ဦးကျော်ဆန်းနဲ့ ဧရာဝတီ အပိုင်း ၂

Wednesday, March 28, 2012 0 comments

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ အင်တာဗျူး အပိုင်း ၂ ဖြစ်ပါတယ်။


ရှုစား နားဆင်နိုင်ပါပြီ။


iPhone, iPad တွေကို မီးရှို့ပူဇော်မယ့် ရိုးရာနေ့

0 comments

တရုတ်ရိုးရာအစဉ်အလာအရ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဘိုးဘွားအစဉ်အဆက်ကို နှစ်စဉ်နှစ်တိုင်း ပူဇော်ကြတဲ့နေ့မှာ အ၀တ်အစားတွေ၊ စက္ကူနဲ့လုပ်ထားတဲ့ ငွေတွေ၊ စက္ကူနဲ့လုပ်ထားတဲ့ ကား၊ အိမ် စတာတွေကို မီးရှို့ပူဇော်ကြတာမှာ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ ထူးခြားတာကတော့ စက္ကူနဲ့ လုပ်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပက်တွေပါတဲ့။

စက္ကူအိုင်ပက်၊ စက္ကူ အိုင်ဖုန်းတွေကို ပြနေတဲ့ Qing Ming ပွဲတော်သုံးပစ္စည်းတွေရောင်းတဲ့သူ

ဒီစက္ကူနဲ့ လုပ်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပက်တွေဟာ တရုတ်ပြည်မှာ ရောင်းရအသွက်ဆုံး၊ လူကြိုက်အများဆုံး ရောင်းမလောက်တဲ့ ပစ္စည်းဖြစ်နေပါသတဲ့။


စက္ကူအိုင်ဖုန်း၊ စက္ကူအိုင်ပက်တွေဟာ တကယ့်အရွယ်အစားအတိုင်း ပုံစံတကျ လုပ်ထားတာဖြစ်ပြီး စက္ကူနဲ့ လုပ်ထားတဲ့ နားကြပ်တွေ၊ ဘက်ထရီအားသွင်းတာတွေတောင် ပါပါတယ်။ စက္ကူနဲ့ လုပ်ထားတဲ့ USB ကြိုးတွေလည်း ပါတယ် ဆိုတော့ တမလွန်က ဘိုးဘွားတွေအဖို့ စက္ကူနဲ့လုပ်ထားတဲ့ ကွန်ပြူတာနဲ့ Sync လုပ်ဖို့ လွယ်ကူစေတာပေါ့လေ။

Apple က ထုတ်တဲ့ အိုင်ဖုန်း၊ အိုင်ပေါ့၊ အိုင်ပက်တွေကို အရူးအမူး စွဲလန်းကြတဲ့ တရုတ်နိုင်ငံမှာတော့ စက္ကူနဲ့လုပ်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပက်တွေကတော့ အခုအချိန်မှာ အင်မတန် ပေါ်ပြူလာ ဖြစ်နေတာပါ။

စက္ကူနဲ့ လုပ်ထားတဲ့ iPad 2

ဒီစက္ကူ အိုင်ဖုန်း၊ အိုင်ပက်တွေကို ရောင်းနေတာ ၂ နှစ် ရှိနေပြီဖြစ်ပေမယ့် ဒီနှစ်မှာတော့ လူကြိုက် တော်တော်များနေတယ်လို့ သိရပါတယ်။


စက္ကူအိုင်ပက်တခုအတွက် ၅၃၈ ယွမ် (၈၅ ဒေါ်လာခန့်) နဲ့ အိုင်ဖုန်းအတွက်ကတော့ ၂၂ ယွမ် ကျသင့်ပါမယ်။

လာမယ့် ဧပြီ ၄ ရက်နေ့မှာကျတဲ့ တမလွန်က ဘိုးဘွားတွေကို ကန်တော့တဲ့ပွဲ Qing Ming ပွဲတော်မှာ အိုင်ဖုန်း၊ အိုင်ပက်တွေကို ၀ယ်ထည့်ရတာကတော့ သူတို့တတွေလည်း ခေတ်မှီပစ္စည်းတွေ သုံးနေကြသလို တမလွန်က ဘိုးဘွားတွေလည်း နောင်ဘ၀မှာ ခေတ်နဲ့အညီ နေထိုင်နိုင်ကြရအောင်ပါတဲ့လေ။

