ကြေးနီစီမံကိန်း ရပ်တန့်ရေး လက်ပံတောင် သပိတ်စခန်း တခု၏ ဖျက်ဆီးမခံရခင် မြင်ကွင်း၊ ဓာတ်ပုံ- OpenSociety Monywa
သပိတ်ခေါင်းဆောင် ကိုဝင်းကျော့မှူးလည်း ရိုက်နှက်ခံရကြောင်း၊ သပိတ်စခန်း ၃ ခုကိုလည်း အစိုးရက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သပိတ်စခန်းရှိ ဆိုင်ကယ်များစွာလည်း ထားခဲ့ရကြောင်း၊ ကုမ္ပဏီရှေ့ သပိတ် စခန်းမှ ရဟန်းသံဃာ တချို့ ရိုက်နှက်ခံရကြောင်းနှင့် မုံရွာ ဆေးရုံကို သံဃာ ၁၇ ဒါဏ်ရာ များနှင့် ရောက်နေကြောင်း မုံရွာ ပွင့်လင်း လူ့အဖွဲ့အစည်းက တာဝန်ခံ တဦးက ဧရာဝတီကို ပြောသည်။

ပြည်သူတွေ ဒီပွဲမှာ ရှုံးသွားမှာ စိုးတယ်ကွာ... ဒေါ်စု ရဲ့ အဆိုတခုကြောင့်လဲ အစိုးရ ပိုအရေးတင့်လာတယ် လို့မြင်တယ်.... ကျနော် အဲဒီ အဆိုကို နဲနဲ တော့ ဝေဖန်ထားပါတယ်... http://kachinduwa.blogspot.com/2012/11/blog-post_28.html
ReplyDeleteဒိံပွဲ မှာ သမတကြိံး အလျှော့ပေးလို့ မရပါဘူး။ဒိံပွဲကို အလျှော့ပေးလိုက် ရင် နောက်ဆက်တိုက် မြစ်ဆုံ,ကြေးနိံတောင်တွေလို ပွဲတွေအများကြိံး ကြုံရမှာသေချာနေပါပြိံ။အဲဒါ တို့ ဗမာ ဆိုသလိုပါဘဲ။
ReplyDeleteလူတွေက လဲ ဆန္နပြရင် ,နိုင်ငံရေး လုပ်ရင် အရင်လိုထောင်မချတော့ဘူးဆိုတော့ ပါဝင်ဆင်နွဲပြိံး တကယ့်နိုင်ငံရေးသမားကြိံးတွေအတိုင်း မာန်ဝင်ပြိံး ထင်ပေါ်ကျော်ကြား ချင်ကြတာဖြစ်နေပါတယ်။အထူးသဖြင့် ၈၈ ပတ်ဝန်းကျင် မွေးတဲ့လူငယ်တွေပါ။ရန်ကုန်မြို့ လမ်းမတွေမှာ ပြိံးခဲ့တဲ့ ဆန္နပြမှု တွေမှာ တွေ့ရပါတယ် ဒိံလူငယ်အများစု ဂုဏ်ယူဝံကြွားစွာ တပျော်တပါးပါဝင်ခဲ့ကြတာ တွေနိုင်ပါတယ်။မြန်မာ နိုင်ငံသမိုင်းကြောင်း ကလဲ သိတဲ့အတိုင်း တိုးတက်ကြိံးပွားဘို့ဆို ဘယ်တော့မှ ဖြောင့်ဖြောင့် တန်းတန်းမသွားတတ်ပါဘူး, တလွဲဆံပင်ကောင်း တတ်ကြတဲ့ တို့ဗမာ တွေရယ် ရင်လေး ရပါတယ်..။
စုံစမ်းပေးမယ် ညှိနှိုင်းပေးမယ် ပြောပြီးပြီ။ ခဏစောင့်ကြည့် သင့်တာပေါ့။ အမေစုပြောတာ မမှားပါဘူး။အမှိုက်ကစ ပြသာဒ်မီးလောင်နိုင်လို့ ကိစ္စတိုင်း အလိုလိုက်တာလည်း မကောင်းဘူးလို့ပဲ မြင်တယ်။တစ်ခါတစ်လေ ကလေးပေါက်စကလေးကတောင် လူကြီးတွေကို ငိုခြင်းနည်းနဲ့ အနိုင်ကျင့်တတ်တယ်။
