Pages

Tuesday, November 6, 2012

တပ်မတော်က နိုင်ငံကာကွယ်ရေးကို ဦးစားပေးသင့်သည်

~ 







ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ စစ်တွေမြို့မြင်ကွင်းတခု  (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
ရခိုင်ဒေသ ပဋိပက္ခ ကိုင်တွယ်ရာမှာ စစ်တပ်က အခြေခံဥပဒေ နဲ့  အမှန်တရားဘက်က ရပ်တည်မယ်လို့ တပ်မတော်အာဘော်သတင်းစာ မြ၀တီက ဒီနေ့ ရေးလိုက်ပါတယ်။

ဆောင်းပါး ရည်ရွယ်ချက်က ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။

တချက်တချက် ၀င်လာတဲ့ ကြော်ငြာက အခြေခံဥပဒေကို ကာကွယ်ရေး ဖြစ်နေတာ သတိထားမိမှာပါ။

အခြေခံဥပဒေကို ဘာကြောင့် ကြော်ငြာဝင်နေရတာလဲ။

မြ၀တီမီဒီယာရဲ့ ရည်ရွယ်ချက်က   - ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်၊ စည်းရုံးရန် ဆိုတော့ ဘာကြောင့် ကြော်ငြာဝင်နေလဲ ရှင်းနေပါတယ်။ အခြေခံဥပဒေကို မထိ မတို့ကြဖို့ စည်းရုံး၊ ၀ါဒဖြန့်နေတာပဲပေါ့။

အာဘော်ဆောင်းပါးနိဂုံးကို ကူးယူ ဖော်ပြလိုက်ပါတယ်။ (အပြည့်အစုံကိုတော့ http://www.myawady.com.mm/post/post2/truth-military မှာ ဖတ်နိုင်ပါတယ်။)

"တပ်မတော်သည် အခြေခံ ဥပဒေနှင့် အမှန်တရား ဘက်တွင်သာ အခိုင်အမာ ရပ်တည် နေမည် ဖြစ်ပါသည်။ အများ ပြည်သူ လိုလားသည့်  ဒီမိုကရေစီ လမ်းကြောင်းကို ဆူပူ အကြမ်းဖက်မှု များကြောင့် မထိခိုက် စေရန်၊ တည်ငြိမ် အေးချမ်း ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဒေါက်တိုင် နှစ်ခု  မြဲမြံ နေစေရန် တို့အတွက် ဝေဖန်ရေး သက်သက်သာ ဆောင်ရွက် နေကြမည့် အစား ရခိုင် ပြည်နယ် အတွင်းမှ တာဝန်ရှိ အဖွဲ့ အစည်း များနှင့် အမြန်ဆုံး ပူးပေါင်း ဆောင်ရွက် သင့်ပြီ ဖြစ်ပါကြောင်း ရေးသား ဖိတ်ခေါ် ရပါသည်"

လက်ရှိ အခြေခံဥပဒေအတိုင်း ဆက်သွားရင် ရွှေရည်စိမ်ဒီမိုကရေစီပဲ ရမယ် ဆိုတာ အတော်များများက သိနေကြပါပြီ။
ပြင်လို့မရအောင် လုပ်ထားတဲ့၊ ဒီမိုကရေစီကို အသရေဖျက်ထားတဲ့ ဒီ အခြေခံဥပဒေကို မထိမတို့ဖို့ စစ်တပ်က ပြောနေတာတော့ အံ့သြစရာ မရှိပါဘူး။ သို့သော်လည်း အခြေခံဥပဒေကို လေ့လာထားသူတွေ ဘယ်လို တုန့်ပြန်ထားကြတယ် ဆိုတာကို စစ်တပ်က လျစ်လျူရှုဖို့ ကြိုးစားရင်တော့ မှားပါလိမ့်မယ်။

မြ၀တီမှာဒီနေ့ ရေးထားတဲ့ ဒီဆောင်းပါးကတော့ ပဋိပက္ခတခု အရင်းပြုပြီး အခြေခံဥပဒေကြော်ငြာဝင်နေတာပါပဲ။
ပြည်သူ လေးစားတဲ့ တပ်မတော် ဖြစ်ရေး ကြိုးစားနေတယ် ဆိုရင်တော့ ကိုယ့်လေသံကို ကိုယ်ဂရုစိုက်ဖို့ လိုပါတယ်။
ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပြည်သူက တပ်မတော်ကို အားကိုးချင်မှာပါ။ တပ်မတော်သားတွေ စစ်လည်းတိုက်၊ လုံခြုံရေးတာဝန်လည်းယူ၊ အရပ်ဘက်အုပ်ချုပ်ရေး နိုင်ငံရေးမှာလည်း အဓိကတာဝန်တွေယူတာမျိုးကိုတော့ ဘယ်နိုင်ငံမှာမဆို ပြည်သူတွေက မြင်လိုမယ် မဟုတ်ပါ။

