ဓာတ်ပုံ- ကျော်သူ
ကျော်သူ ~
၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။ အစောပိုင်းတွင် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပချိန်၌ ဥက္ကဋ္ဌ ဦးကျော်သူအား ဧည့်သည်
ရောက်နေကြောင်း အစည်းအဝေးခန်းသို့ အကြောင်းကြားခဲ့ပြီးမကြာ ဦးကျော်သူ ထွက်လာခဲ့ရာ ဧည့်သည် ဆိုသူသည် နန်းခင်ဇေယျာဖြစ်နေပြီး ယခင်ပထမအကြိမ် လာရောက် ခဲ့စဉ်နှင့်မတူ၊ မမှတ်မိတော့
လောက်အောင် ပုံစံပြောင်းလဲနေသည့်အတွက် အံ့သြမှင်သက်မိသည်။
ပထမ အကြိမ် လာစဉ်ကနှင့် မတူ မြန်မာဆန်ဆန် ဆံပင်စီးလေးနဲ့ အင်္ကျီအဖြူရင်ဖုံးလက်ရှည်၊ လုံချည် အနက်ဖြင့် လွန်စွာမှ ကျက်သရေအပေါင်းနှင့် ပြည့်စုံနေသည်။ ထိုကဲ့သို့ ဝတ်စားဆင်ယင်မှု မြန်မာဆန်ဆန် ကျက် သရေအပေါင်းနှင့် ပြည့်စုံနေယုံတင်မက သူမ၏လာရင်း ကိစ္စသည်လည်း ကျက်သရေ မင်္ဂလာရှိသော မြင့်မြတ်သောသူတို့သာ လုပ်ဆောင်နိုင်သော နာရေးကူညီမှုတည်း ဟူသောကုသိုလ်ရေး ကိစ္စရပ်ပင် ဖြစ်ပေသည်။
ထို့ကြောင့် Miss Internation 2012 ပြိုင်ပွဲဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ လုပ်အားပေး မောင်နှမ များနှင့် အတူ ဗြဟ္မစိုရ်တရားလေးပါး ရင်ဝယ်ပိုက်ကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြသော သက်မဲ့ရုပ်ခန္ဓာအား ကိုယ်တိုင်ကိုယ်ကျ ထမ်းရွက်ပေးဆပ်ရန် တက်ကြွသော ခြေလှမ်းများဖြင့် လာရောက် ခဲ့သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။
အများအကျိုး လူမှုရေးလုပ်ငန်းများအတွက် မိမိတို့၏ အားလပ်ချိန်များအား အကျိုးရှိစွာအသုံးချ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ လုပ်အားပေးနေကြသည့် မောင်နှမများအား နှုတ်ဆက်ကြပြီးနောက် အသင်းသို့ရောက်ရှိကြောင်း လက်မှတ်ရေးထိုး၊ ရင်ထိုးတပ်ဆင်၊ လည်ဆွဲကဒ်ထုတ်ယူအပြီး ဈာပနဋ္ဌာနသို့ အကူအညီတောင်းခံထားသည့် လမ်းကြောင်းများအနက် ကူညီဖေးမရန် အမှတ်စဉ်အလှည့်ကျသည့် ကွယ်လွန်သူ ဦးဇော်မိုးဦး အသက် (၄၄) နှစ်၏ ရုပ်ခန္ဓာအား စံပြဆေးရုံမှ ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ရမည့် ဈာပနလမ်းကြောင်းအား လိုက်ပါကူညီ ဖေးမပေးခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဈာပနဋ္ဌာနသို့ ပြန်လည်ရောက်လာချိန်တွင် မိမိလိုက်ပါပို့ဆောင်ခဲ့သည့် နိဗ္ဗာန်မော်တော်ယာဉ်၏ အလှည့် သို့တိုက်ဆိုင်စွာဖြင့် ပြန်လည်ရောက်သည့်အတွက် ချက်ချင်းဆိုသလိုပင် နန်းခင်ဇေယျာသည် အားမာန် အပြည့်ဖြင့် မဆိုင်းမတွ ဒုတိယမြောက် ဈာပနလမ်းကြောင်းအဖြစ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၂) ရပ်ကွက် နေ ကွယ်လွန်သူ ဒေါ်ခင်မြ အသက် (၈၇) နှစ်၏ ရုပ်ခန္ဓာအား နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ခြင်းအား ကူညီဖေးမပေးခဲ့သည်။
မအားလပ်သည့်ကြားမှ အချိန်ပေး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ လုပ်အားဒါန ပြုသော နန်းခင်ဇေယျအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးကျေးဇူးတင် ဝမ်းမြောက် ပါကြောင်းနှင့် “အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်ကြသည်” ဆိုသည့် တောင်စလင်းတိုက်ဆရာတော် ဦးတိက္ခ၏ မွန်မြတ်လှစွာသော ဆုံးမသြဝါဒ စကားရပ်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းခံရသူ မြန်မာအမျိုးသမီးငယ် နန်းခင်ဇေယျာ၏ စိတ်စေတနာ အရင်းခံဖြင့် အများပြည်သူတို့အား ပြန်လည်ကျေးဇူးဆပ်၍ ပေးဆပ်
နေခြင်းပင် ဖြစ်သည်။ လူသားတို့၏ နောက်ဆုံးခရီးအား လိုက်လံပို့ဆောင် ကူညီဖေးမပေးမှုကြောင့် ကျန်ရစ်သူမိသားစုတို့၏ နှလုံးသားဝယ် သောကအပူများ အတတ်နိုင်ဆုံး ငြိမ်းအေးစေမှုသည် ကူညီဖေးမသူတို့ထံ ကူးစက်ကာ ပီတိဟူသော အမည်ဖော်ပြ၍ မရနိုင်သည့် အေးငြိမ်းသော ခံစားမှုကို ပြန်လည်ကူးစက်စေသည်မှာ နာရေးကူညီမှုအ သင်း(ရန်ကုန်) အသင်းသား/သူများအနေဖြင့် အစဉ်ထာဝရ ခံစားရမြဲဖြစ်သည်။
ထိုကဲ့သို့သော အေးငြိမ်းမှု ပီတိအား နန်းခင်ဇေယျာတစ်ယောက်ထံသို့ ကူးစက်သွားစေတော့သည်။ နန်းခင်ဇေယျာသည် ယနေ့ လုပ်အားဒါနပြုခြင်း ပြီးဆုံးသွား၍ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ပြန်လည်မထွက်ခွာမီ “သမီး တစ်လ လျှင် နှစ်ကြိမ်လာရောက် လုပ်အားပေးချင်တယ်” ဟူ၍ ရဲရဲဝံ့ဝံ့ ထပ်မံပြောကြားခဲ့မှုသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပြင် နာရေးရှင်များအတွက်
သောကအပူများ ငြိမ်းသတ်ပေးနိုင်သော အနုပညာသည် လူမှုသူရဲကောင်းတစ်ဦး ပေါ်ထွန်းလာခြင်းပင်
ဖြစ်တော့သည်။








ဒီမိန်းကလေး ဒီလောက်တော်လိမ့်မယ်၊ ဒီလောက်ထက်လိမ့်မယ်လို့ ထင်တောင်ထင်မထားမိဘူး။ တော်ယုံ စိတ်မြင့်ယုံနဲ့တော့ ဒီလိုပရဟိတကို လုပ်နိုင်မယ်မထင်ဘူး။ တကယ်ကို လေးစားမိပါတယ်။
ReplyDeleteမနန်းဇေယျာခင် ခင်ဗျားအောင်မြင်မှာပါ။ သေချာပါတယ်။
ဂုဏ်ယူပါတယ်ညီမ။သာဓုလည်းခေါ်ပါတယ်။မြင့်မြတ်တဲပေးဆပ်မှုကြောင့် မြင့်မြတ်တဲ့ဆုလာဘ်တွေ ရောက်ရှိလာမှာ မလွဲပါ။
ReplyDeleteရုပ်လှသလိုစိတ်လည်းလှတဲ့မိန်းကလေးပဲ။သမီးရဲ့လုပ်ရပ်အတွက်ဂုဏ်လည်းယူတယ်၊သာဓုလည်းခေါ်တယ်။အတုယူစရာပါ။
ReplyDeletethis girl has both internal and external beauties.
ReplyDeletewith much respects to all and her.
အရမ်းကိုလေးစားအားကျမိပါတယ် မနန်းခင်ဇေယျာရေ
ReplyDeleteသာဓု သာဓု သာဓု ပါဗျာ တကယ်ကိုလှိုက်လှိုက်လှဲလှဲ
ကို ဝမ်းမြောက်မိပါတယ် ဆက်လက်ပြီးတော့ လူမျိုးအတွက် ဘာသာ သာသနာအတွက် အများကြီး
အကျိုးဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
လေးစားအတုယူထိုက်တဲ့စိတ်ဓါတ်ပါ ဝမ်းသာဂုဏ်ယူပါတယ် ညီမငယ်
ReplyDelete