
ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပါတယ်။
ခရီးစဉ်အဆုံးသတ်ချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီအကြောင်းကို သတင်းစာကတဆင့် အများသိအောင် သဘောထားကြေညာချက် ထုတ်လိုက်ပါတယ်။
မြန်မာနိုင်ငံအမည်ဖော်ပြတဲ့အခါ Burma အစား Myanmar လို့သာ သုံးနှုန်းဖို့ NLD ကို အသိပေး အကြောင်းကြားထားပါတယ် တဲ့။
ဒီအကြောင်းကြားစာကြောင့် Burma - Myanmar ဝေါဟာရ ငြင်းခုန်မှုတွေ ပေါ်ပါတယ်။
စာဖတ်သူကရော ဘယ်လို သုံးမလဲ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဧရာဝတီ ဘလော့မှာ စစ်တမ်း ကောက်ခဲ့ပါတယ်။
သဘောထားပေးမှု ၂,၀၀၈ ခု ပါဝင်တဲ့ စစ်တမ်းရလဒ်က ဒီလိုပါ -
အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း Myanmar လို့ သုံးမယ်။ ၅၃၆ (၂၆%)
နိုင်ငံအမည်ပြောင်းချိန်မှာ လူထုကိုမတိုင်ပင်ခဲ့ဘူး၊ ဒါကြောင့် Burma လို့ ဆက်သုံးမယ်။ ၁,၃၄၉ (၆၇%)
ဘယ်လိုသုံးရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါ။ ၁၀၈ (၅%)
ဒီမနက် ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)
ဒီကနေ့ NLD ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ရဲ့ Burma - Myanmar အကြောင်း ပြောကြားသွားပါတယ်။
“ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး။ ... ကျမ သုံးချင်သလို သုံးလို့ရတယ်လို့ မြင်တယ်” တဲ့။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်လည်တုံ့ပြန်ချက် ချက်ချင်း ထွက်မလာသေးပါဘူး။ သိပ်မကြာခင်မှာ တခုခု တုံ့ပြန်လိမ့်မယ်လို့ ယူဆရပါတယ်။
.

အဓိက တိုင်းပြည် ဆင်းရဲခြင်းက လွတ်အောင်လုပ်ဖို့, အိမ်နိံးချင်းနိုင်ငံတွေကို အမြန်အမှိံလိုက်ဖို့ ,,,,,ဒါတွေ ဒေါ်စုကြည် ရဲ့ ခေါင်းထဲမှာ မရှိတာသေချာတယ် ။သမတကြိံးနဲ့. သဘောတူပြိံး မတူတာတာတွေဖယ်/တူတာတွေပေါင်းလုပ်ကြမယ်ဆိုပြိံး. ,စ တာနဲ့ လွှတ်တော်မှာ ကျမ်းကျိန်တာနဲ့ စ ကန့်လန့်တိုက်တော့တာဘဲ။မရတော့ လျှော့ပြိံးလိုက်ရတာဘဲ, အခုလဲ ဒိံလိုဘဲ နဲနဲလေးတော့ ကန့်လန့်လိုက်ရ မှ ,ကြာရင်အကျင့်ပါသွားပါမယ်။ ကိုယ် အာဏအပြည့်ရတဲ့ အချိန်ကျ မှ လုပ်ချင်သလိုသာလုပ်ပါတော့။ လောလောဆယ်နောက် ၄ နှစ်နိံးပါး ကို ဒိံအတိုင်း အချိန်တွေ မကုန်စေချင်ပါ။ကိုယ် ကိုယ်တိုင်လဲနောက် ဘယ်နှ နှစ် နေ ရအုမ်းမလဲဆိုတာမပြောနိုင်။အာဃတ တွေဖယ်ပြိံး တိုင်ပြည်ကောင်းစားဖို့ မြန်မြန် ထက်ထက် ပူးပေါင်းလုပ်ဖို့ အကြံပေးပါရစေ ဒေါ်စု ရယ်....။
ReplyDeleteခက်တာက ကြာရင် အမေစု လဲတသွေး,တသံ,တမိန့် အာဏရှင်ဖြစ်မှန်းမသိဖြစ်လာတာဘဲ,,,,ဘေးပတ်ပတ်လည်မှာလဲ အမှားအမှန် အမုန်းခံပြိံးဝေဖန်ပေးမဲ့သူမရှိတာဆိုးတာ....ဝိုင်း follow လိုက်နေကြတာများတယ်....နောက် public မှာကို က အခုလိုမျိုးအမေစု ကိုနဲနဲဝေဖန်တာနဲ့ကို ဝိုင်းအာကြမှာဘဲ.....ဘာလှုပ်လှုပ် အမှန်ဘဲ,ဒိံလိုဖြစ်နေတော့ ဘယ်လိုလုပ်ကြမလဲ။. ၈၈ မျိုးဆက်တွေ မြန်မြန် ပါတိံ ထောင်နိုင်ဘို့ဆုတောင်းရမှာဘဲ......