မြန်မာပြည်မှာလည်း တပ်မတော်က နိုင်ငံရေးကနေ ခပ်ခွာခွာ နေမယ်ဆိုရင် နိုင်ငံကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးအလုပ်တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။




 











- -

6 comments:

  1. စစ်ကျွန်ပြုစနစ်ကြီးကို တရားဝင်အောင်လုပ်ထားတဲ့ အခြေခံဥပဒေကို စစ်တပ်က ကြိုက်တာ ဆန်းသလား။ စစ်တပ်ဆိုပေမဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်းပြည်အဆီအနှစ်တွေကို ပါးဖြဲ နားဖြဲအုပ်နေတဲ့ သူတို့ နောက်မြီးဆွဲတွေက အဲဒါကြီးကို အသေဖက်တွယ်နေတာပါ။ စစ်သားအများစုကြီးကတော့ ပြောင်းလဲချင်နေပါပြီ၊သူတို့လဲ ကျွန်စုတ်တဲ့ သရက်စေ့လို လူမွေး လူရောင် မပြောင်တာ ကြာလှပါပြီ။ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့နေရာတွေမှာ စစ်သားတွေက အန်အယ်ဒီ မဲပေးကြတာ တစ်ခဲနက်။ကြံ့ဖွတ် ဦးဌေးဦးဆို လန့်တောင်သွားဆိုသကိုး။

    ReplyDelete
    Replies
    1. မှန်လိုက်တာဗျာ

      Delete
  2. တိုင်းပြည်က အခုလိုအချိန်မှာ စိံပွားရေး နလန်ပြန်ထူဘို့ဘဲ အာရုံစိုက်ကြပါ။ တို့မိံးရှို့မိံးလုပ်နေကြရမဲ့ အချိန်မဟုတ်သေးပါ။စိတ်မစောကြပါရန်

    ReplyDelete
  3. IN AMERICAN,ARMY MUST PROTECT THE CONSTITUTION ALSO IN BRINTAIN,CHINA,JAPAN,THAILAND,INDONESIA,SINGAPORE AND INDIA.IF THE MYANMAR HAVE
    NOT RIGHT TO PROTECT THE CONSTUTION AND LAW FROM OTHER COUNTRY WHO DOES NOT OBEY THE CONSTITUTION OF MYANMAR SUCH AS CHINA AND AMERICAN,THE ARMY SHOULD AGAINST THE CONSTITUTION ?

    ReplyDelete
  4. အစိုးရသတင်းစာတွေရေးတော့တပ်မတော်လို့ရေးတယ်

    အမှန်ကစစ်တပ်ကစစ်ဗိုလ်၊စစ်သားတွေအားလုံးစစ်တပ်အလုပ်မလုပ်ပဲ
    ဓါးပြအလုပ်လုပ်နေတာနှစ်ပေါင်းအတော်ကြာနေမှပေါ့။
    ဆိုတော့ကတိကျအောင်ရေးမယ်ဆိုရင်
    အမိန့်ရနိုင်ငံတော်ဓါးပြဂိုဏ်းလို့ရေးရင်ပိုမှန်မယ်။

    ReplyDelete
  5. မှန်ပါတယ် ခင်ဗျာ၊ အမေရိကန်အစရှိသော တိုင်းပြည်တွေက စစ်တပ်တွေက ဖွဲ့စည်းပုံကို ကာကွယ်ပါတယ်။
    မြန်မာပြည်မှာ ဖွဲ့စည်းပုံကို စ ပြီး ဖျက်တာလဲ စစ်တပ်ပါဘဲ။
    အခု တိုင်းပြည်ကို စစ်ဘိနပ်နဲ့ ရာသက်ပန်နင်းနိုင်ခွင့်ရအောင် ရေးဆွဲတာလဲ စစ်ဗိုလ်ချုပ်ကြီးများပါဘဲ။
    အမေ၇ိကန်ဥပဒေက ပြည်သူကို ကာကွယ်သော၊ ပြည်သူတို့၏ လူ့အခွင့်အရေးကို အာမခံသော ဥပဒေမို့ ကာကွယ်သင့်ပါသည်။
    ညောင်နှစ်ပင်ညီလာခံက လက်ညျှိးထောင်ခေါင်းညိတ်စစ်ထွက်နဲ့ လက်ပါးစေတွေ ဗိုလ်သန်းရွှေရဲ့ သေနတ်ပြောင်းအောက်မှာ ရေးတဲ့ နာဂစ်ဥပဒေက ပြည်သူကို ဖိနှိပ်တဲ့ စစ်အာဏာရှင်စနစ်ကိုသာ ကာကွယ်ပါတယ်။
    ပြည်သူတွေ မထောက်ခံပါ။ ဘယ်လို အတည်ပြုထားတယ်ဆိုတာတော့ စစ်သားတွေပီပီ မိန်းမဥာဏ်မသုံးဘဲ အမှန်အတိုင်း ၀န်ခံစတမ်းဆိုရင် ခင်ဗျားတို့ အသိဆုံးဖြစ်ပါလိမ့်မယ်။

    ReplyDelete