တရုတ်လူမျိုးတွေဟာ သေဆုံးသွားကြပြီဖြစ်တဲ့ ဘိုးဘွားမိဘတွေကိုမြုပ်နှံထားရာ ဂူသင်္ချိုင်းကို တနှစ်တခါ သန့်ရှင်းရေး လုပ်ရင်း ကန်တော့ကြတဲ့အခါ စက္ကူနဲ့ လုပ်ထားတဲ့ ငွေ၊ အိမ်၊ ကား၊ အ၀တ်အစား၊ စတဲ့ နေ့စဉ်အသုံးအဆောင်တွေကို မီးရှို့ပူဇော်ရင် တမလွန်က တမလွန်က ဘိုးဘွားတွေဆီ ဒီပစ္စည်းတွေရောက်သွားပြီး တမလွန်မှာ သူတို့တွေ ကောင်းကောင်းမွန်မွန် သုံးစွဲလို့ ရနိုင်တယ်ဆိုတဲ့ ရိုးရာ ယုံကြည်မှု ရှိကြပါတယ်။

ကိုယ့်ကိုယ်ကို မီးရှို့တဲ့ တိဗက်လူငယ် သေဆုံး

6 comments

အိန္ဒိယကိုလာမယ့် တရုတ်သမတ ဟူကျင်တောင်းကို ဆန္ဒပြတဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တဲ့ တိဗက်လူငယ် ဂျန်ဖယ်လ်ရာရှီဟာ ဒီနေနေ့လည်မှာပဲ သေဆုံးသွားပါပြီ။

ခန္ဓာကိုယ်တခုလုံးရဲ့ ၉၈ ရာနှုန်းမီးလောင်ကျွမ်းလို့ ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။


“၂၁ ရာစုမှာ ဒီလို ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြကြတယ်ဆိုတာ တိဗက်လူမျိုးတွေ ဘယ်လောက်တောင် ခံစားနေရတယ်ဆိုတာကို ကမ္ဘာကသိအောင် ပြနေတာပဲ” လို့ ဂျန်ဖယ်လ်ရာရှီရဲ့ လက်ရေးနဲ့စာကို သူ့အခန်းထဲမှာ တွေ့ရတယ်လို့ တိဗက် တက်ကြွသူတွေက ပြောပါတယ်။

သူဟာ တိဗက်ဒေသမှာ မွေးဖွားပြီး ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။ အိန္ဒိယရောက်တော့လည်း တိဗက်လူငယ်အဖွဲ့မှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားသူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဟူကျင်တောင်းရဲ့ အိန္ဒိယခရီးစဉ်ကို နယူးဒေလီမြို့ ဂျန်တားမန်တားမှာ မတ်လ ၂၆ ရက်နေ့က တိဗက်တက်ကြွသူတွေ ဆန္ဒပြကြတုန်းမှာ ဂျန်ဖယ်လ်ရာရှီက သူ့ကိုယ်သူ မီးရှို့ခဲ့တာပါ။

တိဗက်ဒေသမှာ ဖြစ်နေတဲ့ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့သူတွေ အယောက် ၃၀ ကျော် ရှိနေပြီး ၂၀ ကျော်ကတော့ အသက်သေဆုံးခဲ့ကြတယ်လို့ တိဗက်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ဘန်ကောက်ပို့စ်မှာ ဖော်ပြတဲ့ မြန်မာပြည်ရွေးကောက်ပွဲ

0 comments

Bangkok Post သတင်းစာ ကာတွန်းတပုဒ်မှာ မြန်မာပြည်က ကြားဖြတ်ရွေးကောက်ပွဲအကြောင်း သရုပ်ဖော်ထားပါတယ်။ သံချောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တတ်တဲ့ နင်းဂျား တိုက်ခိုက်ရေးသမ
ားရဲ့ ကျောမှာ ကြံ့ခိုင်ရေးပါတီ USDP လို့ ရေးထားပါတယ်။

ထင်ရှားတဲ့သံဃာ၂ပါး ရန်ကုန်မှာတွေ့ဆုံ

0 comments

မစိုးရိမ်ဦးဝီရသူက ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။

ဆရာတော်ဦးဝီရသူရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လှုပ်ရှားသွားလာမှုများကို အောက်ပါအတိုင်း တွေ့ရပါတယ် -