ReplyDeleteကိုAnonymous ရေ
ReplyDeleteမင်းပြောသလိုဘဲ ဘာမာဘဲသုံးသုံး မြန်မာဘဲသုံးသုံးအဓိကမကျဘူးထင်တယ် အဓိက တိုင်ပြည်တိုးတက်အောင် နိုင်ငံအသီးသီးမိမိတိုက်ကူညီးချင်လာအောင်လုပ်ဖိုကအဓီကပါ ဒါပေမဲ ဒေါ်အောင်ဆန်စုကြည်က ကန့်လန်တိုက်တာမဟုတ်ပါဘူး ဘာမှအလုပ်မရှိအကိုင်မရှိတဲ့ ကော်မရှင်ရုံကထုတ်လိုက်ကြေငြာချက်ကြောင့်ပါ
ပြန်ရှင်လင်တာဖြစ်တယ် မင်ပြောသလိုအာဏာရမှကြိုက်သလိုလုပ်ဆိုရင် အကုန်လုံးအာဏာရှင်တွေလိုဖြစ်ကုန်မှာပေါ
Regime made uncountable mistakes including one of that, history will tell
ReplyDeleteလုပ်သမျှငုံ့ခံကြရင်းနဲ့တိုင်းပြည်လည်းဖွတ်ဖွတ်ညက်ညက်ကြေနေပြီ၊ပြောနိုင်တဲ့လူ၊ပြောရဲတဲ့လူပြောသင့်လို့ပြောတာ၊ဘယ်သူတိုင်းပြည်အပေါ်မှာစေတနာထားပြီအလုပ်လုပ်တယ်ဆိုတာအားလုံးသိတယ်။
ReplyDeleteဘယ်သူမှန်းမသိဘဲ ရေးသွားတဲ့ လူ ကို တုန်.ပြန်ချင်ပါတယ်။ ဒေါ်စုက ကန်.လန်.တိုက်တာလို. မထင်ပါ။ သူခေါ်နေကျအတိုင်းခေါ်သွားခြင်းဖြစ်ပါတယ်။ စစ်တပ် အလိုတော်ရိ ကော်မရှင်က လိုက်ရစ်နေတာ ဖြစ်ပါတယ်။ ဒေါ်စုက အခြေခံ ဥပဒေကို ပြင်ရမယ်လို. ပြောပြီးပါပြီ။ နိုင်ငံ နာမည်ဟာလဲ ပြင်ရမဲ့ အထဲက တခုပါ။ နိုင်ငံ တိုးတက်ဖို. အားလုံးရဲ့ အကူအညီလိုပါတယ်။ စစ်တပ်ရော ပါဘဲ၊ ဒါပေမဲ့ စစ်တပ်ဆီက အကူအညီလိုတာက စီးပွားရေးမှာ ၀င်မရှုပ်ဘဲ စစ်တန်းလျားပြန် သွားဖို.ပါ။ အဲ ဒါက ဘဲ နိုင်ငံ အတွက် ကူညီရာ ရောက်ပါပြီ။ ပြီးခဲ့တဲ့ ရာစုနှစ်တ၀က် အတွင်းမှာ တိုင်းပြည်စီးပွားရေါ်လဲ နောက်ျကခဲ့ပြီ။ စစ်တပ်ကို မမြင်ချင်တော့ပါ။
ReplyDeleteဘယ်သူမှန်းမသိဘဲ ရေးသွားတဲ့ လူ ကို တုန်.ပြန်ချင်ပါတယ်။ ဒေါ်စုက ကန်.လန်.တိုက်တာလို. မထင်ပါ။ သူခေါ်နေကျအတိုင်းခေါ်သွားခြင်းဖြစ်ပါတယ်။ စစ်တပ် အလိုတော်ရိ ကော်မရှင်က လိုက်ရစ်နေတာ ဖြစ်ပါတယ်။ ဒေါ်စုက အခြေခံ ဥပဒေကို ပြင်ရမယ်လို. ပြောပြီးပါပြီ။ နိုင်ငံ နာမည်ဟာလဲ ပြင်ရမဲ့ အထဲက တခုပါ။ နိုင်ငံ တိုးတက်ဖို. အားလုံးရဲ့ အကူအညီလိုပါတယ်။ စစ်တပ်ရော ပါဘဲ၊ ဒါပေမဲ့ စစ်တပ်ဆီက အကူအညီလိုတာက စီးပွားရေးမှာ ၀င်မရှုပ်ဘဲ စစ်တန်းလျားပြန် သွားဖို.ပါ။ အဲ ဒါက ဘဲ နိုင်ငံ အတွက် ကူညီရာ ရောက်ပါပြီ။ ပြီးခဲ့တဲ့ ရာစုနှစ်တ၀က် အတွင်းမှာ တိုင်းပြည်စီးပွားရေးလဲ နောက်ကျ ခဲ့ပြီ။ အမျိုးသား ပညာရေးလဲ ပျက်ယွင်းခဲ့ပြီ။ စစ်တပ်ကို မမြင်ချင်တော့ပါ။ ကျေးဇူးပြုပြီး သွားကြပါတော့။
ReplyDeleteပြည်သူ့ အသံကို နားထောင်တဲ့။ နားထောင်ကြည့်စမ်း။
ReplyDeleteပြည်သူတွေ သောင်းနဲ့ ချီပြီ ဘောလုံးပွဲမှာ ကိုယ့်နိုင်ငံ အသင်းကို အားပေးတာ
" မြန်မာ၊ မြန်မာ ၊ မြန်မာ " ဗမာလူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြုတာလား။
တစ်နိုင်ငံလုံးကို ကိုယ်စားပြုတာလား။
နားထောင်ကြည့်စမ်း။ " မြန်မာ၊ မြန်မာ ၊ မြန်မာ " ။ ကြားလား။
သန်းနဲ့ ချီတဲ့ ပြည်သူတွေရဲ့ ရင်ဘတ်တွေ ထဲက ထွက်လာတဲ့အသံ ပြည်သူ့ အသံနော်။
ထိုင်းနိုင်ငံဟာ ထိုင်းလူမျိုးတွေ အများစုနေလို့ ထိုင်းတို့ ဧ။်နိုင်ငံ Thai Land လို့ ခေါ်တယ်။
အရင် က ဥရောပ က Siam ဆိုင်းယမ်းလို့ ခေါ်တယ်။
အခုခေတ်မှာ ထိုင်းလင်းလို့ ပြောင်းတယ်။ မရဘူးလား။
ထိုင်းတို့ နေတဲ့ နိုင်ငံမို့ လို့ Thai Land လို့ ခေါ်တာ ထိုင်းလူမျိုးကြီးဝါဒဖြစ်ရောလား။
ထိုင်းတို့ ဧ။်နိုင်ငံ Thai Land လို့ ခေါ်တော့ ထိုင်းနိုင်ငံက လူနည်းစုတိုင်းရင်းသားတွေကျတော့ စော်ကားရာကျလား။
စဉ်းစားလေ။ ထိုင်းလူမျိုးအများစု နေတဲ့ နိုင်ငံမို့ လို့ ထိုင်းနိုင်ငံလို့ ခေါ်တယ်
မြန်မာအများစုနေတဲ့ နိုင်ငံမို့ လို့ မြန်မာနိုင်ငံလို့ ခေါ်တယ်။
ဘာမြန်မာလူမျိုးကြီးဝါဒမှ မရှိဘူး။ မြန်မာကိုယ်တိုင် လူမျိုးကြီး လည်းမဟုတ်ဘူး။
ဘင်္ဂလားက သန်း၁၇၀၊ တရုတ်က သန်း ၁၆၀၀၊ india က သန်း ၁၃၀၀၊
သန်းတစ်ရာကျော်မှ လူမျိုးကြီးလို့ ပြော။ ဟုတ်ပြီနော် အိုင်ယာဝဒီ
MYANMAR / BURMA နဲ့ စကားလုံးပြဿနာ များ။.
