Pages

Wednesday, February 27, 2013

နော်ဝေရောက် ဦးသိန်းစိန် ဆန္ဒပြသူတို့နဲ့ရင်ဆိုင်ရ




သမ္မတဦးသိန်းစိန် မနေ့က နော်ဝေနိုင်ငံ ရောက်တော့ ကန့်ကွက်ဆန္ဒပြသူအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နော်ဝေရောက် မြန်မာပြည်သားတို့က ကန့်ကွက်ကြတာပါ။

ကန့်ကွက်ဆန္ဒပြမှု မြင်ကွင်းရုပ်သံကို ယူကျု http://www.youtube.com/watch?v=stlmTEHegBw မှာ တွေ့ရပါတယ်။




အခု တွေ့ရတဲ့ ဓာတ်ပုံတွေအရ - ဗိုလ်ချုပ်ကြီးတို့စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ၊ ကချင်ဒေသအရေး အစိုးရရဲ့ ကိုင်တွယ်မှု အစရှိတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ကြတာ ဖြစ်တယ်လို့ ယူဆရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပထမဆုံး ဥရောပခရီးစဉ်မှာ ကန့်ကွက်ကြမယ့်အကြောင်း ဆန္ဒပြသူတို့က ကြိုတင် ကြေညာခဲ့ကြတာပါ။

ဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ အ၀င် ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ အီတလီ နိုင်ငံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။






(ဓာတ်ပုံတွေကို ကိုညိုရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ကူးယူပါတယ်)

1 comment:

  1. More strikes more strikes!Didn't take action on authorities taking bribes,cronies still invading fields.Farmers r still losing their fields more.Cronies r worst than chitee kalar.Jobless more!Public r in deep poverty!Take action on those still corrupting n backward attitude!Are they leading to democracy or Marshallaw.

    ReplyDelete