မတ်လ ၂၆
- သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရန်ကုန်သစ် ရပ်ကွက်မှာ ဖန္ဒနဇာတ်တော်၊ သံဝရဇာတ်တော် (ပြည်ထောင်စုနှင့်ငြိမ်းချမ်းရေးတရား) ဟောကြားခဲ့ပါတယ်။

မတ်လ ၂၇
- မွန်ပြည်နယ်၊ ဘီလင်းမြို့ ငြိမ်းချမ်းရေးရိပ်မြုံ၊ ဓမ္မာစရိယသင်တန်းကျောင်းမှာ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုမယ့် သံဃာတွေကို ထသုံးထတရား - ခရီးထွက်ပါ၊ စာဖတ်ပါ၊ သာသနာအတွက် အလုပ်လုပ်ပါ သြ၀ါဒကထာ မိန့်ကြားပါတယ်။
- ဘီလင်းမြို့ ဓမ္မစံအိမ်မှူး တရားတော် ထွန်းကားရေး လူငယ်အဖွဲ့ရဲ့ ထေရ၀ါဒအထူးဓမ္မသဘင်မှာ "သာသနာမှာ အလိမ်အညာမရှိစေရ" တရား ဟောကြားပါတယ်။
သံဃာထုရော လူထုကပါ နှစ်ထောင်းအားရ ရှိကြတဲ့အတွက် လာမယ့်နှစ် ကြွဖြစ်အောင် ကြွဖို့ လျှောက်ထားကြပါတယ်။ ဒီလို ဖိတ်ကြားသူများထဲမှာ သိက္ခာတော် ၅၅ ၀ါ၊ ၀ါ ၄၀ ရ ဆရာတော်ကြီး ၂ ပါးလည်း ပါဝင်တယ်၊ ဆရာတော်ဦးဝီရသူက တရားပွဲပြီးတာနဲ့ ကားပေါ် တန်းတက်သွားတဲ့အတွက် မြို့လူထုရော သံဃာထုကပါ ဖူးရတာ အားမရကြဘူး၊ တချို့ပရိသတ်တွေက ငိုကြွေးပြီး လာမယ့်နှစ် ကြွဖြစ်အောင် ကြွပါ လို့ လျှောက်ထားကြပါတယ်။

ဆရာတော်က အချိန်မရတဲ့အတွက် ပရိသတ်နဲ့ ထိတွေ့ခွင့် မရခဲ့၊ ပရိသတ် ရင်ဖွင့်စကားကို မကြားနာခဲ့ရတဲ့အတွက် သံဃာထုကိုရော လူထုကိုပါ အားနာမိတယ်၊ လာမယ့်နှစ်မှာ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံနိုင်ဖို့ အချိန်ပေးမယ် လို့ ကတိပြုခဲ့တဲ့အကြောင်း မိန့်ကြားပါတယ်။

ဆရာတော်ဦးဝီရသူရဲ့ တရားတော်တွေကို စာသင်သား သံဃာတွေ အထူး စိတ်ဝင်စားကြတဲ့အတွက် မြောက်ဥက္ကလာ ၀ိမုတ္တိသင်္ကန်းတိုက်က ဦးတင်ယု၊ သင်္ဃန်းကျွန်းမြို့နယ်က ယာဉ်အလှူရှင် ဦးမောင်မောင်တို့က ဆရာတော်ဦးဝီရသူရဲ့ တရား DVD အချပ် တရာကို သံဃာတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။














၈၈ လည်း ရွေးကောက်ပွဲ စောင့်ကြည့်

1 comments

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်သူများထဲမှာ ၈၈ မျိုးဆက်တွေရဲ့ ကွန်ရက်တခုလည်း အပါအ၀င်ပါ။

Facebook လိပ်စာက http://www.facebook.com/monitoring88 ဖြစ်ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေထဲက အများအပြားကို အွန်လိုင်း တင်ပါတယ်။