ReplyDeleteပြည်သူတစ်ယောက်အနေနဲ့ ဝေဖန်ရရင်(အစိုးရကိုလဲ သဘောမကျဘူး။အန်တီစုကိုလဲဘုရားလိုမကိုးကွယ်ဘူး။Myanmarလို့သုံးတာ။မသုံးတာအဓိကသိပ်မကျဘူး ဆိုပေမဲ့။လူတိုင်းလွတ်လပ်စွာ ရေးသားပြောဆို ခွင့် ရှိတယ်ဆိုတဲ့ နေရာမှာ.ဥပဒေများကို လေးစားလိုက်နာပြီးမှ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတာပါ။ ) Burma လို့ ခေါ်တာဟာ ဥပဒေကို မဆန့်ကျင်ပါဘူး လို့ ပြောမယ်ဆိုပြောလို့ ရပေမဲ့။ နိုင်ငံခေါင်းဆောင် တစ်ဦး ဖြစ်နေလို့ အန်တီစု သုံးတဲ့ usage ဟာ သြဇာလွှမ်းမိုး မှု အင်မတန်ရှိလို့သာ အစိုးရ က ဒီကိစ္စ ကိုအကြီးအကျယ် ထောက်ပြနေတာပါ။ဘာမှ မဟုတ်ဘူးလို့ထင်ရပေမဲ့ဟုတ်လဲဟုတ်နေပြန်ပါတယ်။.
အန်တီစု အနေနဲ့ Burma ကနေ Myanmar လို့ ပြောင်းခေါ်ရတာကိုဝန်မလေးသင့်ဘူးထင်ပါတယ်။.
အချိန် ရှိသရွေ့ စကားလုံး အသေးအမွှားလေးတစ်ခု ဆိုပြီး ကိစ္စ တိုင်းကို အတိုက်အခံလုပ်နေမယ်ဆိုရင် သဘာဝ မကျပါဘူး။.နိုင်ငံတကာ ကလက်ခံတိုင်းလဲ မိမိ တိုင်းပြည်ရဲ့လက်ရှိအမည်အပေါ်မှာ ခေါင်းဆောင် တစ်ဦး အနေနဲ့ လေးစားပြရပါမယ်။.အရင်အစိုးရက ပြည်သူကို မမေးမမြန်းဘဲပြည်သူ့ဆန္ဒမခံယူဘဲ နံမည်ပြောင်းခဲ့လို့ သဘောမကျလို့ ခေါ်တာပါ ဆိုရင်လဲ။.မိမိ လွှတ်တော်ထဲ ရောက်တဲ့ အချိန်မှာ ဥပဒေပြုပြင်တဲ့အခါမှာ(Myanmarလို့ ခေါ်ချင်ပါသလား။Burmaလို့ ခေါ်ချင်ပါသလား။)ပြည်သူ့ဆန္ဒကောက်ခံယူလိုက်ပါ။ ဒီလို ဆို ရှင်းသွားမှာပါဘဲ။ ဒီကိစ္စ ကို ရေကြီးခွင်ကျယ် မလုပ်သင့်ဘူးထင်ပါတယ်။.
ကျမတို့ တိုင်းပြည်မှာ ဒီထက် မကတဲ့ အရေးကြီး လုပ်စရာ တွေ အများကြီး ရှိနေတာ ဖြစ်လို့ စကားလုံးပြဿနာတွေနဲ့ဆတ်ဆတ်ထိမခံ။ဆတ်ဆတ်ကဲ မဖြစ်သင့်ပါဘူ။ အန်တီစုကလဲ ( မတူတာတွေ ဘယ်ဖယ်ထားပြီး တူတာတွေ ၀ိုင်းလုပ်မယ်လို့ ဆိုထားတဲ့ အတွက် တမင်သက်သက် အရွဲ့တိုက်ပြီး ဆန့်ကျင်ချင်စိတ်။အတိုက်အခံ လုပ်ချင်စိတ်များပြီး။.
