Pages

Wednesday, February 27, 2013

ကြံတောပြီးတော့ ဟံသာဝတီကားဈေးကွက်



ရန်ကုန်မြို့ နာနတ်တောလမ်း နဲ့  ဟံသာဝတီ လမ်းထောင့်က အပြောင်းအလဲ အင်မတန်များတဲ့နေရာပါ။

အဲဒီနေရာမှာ  ကြံတောသင်္ချိုင်း ဆိုတာ ရှိခဲ့ပြီး သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေမြှုပ်နှံခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က  ကြံတောကို နိုင်ငံတော်က ရှင်းလင်းလိုက်ပြီး ကားပွဲစားတန်းအဖြစ် ဖန်တီးလိုက်ပါတယ်။

အခု အဲဒီ ကားပွဲစားတန်းကိုလည်း ရှင်းလင်းတော့မယ် တဲ့။ ကြံတောသင်္ချိုင်း ပြန်လည်တည်ဆောက်ဖို့တော့ ဟုတ်ဟန် မတူပါဘူး။

ဟံသာဝတီ ကားဈေးကွက် နေရာမှာ မြို့ပြအဆင့်မီ စီမံကိန်းဖော်ဆောင်ဖို့ နေရာပြောင်းရမယ်လို့ အာဏာပိုင်တို့က ပြောပါတယ် တဲ့။

ပြောင်းရမယ့် နေရာက သီရိမင်္ဂလာဈေးဟောင်း ဖြစ်ပါတယ်။


ဆိုင်တွေ၊ ကားတွေနဲ့ စည်စည်ကားကားရှိတဲ့ ဟံသာဝတီကားဝင်းကနေ မပြောင်းရွှေ့လိုတဲ့ ကားဝယ်ရောင်းသမား အများအပြားက ဒီကနေ့ ဆူးလေဘုရားနားက  မြို့တော်ခန်းမရှေ့မှာ  ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူများထဲမှာ ကားဝယ်ရောင်းသမားတွေအပြင် ကားပွဲစား၊ ဟံသာဝတီက ကားရေဆေး အလုပ်သမားများ ပါဝင်ဖွယ် ရှိပါတယ်။ သူတို့ဟာ ဟံသာဝတီမှာ ကာလကြာရှည်စွာ အခြေစိုက်ခဲ့သူတွေပါ။

အာဏာပိုင်တို့က သူတို့ကို အလျှော့ပေးမလား၊ သို့မဟုတ် သူတို့က အာဏာပိုင်တို့ရဲ့ မြို့ပြစီမံကိန်း အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာလား ဆိုတာကိုတော့ မကြာခင် သိရမယ်လို့ ယူဆရပါတယ်။





5 comments:

  1. အစိုး၇က လူထု စကား နားထောင်သင့်ပါတယ်

    ReplyDelete
  2. Strike again for out of electricity as the exams r drawing near.We public have suffered this pain since 1962.Modern Myanmar!!!!!!!!!!!!!

    ReplyDelete
  3. ဒီကားပွဲစားတွေထင်နေတာ ဒီနေရာကိုသူတို.ပိုင်တယ် သူတို.လုပ်ချင်ရာလုပ်ခွင်.ပေးရမယ် ၊ ရန်ကုန်မြို.မှာနေထိုင်နေတဲ. ကျန်တဲ.ပြည်သူလူထုတွေက၊ သူတို.ဖြစ်ချင်တာတွေ ကို လိုက်ထောက်ခံပေးရမယ် ဆိုတဲ.သဘောနဲ. ၊ တမင်သက်သက် ပွဲစားကျင်. ပွဲစားညာဏ်နဲ. အကွက်ဆင်ပြီး ၊ ဆူဆူပူပူ ဖြစ်အောင် ၊ မတည်မငြိမ်ဖြစ်အောင် ၊ နေ.စားတွေတနေ.ကို ၃၀၀၀/ကျပ်နဲ.ငှားပြီး လုပ်နေတာပါ ၊ မြို.တော်နေလူတန်းစားအားလုံး အေးအေး ချမ်းချမ်းနေနိင်ဖို. ၊ ဒီပွဲစားတွေ အထိကရုန်းဖြစ်အောင် ဖန်တီးနေတာတွေကို ၊ မြောက်ပင်.သွေးထိုနေတဲ. နောက်ကွယ်ကအကြမ်းဖက်တွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ. ထိထိေ၇ာက်ေ၇ာက်အချိန်မှီ အရေးယူသင်.ပါတယ်၊

    ReplyDelete
  4. ဒီကားပွဲစားတွေထင်နေတာ ဒီနေရာကိုသူတို.ပိုင်တယ် သူတို.လုပ်ချင်ရာလုပ်ခွင်.ပေးရမယ် ၊ ရန်ကုန်မြို.မှာနေထိုင်နေတဲ. ကျန်တဲ.ပြည်သူလူထုတွေက၊ သူတို.ဖြစ်ချင်တာတွေ ကို လိုက်ထောက်ခံပေးရမယ် ဆိုတဲ.သဘောနဲ. ၊တမင်သက်သက် ပွဲစားကျင်. ပွဲစားညာဏ်နဲ. အကွက်ဆင်ပြီး ၊ ဆူဆူပူပူ ဖြစ်အောင် ၊ မတည်မငြိမ်ဖြစ်အောင် ၊ နေ.စားတွေတနေ.ကို ၃၀၀၀/ကျပ်နဲ.ငှားပြီး လုပ်နေတာပါ ၊ရန်ကုန်မြို.တော်နေလူတန်းစားအားလုံး အေးအေး ချမ်းချမ်းနေနိင်ဖို. ၊ ဒီပွဲစားတွေ အထိကရုန်းဖြစ်အောင် ဖန်တီးနေတာတွေကို ၊ မြောက်ပင်.သွေးထိုနေတဲ. နောက်ကွယ်ကသူတွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ. ထိထိေ၇ာက်ေ၇ာက်အချိန်မှီ အရေးယူသင်.ပါတယ်၊

    ReplyDelete
  5. ဒီကားပွဲစားတွေထင်နေတာ ဒီနေရာကိုသူတို.ပိုင်တယ် သူတို.လုပ်ချင်ရာလုပ်ခွင်.ပေးရမယ် ၊ ရန်ကုန်မြို.မှာနေထိုင်နေတဲ. ကျန်တဲ.ပြည်သူလူထုတွေက၊ သူတို.ဖြစ်ချင်တာတွေ ကို လိုက်ထောက်ခံပေးရမယ် ဆိုတဲ.သဘောနဲ. ၊တမင်သက်သက် ပွဲစားကျင်. ပွဲစားညာဏ်နဲ. အကွက်ဆင်ပြီး ၊ ဆူဆူပူပူ ဖြစ်အောင် ၊ မတည်မငြိမ်ဖြစ်အောင် ၊ နေ.စားတွေတနေ.ကို ၃၀၀၀/ကျပ်နဲ.ငှားပြီး လုပ်နေတာပါ ၊ရန်ကုန်မြို.တော်နေလူတန်းစားအားလုံး အေးအေး ချမ်းချမ်းနေနိင်ဖို. ၊ ဒီပွဲစားတွေ အထိကရုန်းဖြစ်အောင် ဖန်တီးနေတာတွေကို ၊ မြောက်ပင်.သွေးထိုနေတဲ. နောက်ကွယ်ကသူတွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ. ထိထိေ၇ာက်ေ၇ာက်အချိန်မှီ အရေးယူသင်.ပါတယ်၊

    ReplyDelete