကို ဘာတွေ လုပ်မလဲ ဆိုတာ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ အပြည့်အစုံဖတ်နိုင်ပါပြီ။

ဦးအောင်သိန်းလင်း၏ ဖြေဆိုချက်များကို တောင်ဥက္ကလာပ မဲဆန္ဒရှင်များက ပြည်တွင်း ဂျာနယ်များမှ တဆင့် ဖတ်ရကြောင်း၊ ယင်းပြောဆိုချက် များသည် မဲဆန္ဒရှင် ပြည်သူများကို စိတ်ပျက်စေသဖြင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရန်ဝိုင်းဝန်း လှုပ်ရှားခြင်း ဖြစ်ကြောင်း၊ ယင်းလှုပ်ရှားမှု ကို ဖွဲ့စည်းပုံ အခြေခံ ဥပေဒနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လက်မှတ်ရေးထိုး လှုပ်ရှားမှုကိုဦးဆောင်သူ တောင်ဥက္ကလာပ မြို့နယ်မှ ဦးမင်းအောင်က ဧရာဝတီသို့ ပြောသည်။

ဤနေရာကို နှိပ်၍ ကြည့်နိုင်ပါတယ်။

3 comments:

  1. We are accordingly support to South Okkalapa people .

    ReplyDelete
  2. We are greatly support to South Okkalapa people .
    Aung Thein Linn may not representer of South Okkalapa people and abused to all Burmese people.
    "Aung then linn shall terminate Myanmar Citizen and may drive out to China.

    ReplyDelete
  3. ဦးအောင်သိန်းလင်း ကို တာဝန်မှ ပြန်လည်ရုတ်သိမ်းလိုတဲ့  တောင်ဥက္ကလာပမြို့ နယ်မှ မဲဆန္ဒရှင်များ အနေနဲ့  ဦးမင်းအောင် ၀၉-၇၃၁၂၂၂၉၄ ထံဆက်သွယ်ပြီး စုပေါင်းလက်မှတ်ထိုးနိုင်ပါပြီ။

    ReplyDelete