Myanmar ကို Burma ဆိုပြီး ရွဲ့ပြောနေစရာ မလိုဘူးလို့သာရိုးသားစွာမြင်ပါတယ်။)ဒီလိုသာ
ပြောကြ စတမ်း ဆိုရင် အရင် ပြဿနာရှာရမှာက နယ်ချဲ့ အင်္ဂလိပ်တွေကိုပါ။အင်္ဂလိပ်တွေက အင်္ဂလိပ်ခေတ်မှာသူတို့နဲ့အထိအတွေ့အများဆုံးဖြစ်တဲ့.
လူများစု ဖြစ်တဲ့ ဗမာ လူမျိုးတွေကို ဘဲ အထူး အလေးထားခဲ့လို့ BURMAလို့သာတွင်တွင်ကျယ်ကျယ် သုံးစွဲ ခဲ့ပြီး ပြည်သူလူထုရဲ့ သဘောထားဆန္ဒ မကောက်ခံခဲ့ပါဘူး။စစ်အစိုးရလက်ထက်ကြတော့ ပြည်သူကို သောက်ဂရုမစိုက်ခဲ့လို့ ပြည်သူ့ ဆန္ဒ မခံယူဘဲ.MYANMAR ဆိုတဲ့ အသုံးအနှုန်း တိုင်းရင်းသားအားလုံးခြုံငုံပါဝင်အောင်(တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုပါတယ်လို့အစိုးရကတော့ ပြောတယ်ပေါ့လေ။ ) အခု အချိန်ထိ စကားလုံး ပြဿနာ တွေနဲ့ဘဲ အချိန်ကုန်နေပြီး ဘာဆိုဘာမှ လက်တွေ့ မကျသေးပါဘူး။အန်တီစု အနေနဲ့ လွှတ်တော်ကတစ်ဆင့်ပြည်သူ့ဆန္ဒအမှန်ကို ကောက်ခံပြီး။.Myanmar / Burma ပြည်သူ အများစု ဘယ်လို ခေါ်ချင်ပါသလဲ။ ဆန္ဒ ကောက်ခံယူပြီး.
ဖြေရှင်းသင့်ပါတယ်။
Myanmar .Myanmar Myanmar ,is Nationality,Burma is Race ,I agree ,already calling more than 20 years ,I mean after 1989 ,.for now we don't want to change back to Burma is country and race is Myanmar , if they change back ,every citizens need to change their Ic ,particulars ,so all are wasted. Of course the name is important.even ur person name cannot call anyhow right .here and there .think carefully some guys .
ReplyDeleteချောချောကြေးမှုံ ၊ ခေါင်းဆောင်ဆိုတာ စကားလုံးက အစ သတိထားရပါတယ်။ ဥပဒေကို လေးစားတက်တယ်ဆိုရင် စကားလုံးစာသားတွေကို တန်ဖိုးထားရပါတယ်။ စကားလုံးတွေကို သုံးချင်သလို သုံးပြီး ပြောချင်တာ ပြောတက်တဲ့ စစ်အစိုးရကြောင့် တိုင်းပြည် ဆင်းရဲတွင်းနက်နေခဲ့တာပါ။ သိက္ခာ မရှိတဲ့ သူတွေကတော့ စကားလုံး ရေးကြီးခွန်ကျယ်မလုပ်ပဲ ဖြစ်သလို လုပ်တက် ပြောတက်ပါတယ်။ ချောချောကြေးမှုံ က အမေစုကို လက်တွေ့ မကျဘူး ဆိုတော့ ကွန်မန်းလေးရေးရုံလောက်သာ တက်တယ်ထင်ပါတယ်။ မျက်လုံး ကောင်းသေတယ် ဆိုရင် အမှန်တရားကို မြင်နိုင်အောင် ကြည့်ပါ။ ချောချောကြေးမှုံတို့  ကွန်မန်းလာရေးပြီး ဝါဒလာဖြန့် ယုံလောက်နဲ့ ဗကသ သမိုင်း ပျောက်ပျက်မသွားသလို၊ ဗမာနိုင်ငံဆိုတာ နိုင်ငံတကာက လေးလေးစားစားခေါ်တွင်နေမှာ မလွဲပါ။ စစ်အစိုးရ အကြိုက် စစ်အစိုးရ အောက်မှာ ကြီးပြင်းလာခဲ့ရလို့  စကားလုံး အရေးမကြီးပါဘူးဆိုရင်လည်း ချောချောတို့ အဖိုးတွေကို လိုက်မေးကြည့်လိုက်ပါ။ တပ်မတော်ကြီး လူလားမမြောက်ခင် အစ ဘယ်အမည်ကို ဘယ်သူတွေ သုံးခဲ့ကြသလဲ။ လွတ်လပ်ရေး သမိုင်းတွေကို လိုက်ရှာဖတ်ကြည့်လိုက်ပါ။ မြန်မာသမိုင်းတွေကို လိုက်ရှာကြည့်လိုက်ပါ။ ပြည်သူတွေ အားလုံးကတော့ ဗမာ ဆိုတာကို အပြတ်အသတ် ထောက်ခံပါတယ်။ ဒီအချိန်မှာ လွတ်လပ်တဲ့ တရားမျှတတဲ့ ပြည်သူဆန္ဒခံယူမယ်ဆိုရင်လည်း ဗမာဆိုတာ ဒေါင်ဒေါင်မြည် အောင်နိုင် မယ်ဆိုတာ လက်ခမောင်းခတ်ပြီး ပြောရဲပါတယ်။
ReplyDeleteမချောချောကြေးမုံရေးထားတဲ့ အချက်အလက်တွေကို ကျမလည်း လက်ခံပါတယ်. မြန်မာ ဆိုတဲ့အသုံးနှုန်းဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ် လို့ခံစားရပါတယ်။ မြန်မာနိုင်ငံမှာ ဗမာ လူမျိုးစု တစ်ခုထဲနေ တာမဟုတ်ပါဘူး။
ReplyDeleteAnyway,whatever you call Burma or Myanmar,people are poor,uneducated,low living standard,a lot of hopeless people and a few of stupid ex army minister.People arond the world know this country is poorest country.Stupid complain of election committee.
