Pages
▼
Wednesday, November 7, 2012
လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ် သစ်
လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ်သစ် ထပ်လုပ်ပါပြီ။ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကူပွန်စနစ်နဲ့ မဲနှိုက်ရောင်းချပေးသွားမှာပါ။
ပြီးခဲ့တဲ့ မဟာလျှော့ဈေးအစီအစဉ်မှာတော့ နေပြည်တော်၊ ပျဉ်းမနားနဲ့ တောင်ကြီး ဆိုင်ခွဲတွေမှာ
တော့ အောင်မြင်ခဲ့ပေမယ့် ရန်ကုန်နဲ့ တခြားနေရာတွေ အောင်မြင်မှု မရှိပဲ ဖုန်း အလုံးရေ ၈၀ ကျန် ရှိနေခဲ့တာပါ။
အခုတော့ အဲဒီ Samsung Mini ဟန်းဆက် တယ်လီဖုန်း အလုံး ၈၀ ကို ကျပ် ၅ ထောင်နဲ့ ထပ်မံ ရောင်း ချပေးဖို့ အတွက် လူကြီးမင်းဆိုင်တွေကို လာရောက်ပြီး ကူပွန်မှာ အမည်၊ နေရပ်လိပ်စာတွေ ဖြည့် ကာ ပေးထားခဲ့ရမှာဖြစ်ပြီး မဲနှိုက်တဲ့ စနစ်နဲ့ မဟာလျှော့ဈေးမဲပေါက်သူကို ရောင်းချသွားမယ့် အစီအစဉ် သစ် ကို သတင်းစာမှာ ကြော်ငြာဖော်ပြထားပါတယ်။
မဲပေါက်သူအနေနဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှ လူကြီးမင်းဆိုင်တွေမှာ ၀ယ်ယူဖို့ အစီအစဉ် လုပ်လိုက်ပါ တယ်။
ယခင်တခေါက်ကတော့ လူကြီးမင်း ဖုန်းဆိုင်ကို မဟာလျှော့ဈေးအတွက်လာရောက်တန်းစီကြသူတွေ က ဒေါသအမျက်ထွက်ခဲ့ကြပြီး လုံခြုံရေး မထိမ်းနိုင် ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်ပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး လူကြီးမင်းလည်း ရှင်းခဲ့ရပါတယ်။

မမှတ်ပြန်ဘူး။ စိတ်ပိန်တယ်
ReplyDeleteလူကြီးမင်း ဆိုင် လုပ်တဲ.လုပ်ရပ်ဟာ ပြည်သူလူထုကို စော်ကားနေသလိုပါပဲ ၊ ဒီကောင်တွေငတ်နေကြတာ ၊ ဆင်းရဲနေကြတာ ၊ ငါပြန်ပေးလိုက်ရင် လာယူကြမှာပဲ လို.ထင်နေ တာလား ? ပွင်.ပွင်လင်းလင်းပြောရရင် ခင်ဗျားတို.ဆိုင် မှာလာတန်း စီ နေတဲ. လူအများ စုက ခင်ဗျားဆိုင်ကို သဘောကျလို. ၊ ခင်ဗျား တို.ကို အားပေးဖို.လာတာတယောက်မှ မပါဘူး ၊ ပြန်ရောင်းပြီး မိသားစု စားဝတ်နေရေး ဖြည်.ဆည်းဖို.လာတန်းစီတဲ.လူတွေကများတယ် ၊ ခင်ဗျားဘယ်ဘ၀ ကနေလာတာ လဲ ? ခင်ဗျားဆိုင် ဘာကြောင်. အောင်မြင်လာတာလဲ ? ရန်ကုန်သားတွေ တယောက်မှ ငတုံး ငအ တွေမဟုတ်ဖူး ဆိုတာခင်ဗျား သိပါတယ်၊ ခင်ဗျားရဲ.ပိုင်ဆိုင်မူ က ဘာမှ စာမဖွဲ.လောက်ပါဘူး ၊ ပြည်သူလူထုကိုအထင်မသေးပါနဲ. ၊ မတတ်နိုင်ရင် မပေးပါနဲ.၊ နံမည်ယူချင်ရင် ဒီထက်ချမ်းသာ အောင်အရင်လုပ်ပါအုံး လို.အကြံပြုချင်ပါတယ်။
ReplyDeleteသူတို့ လူ သူတို့ ဆွေမျိုးတွေဘဲ မဲပြန်ဖေါက်ပေးမှာပါဘဲ
ReplyDeleteလိမ်နည်းပတ်နည်းတွေကရိုးနေပြီ...
လူလိမ်ကြီးမင်း...တော်ပါတော့ ..