အဲဒီမှာ နောက်ဆုံး တွေ့ရတဲ့ ဖြစ်ရပ် ၂ ခုကို အခုလို တွေ့ရပါတယ်။

NLD စည်းရုံးရေးကားခဲဖြင့်ပေါက်ခံရ
၂၇.၃.၂၀၁၂ ရက်နေ့ည (၇း၃၀) တွင် ၉၈လမ်းထိပ် ဘင်္ဂလီရပ်ကွပ်မှ NLD စည်းရုံးရေးကားများကို လူငယ် (၂) ဦးမှခဲဖြင့် ထွက်ပေါက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါသည်။ ၄င်းအခြေအနေ
ကို NLD လူငယ်များမှ အချိန်မီ ထိန်းသိမ်းခဲ့ကြပါသည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှ သတင်းပေးပို့ချက်
NLD ပါတီဝင်များမှ တံတားဦးမြို့နယ်၊ ဇီးပင်ကွေ့ကျေးရွာသို့ စည်းရုံးရေးဆင်းရာတွင် ကြံ့ခိုင်ရေးပါတီဝင်များမှ "ဥက္ကဌကြီးဦးတင်အေးခင်းထားတဲ့လမ်းကို လျှောက်ပြီး စည်းရုံးရေးဆင်းရဲသေးတယ်" ဟု ပြောဆိုပြီး ဆဲရေးတိုင်းတာကြတယ်လို့ သတင်းရရှိပါတယ်။ ဆဲရေးတိုင်းတာခြင်းကို အသိသက်သေများအခိုင်အလုံဖြင့် ကော်မရှင်သို့ တင်ပြရန် ပြင်ဆင်နေကြတယ်လို့ သတင်းပေးပို့လာပါတယ်။

ကချင် ၃ မြို့ ရွေးကောက်ပွဲ နဲ့ KIO ကြေညာချက်

5 comments


ကချင်ဒေသ မဲဆန္ဒနယ် ၃ ခုဟာ လုံခြုံရေးမကောင်းဘူး ဆိုပြီး ကော်မရှင်က အဲဒီ ဒေသတွေမှာ ရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ "သင့်လျော်"တဲ့ အချိန်မှာ ကျင်းပမယ် တဲ့။ (မတ် ၂၃)

ကချင်ဒေသ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆွေးနွေးဖို့ KIA/KIO နဲ့ ဆွေးနွေးချင်တယ် လို့ NLD က ကြေညာလိုက်ပါတယ်။ ဆွေးနွေးဖို့ အတွက် အစိုးရ သို့မဟုတ် ကော်မရှင်က လုပ်ဆောင်ပေးရင် ဧပြီ ၁ မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ တဲ့။ (မတ် ၂၆)

အခုတော့ KIA/KIO က ကြေညာချက် ထုတ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ (မတ် ၂၈)

ကြေညာချက်
စာ - ၁
စာ - ၂

ကချင်ဒေသမှာ တိုက်ပွဲဖြစ်တာတွေ ရှိပေမယ့် ရွေးကောက်ပွဲမလုပ်ဖို့ ဆိုင်းငံ့ထားတဲ့ ဗန်းမော်၊ မိုးကောင်း၊ ဖားကန့် မဲဆန္ဒနယ်တွေမှာတော့ တိုက်ပွဲတွေ မရှိပါဘူးလို့ ထောက်ပြသူတွေ မနည်းပါဘူး။

အစိုးရတပ်တွေက ရွေးကောက်ပွဲကာလ အဲဒီဒေသတွေမှာ ပေါ်တာဆွဲ စစ်ရေးပိုမိုပြင်ဆင်လှုပ်ရှားတာမျိုး လုပ်မယ် ဆိုရင်
သို့မဟုတ်
KIA က
ရွေးကောက်ပွဲကာလ အဲဒီဒေသတွေကို ၀င်တိုက်မယ် ဆိုရင်
လုံခြုံရေးအခြေအနေ ကောင်းမယ် မဟုတ်ပါ။

ကြေညာချက်တွေ အပြန်အလှန် ထုတ်နေပေမယ့် ကော်မရှင်/အစိုးရက သဘောတူမှ အဲဒီ ၃ မြို့မှာ ရွေးကောက်ပွဲ လုပ်နိုင်မှာပါ။

အစိုးရ သဘောတူဖို့ ဆိုတာလည်း စစ်တပ် နဲ့ KIA ၂ ဘက်လုံး အပစ်ရပ်မယ် ဆိုတာကို အစိုးရက ယုံကြည်မှ ဖြစ်နိုင်ပါမယ်။