ReplyDeleteဒေါ်စု က မြန်မာနိုင်ငံ/ ဗမာတို့ ရဲ့နိုင်ငံ ပြသာနာကို ဖြေရှင်းဖို့ လုပ်မှာလား။
ReplyDeleteပြည်သူသန်း ၆၀ရဲ့ လတ်တလော သေရေးရှင်ရေး ပြသာနာတွေကို ဖြေရှင်းဖို့ လုပ်မှာလား။
သေးသေးလေးပဲ လား။ အကြီးကြီးတွေ လုပ်ပြမှာလား။
အချိန်လည်း သိပ်မရှိတော့ဘူး။ ဒေါ်စုလည်း ၂၀၁၅ ဆိုရင် အသက် ၇၀ ရှိပြီ။ သန်းရွှေလည်း သေလောက်ပြီ။
ဒီလို မြန်မာနိုင်ငံ/ ဗမာ ( အမည်နာမ ပြသာနာ) တွေ နဲ့ ပဲ ပြီးတော့မှလား။
မြန်မာလို့ (လောလောဆယ်) ခေါ်လိုက်ရင် ဘာဖြစ်သွားမှာလဲ။ တော်တော်ကြီးကို အရေးကြီးနေလား။ ၂၀၀၈ ဥပဒေကို တောင် ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျိမ်ခဲ့တဲ့နော်။
ReplyDeleteအနှစ်သာရရှိတဲ့ comments တွေကိုပဲတင်ပေးကြပါ၊ ဒီလို အချိန်ကုန် ငွေကုန်ပြီး ပြည်သူ စာဖတ်သူတွေအတွက် ကလေးကလားဆန်တဲ့ စာသားတွေကို မတင်ပါနဲ့၊ နိုင်ငံရေး ဗဟုသုတရစေမဲ့ စာတွေကိုပဲတင်ရင် အားလုံးအတွက်အကျိုးရှိပါတယ်၊ ဒီလို online ပေါ်က ကလေးလေးတွေအငြင်းပွားသလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုပဲရေးနေကြရင် ဒီမိုကရေစီ နဲ့မထိုက်တန်သေးပါဘူး.....အတွေးအခေါ်အယူအဆ အမြင်တွေ သဘောထားတွေကြီးကြီးနဲ့ ရင့်ကျက်အောင်လုပ်မှ ဒီမိုကရေစီကိုရဖို့ ထိုက်တန်မယ်ထင်ပါတယ်.......တဖက်စောင်းအမြင်နဲ့ အပျက်သဘောဆောင်တဲ့ comments တွေဟာ အောက်တန်းကျလွန်းမနေဘူးလား.......
ReplyDeleteဗမာ/ မြန်မာ ပြသနာနဲ့  Burma/ Myanmar ပြသာနာ ဘာမှမဆိုင်ပါ။ အခုဖြစ်နေတာက အင်္ဂလိပ် အခေါ်အဝေါ် Burma/ Myanmar ပြသာနာ သက်သက်ဖြစ်ဖြစ်ပါတယ်။ အခြေခံ ဥပဒေမှာ ဗမာလိုပဲ ရှိပါတယ်။ Myanamr လို့  လက်ခံတွေဟာ အာဏာရှင် လုပ်သမျှ ငြိမ်ခံနေမယ့်သူ သူများလုပ်သမျှ လုပ်ယောင်သူတွေဖြစ်ပါတယ်။ ဥရောပက သူတွေက လည်း Burma လို့ ပဲသိပါတယ်။ Myanmar က ပိုကောင်းသည်ဖြစ်စေ၊ Burma က ပိုကောင်းသည်ဖြစ်စေ အာဏာရှင်ဆန်ဆန် လုပ်ချင်တာ လုပ်ထားတာ ဖြစ်လို့  လက်မခံပါ။
ReplyDeleteRegards "မတူတာတာတွေဖယ်/တူတာတွေပေါင်းလုပ်ကြမယ်ဆိုပြိံး. ,စ တာနဲ့ လွှတ်တော်မှာ ကျမ်းကျိန်တာနဲ့ စ ကန့်လန့်တိုက်တော့တာဘဲ။မရတော့ လျှော့ပြိံးလိုက်ရတာဘဲ, အခုလဲ ဒိံလိုဘဲ နဲနဲလေးတော့ ကန့်လန့်လိုက်ရ မှ ,ကြာရင်အကျင့်ပါသွားပါမယ်"
ReplyDelete: မတူတာတွေဖယ်တူတာတွေပေါင်း ဆိုရင်တော့ ဘာမှကျန်မှာမဟုတ်ဘူး
မြန်မာ ။ ဗမာ ဘာမှသိပ်မထူးခြားဘူး။ အဓိက က စိတ်ဓါတ်တွေပြင်ကြဖို့ပဲ။ အကျင့်တွေပြင်သင့်တယ်။ စည်းကမ်းရှိကြပါ။ စည်းကမ်းလိုက်နာကြပါ။ နိုင်ငံတိုးတက်ဖို့ဆိုတာ လူတိုင်း စည်းကမ်းလိုက်နာတတ်တဲ့ စိတ်တွေရှိမှဖြစ်မှာပါ။ အထက်ကလူတွေပြောချင်တာပြော အောက်ကလုပ်ချင်တာလုပ် ပြောတဲ့လူကလည်း ပြောပြီးမလုပ်ပြနိုင်ဘူး လုပ်နိုင်အောင်လည်းမလုပ်ဘူး အပြောပဲရှိတယ် အောက်ကလူတွေကလည်း နားမလည်တစ်ဝက်လည်တစ်ဝက်နဲ့ အခွင့်အရေးဆိုတာ ရပြီဆိုတာနဲ့ ဘာမှသေချာမစဉ်းစားပဲ ငါ့မှာအခွင့်အရေးရှိတယ် ဆိုပြီး အကုန်လျှောက်တောင်း ဖြစ်နိုင်လားမဖြစ်နိုင်လားမသိတော့ဘူး ဖြစ်နိုင်တဲ့အချိန်ကိုလည်းမစောင့်ကြတော့ဘူး... မြန်မာနိုင်ငံဒီလောက်အကြွေးတွေထူနေတာ သူတို့မသိဘူး အထက်ကလည်း လုပ်ချင်တာပဲရှိတယ် နည်းစနစ်ကလည်း ရှေးမင်းတုန်းမင်း ခေတ်က အတွေးအခေါ်တွေနဲ့ ဘယ်လိုလုပ်ပြောင်းလည်းမှာလည်းမသိ သူတို့လုပ်တယ်ဆိုတာကြီးက ငါတို့လုပ်တယ် ဆိုတာကိုပဲပြချင်တာ ဘာအနစ်သာရမှမရှိဘူး ခနနေရင် သူတို့လုပ်ထားတဲ့ဟာက ကွမ်းတံတွေးထဲနစ်သွားတာပဲ ထိန်းသိမ်းမှုလည်းမရှိဘူး ကိုယ့်လုပ်တဲ့အလုပ်ကိုတန်ဖိုးမထားကြဘူး စနစ်တကျလည်းမလုပ်ဘူး ရေရှည်မစဉ်းစားကြဘူး အခုလုပ်လို့ဖြစ်သွားရင်ပြီးတာပဲဆိုတဲ့အဓိပါယ်နဲ့ ပြီးတော့ ၀န်ကြီးတစ်ခုနဲ့တစ်ခုလည်း အဆက်သွယ်မရှိကြဘူးထင်ပါတယ်...
ReplyDeleteချောချော ကြေးမုံ ရဲ့ သဘောထားကိုထောက်ခံပါတယ်
ReplyDeleteကျနော်လဲ အဖွဲ့ချုပ်ကိုထောက်ခံမဲပေးသူပါ ဒါပေမည့်
ဒေါ်စုကိုထောက်ခံ တဲ့အခါ မျက်စေ့စုံ မှိတ်ပြီး ဘာလုပ်
လုပ် မှန်တယ်ဆိုပြီးထောက်ခံလေ့မရှိပါ ဒေါ်စုမရှိလျှင်
ဒီမိုကရေစီမရှိနိုင်ဆိုတာလဲထောက်ခံပါတယ် ဒေါ်စုကိုအားကိုးရမယ် ယုံကြည်ရမယ်ဆိုတာလဲ သဘောတူ
ပါတယ်ဟိုတခါ လွှတ်တော်မတက်တုံးကလဲ
သဘောမတူပါနောက်တော့ သူ့အမှားသူသိပြီးပြင်သွား
ပါတယ် ခုတခါလဲလာပြန်ပါပြီ လွှတ်တော်မှာဖွဲ့
စည်းအုပ်ချုပ်ုပံအခြေခံဥပဒေကိုလေးစားလိုက်နာပါ့မယ် ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကတိသစ္စာပြုပြီး
မှ ဒီတခုတော့ မလုပ်နိုင်ဘူးဆိုတာတော့ ခလေးဆန်ပါတယ် ခုဖြစ်နေတာတွေကို ဘက်မလိုက်ပဲ
သုံးသပ်မယ်ဆိုရင် မကောင်းဘူးလို့မြင်ပါတယ် ကိုယ်
ထင်ရာကိုယ် ကြိုက်ရာလုပ်တယ်ဆိုတာ အာဏာရှင်ပါ
လိုက်နာပါ့မယ် ဆိုပြီးမလိုက်နာတာကတော့ ဘယ်သူကလက္ခံမှာလဲ မကြိုက်ဘူးဆို ဘောင်ထဲ
ကပြင်ဘို့ပဲရှိပါတယ် ဥပဒေပြုပြီးဖြစ်လို့ ဥပဒေနဲ့
ဆန့်ကျင်ပြီးကြိုက်သလိုလုပ်ခွင့်မရှိပါ ကိုယ်ကစံပြဖြစ်
ရပါမည် ဒီမိုကရေစီမှာ ဒီလိုလုပ်ခွင့်ရှိပါသလား ဖွဲ့ပုံ
မကြိုက်ရင်ပါတီမထောင်နဲ့ ဒါပေမည့်ထောင်တယ်
ရွေးကောက်ပွဲမ၀င်နဲ့ ဒါပေမည့် ၀င်တယ် အစက
စာသားမကြိုက်လို့ ကျမ်းမကျိန်နိုင်ဆိုတယ် ပြီးတော့
လိုက်နာပါ့မယ်ဆိုပြီးကျိန်တယ် ကျိန်တဲ့အခါမှာ ချွင်း
ချက်နဲ့ကြိမ်တာမဟုတ်ပါ ဒါမျိုးခဏခဏ ဆိုမကောင်းပါ
Chaw chaw Kyee hmone is right,I agree with that comment.အပေါ်ဆုံးက ဒုတိယ တစ်ယောက်ရေးသလိုဘဲ ဒေါ်စု ကိုဝေဖန်လိုက်တာနဲ့ အမှားအမှန်မစဉ်းစားတတ်တော့ဘဲ ဒေါ်စုဘဲအမှန် လုပ်နေကြတာတွေက ဒေါ်စုကိုချောက်ထဲ မရောက်ရောက်အောင်တွန်းပို့နေတာ။NLD မှာက လဲဒေါ်စု သာမရှိလို့ကတော့ သွားပြိံ။အဆိုတော်ဇေယျာသော်ဘဲ ဆက်ဥိံးဆောင်ရမယ်ထင်တယ်။
ReplyDeleteအဓိပယ်ကရှင်းနေပြိံးသား,,,,,ဗမာ ကလူမျိုးတွေထဲကတစ်စု,မြန်မာက.လူမျိုးအားလုံးပေါင်းခေါ်ထားတာ။မြန်မာနိုင်ငံ ကအမှန်ဆိုတာ ၅တန်းကလေးက အစ သိနေတာ။အဲဒါကို ဒေါ်စု ဒါဘဲဆိုတာနဲ့ လိုက်ဒါဘဲလုပ်နေကြတာ....။ဒိံလိုနဲ့အကုန်ရူးကြမှာဘဲ
ReplyDeleteအခြောက်တိုက်ငြင်းမနေကြပဲ ဦးနှောက်လေးသုံး ဒါလေးဖတ်ကြည့်လိုက်ကြ။
ReplyDeletehttp://www.thithtoolwin.com/2012/07/blog-post_6400.html
Dear Irrawaddy,
ReplyDeleteThank you for the opinion poll result on the name of our country.
