![]() |
တုန့်ပြန်သူ အများစုကတော့ သူ့ကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ၀င်ပါစေချင်ပုံမရပါဘူး။
တုန့်ပြန်သံတွေကို သူလည်း ကြားလိုက်ပုံပါပဲ။
ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့မှာ The Messenger ဂျာနယ်က သူ့ကို မေးမြန်းရာမှာ သူက သူဆိုလိုတဲ့ အမျိုးသားနိုင်ငံရေးအကြောင်း ရှင်းပြလိုက်ပါတယ်။
''အမျိုးသားနိုင်ငံရေး လုပ်မယ် ဆိုတာကို လျှောက်ဖွတာမျိုး မီဒီယာတွေက ရေးကြတယ်။ အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး - ပါတီနိုင်ငံရေး မလုပ်ဘူးလေ။
နိုင်ငံရေးသမားတွေကလည်း ကျွန်တော် နိုင်ငံရေးလုပ်မှာ သိပ်ကြောက်နေကြသလား မသိဘူး။ အခုလည်း အမျိုးသားနိုင်ငံရေး လုပ်နေတာပါ။
အဓိပ္ပာယ်ကို ဘယ်လိုယူဆကြလဲ။ ကျွန်တော် လူမှုရေး ဘာသာရေးတွေပဲ လုပ်မယ်။ ကျန်တာမလုပ်ဘူး'' လို့ ဦးခင်ညွန့်က The Messenger ဂျာနယ်ကို ပြောပါတယ်။
လူမှုရေး ဘာသာရေးတွေပဲ လုပ်ဆောင်နေတဲ့ အမျိုးသားနိုင်ငံရေးသမား ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတာ တနှစ် ပြည့်ပါတော့မယ်။
ဦးခင်ညွန့်က ၈ နှစ်လောက် အထိန်းသိမ်းခံခဲ့ရသူပါ။ အပြင်လူတွေ အသေးစိတ်သိဖို့ ခက်ခဲတဲ့ စစ်အစိုးရအဖွဲ့အတွင်း အားပြိုင်မှုတွေရဲ့အကျိုးဆက်အဖြစ် အထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ယူဆရပါတယ်။
တာဝန်ကနေ အနားမယူရခင်ကတော့ သူဟာ နိုင်ငံရေးသမားတွေကို အစွမ်းကုန် နှိပ်ကွပ်ခဲ့တဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ကြီးကို အနှစ် ၂၀ ကျော် တာဝန်ယူ ညွှန်ကြားခဲ့သူ ဖြစ်ပါတယ်။
ဆက်စပ် -
ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို

အန်အယ်ဒီပါတီကို ပါတီနိုင်ငံရေးလုပ်တယ်ဆိုပြီး ရစရာ မရှိအောင် ပုတ်ခတ်ခဲ့ကြတဲ့ စစ်အစိုးရဗိုလ်ချုပ်ကြီးများဟာ လူမှုရေးအဖွဲ့အစည်းပါလို့ တစ်လျှောက်လုံး ပြောလာခဲ့တဲ့ ကြံ့ဖွတ်အဖွဲ့ကြီးကို တခြားပါတီများကို အငိုက်ဖမ်းပြီး နိုင်ငံရေးပါတီအဖြစ် ရုတ်တရက် ပြောင်းလိုက်ပါရောလား။
ReplyDeleteကြိုတင်ပြီး ဆင်ကြံ ကြံထားတဲ့သူများပီပီ ငွေအား၊ အာဏာလက်ရှိအားတွေနဲ့ အစွမ်းကုန် ညစ်ပတ်ပြီး မဲခိုးကြတာ တံဆိပ်တွေ ကြယ်ပွှုင့်တွေ ချိတ်ထားတဲ့ ယူနီဖောင်းတွကိုမှ အားမနာ။ လက်ကျန်သိက္ခာလေးတွေ ကုန်ပါရောလား။သူတို့ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ ပါတီနိုင်ငံရေးဆိုတာ အဲဒါ ထင်ပါရဲ့။
ဗိုလ်ခင်ညွန့်တို့ တစ်ချိန်က အမျွှမ်းတင်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးဆိုတာကြီးက မြောင်းထဲရောက်နေတာ ကြာပါပြီ။
အခုတော့ သူက ပါတီထောင်လဲ မဲမရ၊ လူထုက မထောက်ခံမှာ သိတော့ ဘာသာရေးယောင်ယောင်၊ လူမှုရေး ယောင်ယောင် လုပ်နေတာကို အရှက်ပြေ ဟိုစဉ်က သုံးစွဲခဲ့တဲ့ စကားလုံးဟောင်းကြီးကို ဖုတ်ဖက်ခါပြီး ပြန်သုံးနေပြန်ပါပကောလား။