ReplyDeleteဒီကိစ္စက တစ်နိုင်ငံလုံး သိတဲ့ကိစ္စပဲ။ ဘယ်သူဘက်ကမှ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးက အဓိကပါ။ ကိုယ်အသုံးမကျခဲ့လို့ (ငတုံးခေါင်းဆောင်တွေ ရခဲ့တာကို ပြောတာပါ)ကိုယ်ခံရတာ ဒီတစ်ခေါက်တော့ ခံလိုက်သင့်တယ်လို့ပဲ မြင်တယ်။ စာချုပ်ပါအတိုင်း မဟုတ်ပဲ ခုတစ်မျိုး ခုတစ်မျိုး ဆိုရင် ဘယ်ရင်းနှီး မြှုပ်နှံမှုမှ လာချင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စီးပွားရေးလုပ်တဲ့ အခါမှာ decisionအမှားကို ပြန်ပြင်ခွင့် ကတိဖျက်ခွင့် မရှိပါဘူး။ ရေရှည်ရပ်တည်ချင်ရင် ကိုယ်မှားကိုယ်ခံ နောက်ထပ်မမှားအောင်လုပ် ဒါပဲရှိပါတယ်။ ကြေးနီတောင်နဲ့ တစ်နိုင်ငံလုံးနဲ့ လဲခိုင်းနေသလိုပဲ။
ReplyDeleteတက်လာတာမှ မကြာသေးဘူး။ ဇာတိရုပ်ကပြန်ပြလာဘီ။ သံဃာတွေတော့ ထပ်ခံရပြန်ပြီ။ မြေမျိုမယ့်ကောင်ကောင်တွေ။ ကြေးနီသိုက် ခန့်မှန်းတန်ဖိုးက ဒေါ်လာ ၄၆ ဘီလျံ ဆိုတော့ လူသတ်ဖို့ဝန်မလေးတော့ဘူးပေါ့။ ဦးပိုင်ကရမယ် ဦးသန်းရွှေလည်းရမယ်ဆိုတော့ ဦးသိန်းစိန်လည်း လုပ်ပေးရတာပေါ့။ အခွန်လည်းဆောင်စရာမလို။ ပိုင်တယ်ကွာ။ ဒေါ်စုရေ အဲဒီကရမယ့်ပိုက်ဆံက ပြည်သူအတွက်လို့များ ထင်နေလို့လား ?? မြင်တောင်မြင်လိုက်ရမယ်မထင်ဘူး။ စိတ်ပိန်တယ်
ReplyDeleteမဝေဖန်ပါနဲ့ဒူးဝါးရယ်။မီးခြစ်ကိုမကိုင်တာအကောင်းဆုံးပါဘဲ
ReplyDeleteမှူးဇော်က ဓါတုလက်နက်တွေ မသုံးဘူးလို့ ငြင်းထားတယ်။ ရေနဲ့ဖျန်းရုံ၊ မျက်ရေယိုဗုံးသုံး၊ မီးခိုးငွေ့တွေသုံးရုံနဲ့တော့ သံဃာတော်တွေ မီးလောင်ဒဏ်ရာ အမြောက်အမြား ရစရာ အကြောင်းကို မရှိဘူး။
ReplyDeleteပြည်သူတွေနဲ့ ပွင့်လင်းမြင်သာတဲ့ စေ့စပ်ညှိနှိုင်းမှု ဘာလုပ်ခဲ့လဲ။ ဥပဒေက ဆန္ဒပြသူတွေကို မီးလောင်တိုက် သွင်းရမယ်လို့ ပြဌာန်းထားလား။ လွှတ်တော်က စုံစမ်းဖို့ လုပ်လာတဲ့အချိန်မှာ ဒီလို အကြမ်းဖက် ဖြိုခွင်းတာမျိုး လုပ်သင့်သလား။ ဘယ်လိုနည်းနဲ့ စေ့စပ်ညှိနှိုင်းရင် ရနိုင်တယ်ဆိုတာ အဖြေ အထင်အရှား ရှိရက်နဲ့ အကြမ်းဖက်ဖြိုခွင်းတာကို ထောက်ခံနေသူတွေ မင်းတို့ လူစိတ်မရှိကြဘူး။ သံဃာတော်တွေ မီးလောင်ဒဏ်ရာတွေရတာကို ၀မ်းနည်းရကောင်းမှန်း မသိတဲ့ ကြေးစားကွန်မန့်ပေးတဲ့ မင်းတို့တွေ အသေဆိုးနဲ့ သေရင်သေ၊ မသေရင်လဲ ဒီတစ်သက် လူမဖြစ်တော့ဘူးဆိုတာ ယုံထားလိုက်ပါ။
အပေါ်ကတစ်ယောက်ရေးထားသလိုဒါရိုးရိုးစီးပွားရေးလုပ်ထားတာမဟုတ်ပါဘူး၊ပြည်သူပိုင်တဲ့ပစ္စည်းကိုပြည်သူမသိအောင်လုပ်ထားတဲ့ကိစ္စပါ။ရှင်းနေတာပါ၊ပြည်သူတစ်ယောက်အနေနဲ့လက်မခံပါဘူး၊မကျေနပ်ပါဘူး။
ReplyDelete