The result clearly shows that our people still want to use our country’s name as “Burma”.
Long live “Burma”!
Please try to take another opinion poll on “The Constitution of the Republic of the Union of Myanmar (2008)” whether it is acceptable or not, as I doubt the results claimed by the then military government that it was agreed by the (92.48%) of the voters.
I also wish you to take the opinion poll on the capital of Burma which one is preferable either “Nay Pyi Taw” or “Rangoon”.
To me, Forever Burma as a Country and Forever Burmese as a Nationality.
ReplyDeleteIf Myanmar is name of Country then how to say our Nationality.
If no clear answer, go back to Burma and Burmese.
This is the burmese people desire.
ReplyDeleteJust click the link below
http://blog.irrawaddy.org/2012/07/burma-myanmar_03.html
This is the burmese people desire.
ReplyDeletehttp://blog.irrawaddy.org/2012/07/burma-myanmar_03.html
ဘာကိုဖင်ပိတ်ငြင်းနေကြတာပါလိမ့်။ အပေါ်က Results ကရှင်းနေတာပဲကို။
ReplyDeleteဒီမယ် မောင်မင်းတို့၊ မယ်မင်းတို့ ...ကျုပ်တို့နိုင်ငံ ကို 'ဘားမား' ပဲခေါ်ခေါ်၊ ' မြန်မာ' ပဲခေါ်ခေါ်၊ ၁၉၆၂ ခုနှစ်ထဲက စ, ပြီး ဘဝပျက် ဆင်းရဲ မွဲတေ လာဒါ၊ အခုမှ ပြန်လည်ဦးမော့မယ် ကြံရုံ ရှိသေးတယ်။ ခွေးဟောင်တိုင်း ထ, ကြည့်နေယင်၊ ကိုယ့်လူတို့ အိပ်ရေးပျက်ရုံ ရှိမှာပေါ့။ တရုတ်တွေဆို "ဘားမား" လည်း မသိဘူး၊ "မြန်မာ" ဆိုလည်း '"နိုး" တဲ့၊ 'မင်းဒင်' ဆိုမှ 'ဗမာလူမျိုး' ဆိုဒါသိတယ်။ ကျုပ်တို့လည်း 'ချိုင်းနီးစ်' ကို 'တရုပ်' လို့ခေါ်၊' ပေါက်ဖေါ်' လို့ခေါ်လို့ခေါ်။ 'အင်ဒီယား' ကို 'ကုလားပြည်' လိုခေါ်။ 'ထိုင်း' ကို 'ယိုဒယား' လို့ခေါ်။ 'အင်္ဂလိပ်' ကို 'ဗြိတိသျှ' လို့ လုပ်။ 'ဘားမား' က, နေ 'မြန်မာ' ဖြစ်တော့ ဘယ်သူမှ မအော်ရဲကြဘူး၊ 'မြန်မာ' က 'ဘားမား' လည်းကြရော၊ အသံသေး အသံကြောင် နဲ့ ထ, အော် လိုက်ကြဒါ၊ ကိုယ့်လူတို့ ကြားဘူးမှာပါ "ကမ္ဗောဒီးယား" ကို "ကန်ပူချား" လို့ပြောင်းပေမဲ့၊ 'ခမာ' (သို့) 'ခမင်' လို့ခေါ်လည်း၊ ထ, မအော်ဘူးဗျ။ ထိုနည်းတူ "ဂျပန်" တွေရဲ့ 'နိပွန်' နဲ့ 'နိဟွန်' မှာလည်း၊ အေးေးဆေးဆေးပါပဲ။
ReplyDeleteလောလောဆယ်တော့ အလုပ်မရှိ အလုပ်ရှာ တဲ့ ဦးတင်အေးကြီး ဘာပြန်ပြောရမှန်း မသိတော့ ပုဇွန်ဦးနှောက် အဖွဲ့ နဲ့  ပြန်တိုင်ပင်နေတယ်။ ပုဇွန်ဦးနှောက်တွေက Myanmar ဆို မင်းတို့ လည်း Myanmar ပေါ့ကွာ။ ဒါက ဗမာ/ မြန်မာ နဲ့  ဘာမှ မဆိုင်ဘူး။ ရှင်းရှင်းလေးကို လာရှုပ်နေတယ်။