ခုချိန်အထိတော့
၂ ဘက်လုံးက အစိုးရစကားကို နားမထောင်သေးပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲမှာ မူလက ၄၈ နေရာ သတ်မှတ်ထားပေမယ့် အခုတော့ ၄၅ နေရာပဲ ကျန်ပါတော့တယ်။

အများ စိတ်ဝင်စားနေတဲ့ NLD ရဲ့ အမတ်လောင်းတယောက်ကို ကော်မရှင်က စာရင်းကနေ ပယ်လိုက်ပါတယ်။
(သူကတော့ ဦးစောလှိုင် ဖြစ်ပါတယ်။)

ဒါကြောင့် NLD က ၄၄ နေရာမှာပဲ ပြိုင်ရတော့မှာပါ။

နေရာနည်းသွားပြီ ဆိုတော့ လွှတ်တော်ထဲမှာ NLD ရမယ့် ထိုင်ခုံလည်း နည်းသည်ထက် နည်းနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။



အဆိုတော် ရသ Facebook မှာ မဲဆွယ်

0 comments

ရက်(ပ်)အဆိုတော် ရသ ... အခု လာမည့် ၂၀၁၂ ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မရမ်းကုန်း မြို့နယ်မှ နေ ပြီး * ဦးရဲမင်းသိန်း * အမည်ဖြင့် ၀င်ရောက် ယှဉ်ပြိုင် အရွေးခြယ်ခံ မည် ... တဲ့၊ ရသ က သူ့ Facebook မှာ ရေးထားပါတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပုံတချို့ကိုလည်း
သူ့ Facebook ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။






ပညာရေးဂျာနယ် နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံများ

1 comments



ဒီတပတ်ထုတ် Education Digest ဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးဆိုင်ရာ ပြောကြားချက်များကို ဓာတ်ပုံကြီးများနဲ့ ဝေေ၀ဆာဆာ ထုတ်ဝေလိုက်တာကို Facebook မှာ တွေ့ရပါတယ်။

ကူးယူဖော်ပြပေးလိုက်ပါတယ် -
ဒီတစ်ပတ်ဂျာနယ်ဖတ်သူများအတွက် Education Digest Journal မှ မေတ္တာလက်ဆောင်အဖြစ် ဂျာနယ်အတွင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပိုစတာပုံကြီးအချပ်ပိုကို ထည့်ပေးထားပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပညာရေးအကြောင်း။

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံပညာရေးအပေါ် ရှုမြင်သုံးသပ်ပုံ တစ်စေ့တစ်စောင်း။

ကျွန်တော်တို့ ကလေးတွေရဲ့ ဘ၀တွေ ထူထောင်နိုင်ဖို့ဆိုတာ ပညာရေးစနစ်မကောင်းလို့ မဖြစ်ပါဘူး)ဒေါ်အောင်ဆန်းစုကြည်)။ Vol.1, No. 15, Back Cover.


မြန်အောင်မှာ မြို့မေတ္တာ ခံယူတဲ့ ငါး မင်းဆွေ

5 comments

ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ၊ ဝေဖန် ရှုံ့ချလေ့ရှိတဲ့ ငါး မင်းဆွေ တယောက် မနေ့က မြန်အောင်ကိုသွားပြီး မြို့မေတ္တာ ခံယူခဲ့တဲ့ အကြောင်း ဖေ့ဘုတ်ပေါ် မှာ ပျံ့နှံ့နေပါတယ်။

မြို့လူထုက မြန်အောင်ကို လာပြီး ဒေါ်စု မကောင်းကြောင်း ပြောဖို့ လာတဲ့ ငါးမင်းဆွေဆိုတဲ့သူကို ဒေါသတွေနဲ့ ကိုယ်ထိ လက်ရောက် ပညာပေးမယ့် အဆင့်အထိဖြစ်ခဲ့ပါသတဲ့။

ငါးမင်းဆွေကလည်း ဒီလိုမျိုး ဆူပူမှုတွေကို လိုလားဟန်ရှိတယ်၊ ဒါမှ သူ့ရာထားချက်ပြည့်မှီမှာ လို့ ရိပ်မိကြတဲ့ NLD လူငယ်တွေက သူ့ကို ရဲတပ်ဖွဲ့ဝင်များနဲ့ အတူ လိုက်လံ စောင့်ရှောက်ပြီး မြို့ အထွက်ထိ ပို့ဆောင်ခဲ့ကြတယ်တဲ့။

