မကြာသေးခင်က မြန်မာ မဂ္ဂဇင်းလောကမှာ စထွက်ထွက်ခြင်း လူကြိုက်များတဲ့ လိင်ပညာပေး “ညှို့” မဂ္ဂဇင်းဟာ ခွင့်ပြုချက်တင်တုန်းက ဖက်ရှင် အသားပေးလို့ ဆိုပြီး၊ ထွက်ရှိလာတော့ လိင် အသားအပေး မဂ္ဂဇင်းဖြစ်နေလို့ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ လိုအပ်သလို အရေးယူဖို့ အတွက် ပြန်ကြားရေး ၀န်ကြီးဌာနက ရုံးစာ ထုတ်ပြန်လာပါတယ်။
စာနယ်ဇင်း ကောင်စီ ( ယာယီ ) ရဲ့ ထုတ်ပြန်ထားတဲ့ စာနယ်ဇင်း ကျင့်ဝတ် အပုဒ် ၁၅ မှာ ဖော်ပြထားတဲ့ "အများ ပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသား ဖော်ပြမှုများ၊ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မည်သည့် သတင်း ၊ ဓာတ်ပုံ၊ ဆောင်းပါမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ" လို့ ဆိုတဲ့ အချက်နဲ့ ငြိစွန်းနေလို့ အခုလို ပြန်ကြားရေး ၀န်ကြီးဌာနက စာနယ်ဇင်း ကောင်စီ ( ယာယီ) အပေါ် လိုအပ် သလို ဆောင်ရွက်နိုင်ဖို့ ရုံးစာနဲ့ တကွ အဆိုပါ မဂ္ဂဇင်း ၂ အုပ်ကိုလည်း ပူးတွဲ ပို့လိုက်တယ်လို့ ဆိုပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာ အပြည့်အစုံကိုလည်း ယမန်နေ့က ဖော်ပြထားပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ စာနယ်ဇင်း ကောင်စီ( ယာယီ) သို့ ပေးပို့သည့် ရုံးစာ



ဘယ်မှာ ဝယ် ရ မှာ လဲ
ReplyDeleteAs Bo Gyoke Aung San said, looks like Myanmar is going to become "Phar" country
ReplyDeleteApology if too rude
မြန်မာတွေက ယဉ်ကျေးမှုဆိုတာကြီးနဲ့ မခုတ်တတ်တဲ့ ကြောင်လို လက်သည်းဖွက်နေတာပါ။
ReplyDeleteပြည့်တန်ဇာ တော့ မမြင်ချင်ဘူး အနှိပ်ခန်းတော့ ခိုးသွားနေကြတာ။ တချို့ဆို မယာငယ်ပါရှိသေး။ ဒီစာစောင် ထုတ်တာနဲ့ ဖာနိုင်ငံ ဖြစ်ရောလား၊
ပုဂံခေတ်ဆိုလဲ ရင်ဟိုက် ဗိုက်ပေါ် ဝတ်တာပဲ
ဘာယဉ်ကျေးမှုလဲ။
ဘတ်စ်ကားပေါ်မှာ လက်သရမ်းတာလဲ ယဉ်ကျေးတဲ့ ကျနော်တို့ တနိုင်ငံပဲ ရှိတယ်။
ခိုးကြောင်ခိုးဝှက် လုပ်နေမဲ့အစား ဥပဒေနဲ့ ခွင့်ပြုသင့်တယ်။ မနေနိုင်သူတွေလဲ သွားကြတာပေါ့။ ရာဇဝတ်မှု ရှုထောင့်ကပြောတာပါ။
စာစောင်လေးထုတ်တာတောင် ဒီလောက်ဖြစ်နေကြတာ လွန်ရော။ ဦးနုခေတ်က စာနယ်ဇင်းပုံ တွေ တလောက ရင်သားပေါ်တဲ့ ပုံတွေတောင် မြင်ဖူးတယ်။
မြန်မာပြည်က နောက်ပြန်သွားနေတာပါ။
ဘယ်သူဘယ်လိုဝတ်ဝတ် ရာဇဝတ်မှု နဲဖို့ ရောဂါဘယ နဲဖို့ အသိဥာဏ် ကြွယ်ဝဖို့သာ လိုတာပါ။
No no i doin't think so, Let it be.
ReplyDeleteSome might be like.
Freedom........?