Pages

Tuesday, November 27, 2012

ဦးသန်းရွှေတို့ရဲ့ နေအိမ်ဝန်ထမ်းများကို ထောက်ပံ့ခြင်း

~






ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူ၊  ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စတဲ့ ၀န်ထမ်းများကို ထောက်ပံ့ကြေးပေးဖို့ လွှတ်တော်က  နိုဝင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါပြီ။

၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် ဒီလို ဘတ်ဂျက် တောင်းခံမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တင်သွင်းခဲ့တာပါ။

အိမ်အကူဝန်ထမ်း အရေအတွက် - ၄၀၀ ကျော်
တောင်းခံခဲ့တဲ့ ငွေ ပမာဏ -  ကျပ် ၁၆၉ သန်း ကျော်

ဧရာဝတီ သတင်းတပုဒ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြောဆိုချက်တွေကို အခုလို တွေ့ခဲ့ရမှာပါ-

“အိုးအိမ်ဌာနကလည်းပဲ ရှင်းရှင်းလင်းလင်း တောင်းခံသင့်တယ်၊ အခုရေးထားတာက နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနဲ့ အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူတွေအတွက် ထောက်ပံ့ငွေ ရလိုမှုကို  တခြားကိစ္စတွေနဲ့ ရောနှောထားတော့ ကိုယ်စားလှယ်တွေက သတိမထားမိကြဘူး”
ဦးဖုန်းမြင့်အောင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


“ဖြည့်စွက်ဘတ်ဂျက် တောင်းခံတာဆိုတော့ သာမန်ဘတ်ဂျက်တောင်းခံမှုပဲ ဖြစ်မှာပါ ဆိုပြီးတော့ ကိုယ်စားလှယ် အများစုကလည်းပဲ အမှတ်တမဲ့ ဖြစ်သွားကြတယ် ထင်တယ်”
ဒေါက်တာ အေးမောင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)  ဥက္ကဋ္ဌ
အမျိုးသား လွှတ်တော်ကိုယ်စားလှယ်

“ဒီကိစ္စက ဥပဒေနဲ့ညီလား၊ မညီလားဆိုတာကို ပြန်လေ့လာရဦးမှာပါ”
ဦးဝင်းထိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

“ဒီပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့တွေအပေါ် ၀င်စွက်ဖက်တာ မရှိတော့ဘူးလို့ထင်တယ်၊ အခုကိစ္စကိုလည်း လုပ်ပေးပါလို့ အဲဒီပုဂ္ဂိုလ်တွေက တောင်းဆိုတာ မဖြစ်နိုင်ဘူး၊ တချို့က လုပ်ပေးသင့်တယ် ထင်လို့ လုပ်ပေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”
ဦးခိုင်မောင်ရီ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်


ဒီတပတ် ဧရာဝတီ ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုတာကတော့ -

နှစ်ပေါင်းအတော်ကြာအောင် ရာထူးတာဝန် ကြီးကြီးမားမား ထမ်းဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ်တွေရဲ့ ၀န်ထမ်းများကို ထောက်ပံ့ရေးအတွက် နိုင်ငံနဲ့ပြည်သူတွေမှာ တာဝန်ရှိသလား/မရှိဘူးလား၊ ထောက်ပံ့သင့်သလား/မထောက်ပံ့သင့်ဘူးလား ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

သွားရောက် ဆွေးနွေးဖို့၊ ထွက်ပေါ်လာမယ့် ဆွေးနွေးချက်တွေကို ဖတ်ရှုဖို့ လိပ်စာကတော့ http://burma.irrawaddy.org/archives/26484 ဖြစ်ပါတယ်။




















-

2 comments:

  1. တိုင်းပြည်က သယံဇာတတွေခိုးထားတာ တမိသားစုလုံ့းတင်မကဘုး ဆွေမျိုးအစဉ်အဆက် ရဆက်ရှစ်ဆက် စားမကုန်နိုင်အောင်ဘုန်းထားတာတွေဘယ်မှာသွားဝှက်ထားလဲ အဲ၏ါတွေအကုန်လုံးကို တိုင်းပြည်ဘဏ္ဏာအပြစ်သိမ်းလိုက်ပေါ့။ ဒါဆိုရင်မသင့်တော်ဘူးလား။

    ReplyDelete
  2. ဦးဝင်းထိန် ခင်ဗျာမဲဆန္ဒနယ် ထီလာမှ နေ့ တိုင်းမီးပျက်တာ

    ဥပဒေ နဲ့ ညီလား ကြည့် ပေးပါအုံး။

    ReplyDelete