ကြံ့ဖွတ်အဖွဲ့ကြီး တစ်ဆစ်ချိုး ကွေ့ချုလိုက်တော့ နိုင်ငံရေးသုခမိန်ရှေ့ဖြစ်ဟောဆရာကြီးများဖြစ်ကြသော မောင်စူးစမ်းတို့၊ ကျော်ဝင်းတို့ဆိုတာ ပါးစပ်အဟောင်းသားနဲ့ ဘာပြောရမှန်း မသိအောင် မင်သက်မိသွားကြတာပေါ့။
ReplyDeleteဂတ်စတာဗို ခေါင်းဆောင် ဟင်မလာ နဲ့ တောင်တင်စား နှိုင်းယှဉ်လို့ရအောင် ကြောက်စရာကောင်းလတဲ့ ဦးခင်ညွန့်တယောက် ပြည်သူတွေကို ဘယ်လိုမျက်လဲ့ပျ လှဲ့ဖျားအုံးမလဲမသိဘူး။ သူ လုပ်တဲ့ ဘုရားတရား တွေ လူမှုရေးတွေ ကုသိုလ်ကောင်းမှုတွေက သူ့အကုသိုလ်တွေကို ချေဖျက်နိုင်မယ်လို့ အထင်ရောက်နေသလား မသိဘူး။ ဦးခင်ညွန့်ကြီး ကျန်းမား ချမ်းသာ ပါစေဗျာ။ ကုသိုလ်အလုပ်တွေကို ဒီထက်မက စထက်တပိုးလုပ်နိုင်ပါစေလို့...
အရှက်ပြေလျှောက်ပြောနေတာပါ....သူ့ဟာသူသိပါတယ်...ဗိုလ်ခင်ညွန့်တို့ လုပ်ခဲ့သမျှတွေဘာတေ၊ွဘယ်လောက်အောင်မြင်ခဲ့တယ်...ပြည်သူတွေအတွက်ဘယ်လောက်အကျိုးရှိခဲ့တယ်ဆိုတာ..ကိုယ့်ဟာကိုယ်အသိဆုံးနေမှာပါ...ဘာအမျိုးသားနိုင်ငံေ၇းမှမလုပ်၇င်အကောင်းဆုံးပါဘဲ.......ရှက်တတ်၇င်လဲသေဘို့ကောင်းပါတယ်
ReplyDeleteမူ နဲ့ လူ ကိုခွဲခြား မြင်ပါ။
ReplyDeleteလက်နက် ကိုင်ပြီးတော်လှန်တဲ့ လူကိုတောင် ခွင့်လွတ်ခဲ့
တာဘဲ။ပြည်သူ တွေဆုံးဖြတ်ပါလိပ်မယ်။
မူ နဲ့ လူ ကိုခွဲခြားမြင်ပါ။အခုလူတွေရော အရင်က ကောင်း
ReplyDeleteလို့ လား။လက်နက်ကိုင် တော်လှန်ရေး သမား တွေ နဲ့ လက်
တွဲလုပ် နိုင်သေး တာ ဘဲ။ပြည်သူ ကဆုံးဖြတ်ပါလိပ် မယ်။
ပြည်သူ တွေမ အ ကြပါဘူး။
မတင်ရဲရင်လည်း ကော်မန့် မတောင်း နဲ့ ။
ReplyDeleteI don't think his where-about and what-about should be on media anymore.
ReplyDeleteHe is disgraceful, dishonest, cruel and did nothing but atrocious to all students and Myanmar People.
His bad performance outweigh his negligible fair performance.
He does not have any actual military experience and just grow his power and status out of eavesdropping and ' sneaking business ' of people of Burma. Because of him, good reputation of Myanmar tarnished a lot.
Please donot mention about him anymore in media.
ReplyDeleteအရှက်တရားကလဲ အဲမတန်ကင်းမဲ့
သူတပါးအပေါ်မတရားရက်စက်တတ်တဲ့ ဦးဏှောက်ကလဲ အလွန်ထက် ၊
ညဏ်နီညဏ်နက်ကလဲ အလွန်များတဲ့
ဗိုလ်ခင်ညွန့်တယောက် ဗီလိန်နေရာကနေ မင်းသား
နေရာကိုပြောင်းလို့ ပြည်သူရှေ့ ထက်ပြီး ကပြအသုံးတော် ခံချင်သေးတယ်ထင်ပါရဲ့။ အေးအေးစေးစေးသာ ဘုရားတရားလုပ် ရိက္ခာယူလို့ နေလိုက်ပါတော့ ဗိုလ်ခင်ညွန့်ရေ ဒီတခေါက်ဆို တမိသားစုလုံး ဒုက္ခဆိုးကြီးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်နော့။
နံမည်ကသေသွားတာကြာပါပြိ အဖတ်ဆယ်ဖို့ကြိုးစားလည်းအပိုပဲ။
ReplyDelete