ReplyDeleteBurma and Myanmar အတူတူပါပဲ ကွယ်တို့ရေ အောက်ပါလင့် ကို ဖတ်ရင် ရှင်းကြပါလိမ့်မည်။
ReplyDeletehttp://www.lankamsma.org/2011/12/blog-post_9472.html#links
ဒါ မိုက်တီး ရဲ့ ရိုက်ချက် ပဲ။ဒီလိုတွေဖြစ်စေချင်လို. ဒီလိုတွေ ညစ်ပတ်ခဲ့ အမွေဆိုးတွေချန်ထားခဲ့တာပဲ။ကျုပ် တို့အားလုံးဟာ ပုဒ်မဆိုးတွေ နဲ. နဖါး ထိုးခံရပြီး၊ညစ်ပတ်တဲ့ ဥပဒေ ချီတိုင် တွေ မှာ ချီနှောင် ထားခံခဲ့ကြရတာပဲ။ ဒါ သပ်လျှို ထားတာ၊ အဲဒီ အထဲမှာ ဒါမျိုး တွေ အများကြီး။သတိ နဲ.စဉ်းစားဆင်ချဉ် သုံးသပ်ကြ။ကျေးဇူး ကို ကြေးမစွပ် မိကြစေချင်။
ReplyDeleteအနှစ်သာရရှိတဲ့ comments တွေကိုပဲတင်ပေးကြပါ၊ ဒီလို အချိန်ကုန် ငွေကုန်ပြီး ပြည်သူ စာဖတ်သူတွေအတွက် ကလေးကလားဆန်တဲ့ စာသားတွေကို မတင်ပါနဲ့၊ နိုင်ငံရေး ဗဟုသုတရစေမဲ့ စာတွေကိုပဲတင်ရင် အားလုံးအတွက်အကျိုးရှိပါတယ်၊ ဒီလို online ပေါ်က ကလေးလေးတွေအငြင်းပွားသလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုပဲရေးနေကြရင် ဒီမိုကရေစီ နဲ့မထိုက်တန်သေးပါဘူး.....အတွေးအခေါ်အယူအဆ အမြင်တွေ သဘောထားတွေကြီးကြီးနဲ့ ရင့်ကျက်အောင်လုပ်မှ ဒီမိုကရေစီကိုရဖို့ ထိုက်တန်မယ်ထင်ပါတယ်.......တဖက်စောင်းအမြင်နဲ့ အပျက်သဘောဆောင်တဲ့ comments တွေဟာ အောက်တန်းကျလွန်းမနေဘူးလား.......
ReplyDeleteကျနော်ဖတ်ကြည့် တာ တော့ ခင်ဗျား ကော်မန့် တစ်ခုကပဲ အောက်တန်းအကျဆုံးပါပဲ
မှန်ပါတယ်...အဲဒိ အောက်တန်းကျလွန်းမနေဘူးလား. လို့ရေးထားတဲ့. Comment ဘဲအဆင့်မရှိတာတွေရပါတယ်
ReplyDeleteMyanmar ဆိုတာ ပြည်သူဆန္ဒ မခံယူဘဲပြောင်းခဲ့တာ လို့ ပြောတော့ Burma ဆိုတဲ့ နာမည်ကကော ဘယ်ပြည်သူ့ ဆန္ဒခံယူပြီး ပေးထားတာမိုလို့လဲ .. အင်္ဂလိပ်တွေ ပေးချင်သလို ပေးသွားတဲ့နာမည်ပဲလေ.. Irrawaddy ရဲ့ဆန္ဒမဲကောက်ခံမှုက အစစ်အမှန်ကို မဖေါ်ပြနိုင်ဘူး ဘာလို့လဲဆိုတော့ လူတွေက ဒေါ်စုကို ဘက်လိုက်စိတ်နဲ့ Burma ကို Vote ခဲ့ကြတာပဲ.. အဖြစ်မှန်ကို သိချင်ရင် သုဝဏ္ဏကွင်းကို သွားကြည့်ပါ.. ပရိတ်သတ်ထဲက လူတန်းစား ပေါင်းစုံက မြန်မာဟေ့ လို့ပဲအော်ပါတယ် ဘယ်သူမှ Burma ကွ လို့ မအော်ဘူး.. ကျွန်တော် ကိုယ်တိုင်က အင်္ဂလိပ်ပေးတဲ့ Burma ဆိုတဲ့ နာမည်ထက် မြန်မာအသံထွက်ဖြစ်တဲ့ Myanmar ဆိုတာကိုပဲ ကြိုက်တယ်.. တဘက်မှာ Burma လို့သုံးတဲ့လူတွေကိုလဲ ပြသနာ လိုက်ရှာနေစရာ မလိုဘူးလို့ ယုံကြည်တည်.. ကိုယ်တိုင် တတ်နိုင်သ၍ Myanmar လို့သုံးပြီး လိုအပ်မှ Burma လို့သုံးတယ်.. ပြောချင်တာက မြန်မာနိုင်ငံမှာ Myanmar/Burma ပြသနာ ထက်များစွာ ကြီးမားတဲ့ အရေးကိစ္စတွေ ညှိနှိုင်း ဖြေရှင်းရမှာတွေ ရှိနေပါတယ်.. ဒီနိုင်ငံနာမည် ပြသနာလေးမှာတောင် တစ်ဖက်နဲ့ တဖက် ပြေလည်အောင် မညှိနှိုင်းနိုင်တဲ့ NLD နဲ့ အစိုးရ
ReplyDelete