Pages
Friday, September 21, 2012
သမ္မတ ဦးသိန်းစိန်ကို တရုတ်နိုင်ငံက ဒေါက်တာဘွဲ့ အပ်နှင်း
 ဓာတ်ပုံ-  MNTV
အမေရိကန် ပြည်ထောင်စုကို မသွားမီ ၃ ရက်တာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ကို စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ် ချီးမြင့်ခဲ့ပါတယ်။ 
အခုလို ပေးအပ်လိုက်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီ အစဉ် 
ကြောင့် ဖြစ်တယ်လို့ Sky Net ရုပ်သံ သတင်းတခုမှာ ယမန်နေ့ညနေပိုင်းက ထုတ်လွှင့်သွားခဲ့ပါတယ်။ 
သမ္မတ ဦးသိန်းစိန်က အခုလို တရုတ်နိုင်ငံက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်တဲ့ အခမ်းအနားမှာ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့တာကိုလည်း Sky Net က ထုတ်လွှင့်ပြသွား ခဲ့ပါတယ်။ 
အခုဆိုရင် သမ္မတကြီးလည်း  ဒေါက်တာ ဦးသိန်းစိန် ဖြစ်သွားခဲ့ပါပြီ။ 
တချို့ ဝေဖန်သူတွေက မကြာသေးမီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခဲ့တာမို့ တရုတ်နိုင်ငံကလည်း အခုလို အပြိုင်အဆိုင်အားဖြင့် မြန်မာ သမ္မတ ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းတာဖြစ်တယ် လို့ ထောက်ပြပြောဆိုနေကြပါတယ်။
7 comments:
  1. ဗမာလူမျိုးတစ်ယောက် ဒေါက်တာဘွဲ့ ရတာဂုဏ်ယူစရာပါ၊ ဒါပေမဲ့ တရုတ်ကြီး ဗမာနှစ်ယောက်ကြားခြေထိုးနေတာကိုအမျိုးသားရေးသတိရှိဖို့ လိုပါတယ်။ ဥပမာ တရုတ်ကွန်မြူနစ်ပါတီက NLD ခွဲထွက် NDF ကိုမျက်နှာသာပေး ဆက်ဆံနေတာတွေဟာထင်ရှားတဲ့သာဓကပါ။ စည်းလုံးခါစ ဗမာလူမျိုးတွေကြားတရုတ်ကြီး ကန့် လန့် ကန့် လန့် ပါနေတာ သတိထားပြီး အရေးကြီးတဲ့ အချိန်မို့  သွေးစည်းကြပါစို့ ။
    ReplyDelete
  2. Youngyithit ပြောတာထောက်ခံပါသည်၊ နိုင်ငံ တကာစီးပွားရေးပိတ်ဆို့ မှုတွေကြောင့် မြန်မာ့ သယံဇာတ တွေအားလုံးနီးပါက တရုတ် ကပဲ ဈေးပေါပေါနဲ့ယူခဲ့တာ အနှစ်(၂၀)ကျော်ခဲ့ပြီလေ၊ သူရဲ့ခေတ်မမှီတော့တဲ့လက်နက်ဟောင်းတွေလဲ မြန်မာကိုပဲ ညာရောင်းလို့ရတာလေ၊မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှာတစ်ရက်လောက်ထိုင်ကြည့်နေရင်ပဲအဖြေကပေါ်ပါတယ်။တရုတ်ကိုထွက်သွားတာ နိုင်ငံရဲ့ အဖိုးတန်သဘာဝအရင်းအဖြစ်အသီးအပွူုင့်တွေပါပဲ၊ တရုတ်ကပြန်ဝင်လာတော့ ပလပ်စတစ်၊သံ စတာတွေနဲ့ပြုလုပ်ထားတဲ့ အပေါ်ယံရေပေါ်ဆီတွေပဲပြန်ဝင်လာတာရင်နာစရာပါ။အခုလိုနိုင်ငံတကာနဲ့မြန်မာခေါင်းဆောင်တွေပြေလည်လာမှာ ကိုတော့ သူ့စားပေါက်ပျောက်မည်ဖြစ်သည့်အတွက်ဘယ်လိုမှရပ်ကြည့်နေမယ်မထင်ပါဘူး၊ ဒါကြောင့်တရုတ်သွေးခွဲတာမခံရဖို့မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအထူးသတိရှိဖို့လိုအပ်မည်ထင်ပါသည်။
    ReplyDelete
  3. ဟိုတေး..ကိုယ်ကလဲ အားကျမခံ၊ လူပျိုကြီးဘဲ လုပ်တော့မယ်...ဆိုတာ ဒါမျိုးထင်ပါတယ်။ ဒါပေမယ့် တရုတ်ပစ္စည်းဆိုတော့......စစ်မှစစ်ပါ့မလားဗျာ။ သူများတွေပြောနေမှတော့ ဒေါက်တာ သိန်းစိန်တော့ ဖြစ်သွားပြီပေါ့ဗျာ။ အဲ..တော်ကြာ..တရုတ်ကြီးဆိုတော့ ဒေါက်ဖြုတ်ဖြစ်နေ အုန်းမယ် ကြည့်ထား။
    ReplyDelete
  4. အထက် ကွန်မင့်ကို အပြည့်အ၀ သဘောတူပါသည်။
    ReplyDelete
  5. ပေါက်ဖေါ်September 21, 2012 at 11:00 PM
    ဒီဒေါက်တာတုလောက်ကတော့အီပျော့ပေါ့
    ReplyDelete
  6. အရမ်း ..အရမ်းကို လွှတ်စ် နေတယ်။ တရုတ်တို့ လိုက်ပြီး အတုခိုးပုံများ...
    ReplyDelete
  7. တရုတ် နိုင်ငံရဲ့လုပ်ရပ်တွေကတော့သတိထားဖို့ကောင်း
    နေပါပြီး
    ReplyDelete