လက်ပန်းတောင်းတောင် အကြမ်းဖက် ခံရမှုနဲ့ ပက်သက်ပြီး ဒေသခံ ၃ ဦးက တရားလိုလုပ်ကာ စစ်ကိုင်း တိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် တရားရုံးမှာ နိုင်ငံတော် သမ္မတကို တရားစွဲဆိုခဲ့ပါတယ်။
အဆိုပါ ဆားလင်းကြီးမြို့နယ် တရားသူကြီးက ထူးခြားတဲ့ အမှုဖြစ်စဉ်အနေနဲ့ လက်ခံပြီး မတ်လ ၁၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ သပိတ် စခန်းတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့လို့ မီးလောင်ဒဏ်ရာရတာ၊ ထိခိုက်နာကျင် မှုတွေ ဖြစ်ခဲ့တာတွေ နဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ နိုင်ငံတော် သမ္မတကို တရားစွဲဆိုရတာဖြစ်တယ် လို့ လက်ပံတောင်းအရေး ကူညီပေးနေတဲ့ ကိုသောင်းထိုက်က ဧရာဝတီကို ပြောထားပါတယ်။
“အခုက တရားရုံးမှာ ဦးတိုက်လျှောက်တာပဲ ရှိသေးတယ်။ ဘာပုဒ်မနဲ့မှ တရားစွဲတာမျိုး မလုပ်ရသေးဘူး။ မြို့နယ် တရားသူကြီးကလည်း သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေကို တင်ပြပြီး ဆက်လက် ဆောင် ရွက်သွားမယ်လို့ ပြောတယ်။ ဒီအဆင့်မှာမှ တရားရုံးက လက်မခံရင် ခရိုင်၊ တိုင်းဒေသကြီး၊ ဗဟိုအဆင့်ထိ တရားစွဲဆိုသွားမယ်” လို့ သူက ပြောပါတယ်။
ဤသတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ စနေလင်း ရေးသားတင်ပြထားတဲ့ သမ္မတကို တရားစွဲမှု ထူးခြားဖြစ်စဉ်အဖြစ် တရားရုံးက လက်ခံပြီ ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။
စနေလင်း ~

ဦးသိန်းစိန်ကို ခုထိ သမတ အဖြစ်လက်မခံ နိုင်ပါဘူး။ဘယ်ချောင်ကနေ ထလာပြီးတော့ သမတ ဖြစ်သွားတာလဲ မသိဘူး။ ဘယ်ပြည်သူကမှ သူ့ကိုမသိဘူး။ သူတို့ဟာသူတို့ ရွေးကောက်ပွဲလုပ် သူတို့ဟာသူတို့ သမတ တင် ရွံစရာကြီး။ ဦးသိန်းစိန် က လူကောင်းပါ ဒါပေမယ့် လူတော်တော့မဟုတ်ဘူးဗျ။နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်း သူ့မှာမရှိဘူး။ပြည်သူမတင်ပဲ သမတ တက်လုပ်နေတာ ဟဲဟဲ ရှက်တော့ ရှက်စရာ ကြီးဗျ။ဘေးက စပို့တင်း ကောင်းလို့လဲ ခုလောက်ထိမြဲနေတာပါ။ စပို့တင်း လုပ်ပေး သူတွေရဲ့ ကောင်းနိုးရာရာ လေးတွေ စာရွက်နဲ့ ရေးမှတ်ပြီး ရေဒီယို မိန့်ခွန်းပြောတာလောက်တော့ ခလေးတောင် လုပ်တက်ပါတယ်ဗျာ။
ReplyDelete" နိုင်ငံတော် သမ္မတကို လက်ပန်းတောင်း ကိစ္စနဲ့ တရားစွဲဆို "
ReplyDeleteတော်တော်ဂုဏ်ယူစရာကောင်းတဲ.သတင်းခေါင်းစဉ်ပါ ၊ ဘာရည်ရွှယ်ချက်နဲ. ဒီလိုအလုပ်တွေကို တစိုက်မတ်မတ်အကောင်အထည်ဖေါ်နေကြတာလဲ ? ၊ ကိုယ်အဆင်မပြေလို. ၊ ကိုယ်လိုချင်တာမဖြစ်လို.၊ ကိုယ်.လိုအပ်ချက်အတွက် ၊ ဒီလို နိင်ငံတော်သမ္မတကိုတရားစွဲမယ်ဆိုရင် ၊ ခင်ဗျားတို.ကိုဒီနိင်ငံမှာလာမွေးတဲ. မိဘတွေနဲ. ဒီနိင်ငံမှာခင်ဗျားတို.ကိုလူ.ဘ၀ဖန်တီးပေးတဲ. ၊ ဘုရားကိုပါ တခါထဲတရားစွဲလိုက်ပါလား ၊ ကိုယ်နေတဲ.နိင်ငံရဲ. ကောင်းကြိုး ဆိုးကြိုးကို ကိုယ်တိုင်နားလည်သင်.ပါတယ် ၊ အမေရီကန် ၊အင်္ဂလန် ၊ ဥေ၇ာပ နိင်ငံသားတွေကို ကြည်.ပြီး၊ အဲဒီလိုလိုက်လုပ်နေရင် ၊ ဘယ်တော.မှဖြစ်လာမှာ မ ဟုတ်ပါဘူး၊ တိုင်ပြည်နဲ.လူမျိုးအတွက် အနှောက်အယှက်ပေးသလိုဖြစ်နေပြီ ဆိုတာမမေ.ကြပါနဲ.။
ဟုတ်ပဗျာ
Delete