“ငါးမင်းဆွေ ၏ ရည်ရွယ်ချက်မှာ..ဒေါ်စုကို အပုတ်ချ..ပြည်သူကိုရန်စ..ပြဿနာဖြစ်အောင် ဖန်တီး..ဒီမိုကရေစီ ဆိုတာ ဒီလို အကြမ်းဖက်ဖို့လားဟု အများပြည်သူ စိတ်ဆိုးအောင် ရည်ရွယ်...ဒီမိုကရေစီ ချစ်သူ ပြည်သူအများ ပြဿနာ မဖြစ် အောင် အထူး သတိထားပြီး... အချင်းချင်း သတိပေး ရှယ်ယာ လုပ်လိုက်ကြပါ..ခင်ဗျား..” ဟု ဖေ့ဘုတ်မှာ ငါးမင်းဆွေရဲ့ ဓာတ်ပုံနဲ့တကွ တင်ထားပါကြောင်း မောင်းခတ် လိုက်ပါတယ်။

ငါးမင်းဆွေကို မြန်အောင်မြို့သူ မြို့သားတွေက ဘယ်လောက်ချစ်ကြောင်း ပြသချက်ကတော့ ကွမ်းတပျစ်ပျစ်နဲ့ သူမျက်နှာကို တမြို့လုံးက ၀ိုင်းပြီး မစင်ပက်ဖို့အထိ လုပ်ကြတဲ့အထိပါပဲ တဲ့။

အိမ့်သံစဉ် ရေးသားသည်

ခွေးချစ်ပြီး ကြောင်ကြောက်တဲ့ မေသက်ခိုင်

5 comments

အခုတလော မြန်မာမော်ဒယ်လောကမှာ လူသိများတဲ့ မော်ဒယ် သရုပ်ဆောင် မေသက်ခိုင်လေးပါဘဲ။

သူကတော့ ရုပ်ရှင် သရုပ်ဆောင် မေသဉ္စာဦးရဲ့ တူမ ချောလေးလည်း ဖြစ်ပါတယ်။ မျိုးရိုးလိုက်ပြီး သရုပ်ဆောင်မှု အောင်မြင်မှုတွေ ဆက်တိုက်ရမယ့် လက္ခဏာလည်း မြင်နေရကြောင်း ပြောဆိုနေကြတယ်။

သူရဲ့ အနုပညာသက်တမ်း ၅ နှစ်လောက်ရှိလာပါပြီ။
၂၄ နှစ်လောက်ဘဲ ရှိပါသေးတယ်။

သူငယ်ချင်းတွေကတော့ သူ့ကို ချစ်စနိုးနဲ့ ခိုင်ခိုင်လို့ ခေါ်ကြတယ်။ တိရိစ္ဆာန်ထဲမှာဆိုရင် “ခွေး”ကို ချစ်ပြီး “ကြောင်” ကို တော့ ကြောက်ပါတယ်တဲ့။

သူ့အကြောင်း မသိဘဲ လျှောက်ပြောတဲ့သူတွေကို သူက မုန်းတယ်ဆိုဘဲ။ ဘယ်သူတွေက သူ့အကြောင်း ဘာတွေ ပြောနေလဲ မသိဘူး။

ဓာတ်ပုံများ - (http://kumondra.com/)

အိမ့်သံစဉ် ရေးသားသည်




ကိုရွှေထူး နဲ့ မဲစာရင်း

0 comments

ကာတွန်းဆရာ ကိုရွှေထူး (ပြည်)

လူသေသော်လည်း နာမည်မသေဘူး ဆိုတာကို ကာတွန်းဆရာက ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်း အမှားအယွင်းနဲ့ ဆက်စပ် ရေးဆွဲထားပါတယ်

ဒီကာတွန်းကို အွန်လိုင်းမှာ လက်ဆင့်ကမ်းနေကြပေမယ့် ဘယ်စာစောင်မှာ ဖော်ပြခဲ့တယ်ဆိုတာ မသိရသေးပါ။
သူ့ ဖေ့စ်ဘုတ် http://facebook.com/koshwehtoo.pyay မှာလည်း ဒီကာတွန်း မတွေ့ရပါ။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved