Pages

Thursday, March 21, 2013

မိတ္ထီလာပဋိပက္ခငြိမ်းအေးဖို့ အထင်ကရသံဃာများနဲ့ ၈၈ ကြိုးပမ်းနေ



မိတ္ထီလာပဋိပက္ခငြိမ်းအေးစေဖို့ မိတ္ထီလာကို သွားရောက် ညှိနှိုင်းနေကြသူများထဲမှာ သီတဂူဆရာတော်၊  ၈၈ မျိုးဆက် ခေါင်းဆောင် မင်းကိုနိုင်တို့လည်း ပါဝင်ပါတယ်။

 

မနေ့ညက ရန်ကုန်ကနေ မိတ္ထီလာကို ထွက်သွားတဲ့ ၈၈ မျိုးဆက် အဖွဲ့ရဲ့ မော်တော်ယာဉ် (ဓာတ်ပုံ - http://www.facebook.com/88GenerationStudents)
 

 "ယနေ့(၂၁၊ ၃၊၂ဝ၁၃)နေ့၊ မနက်တွင် သီတဂူဆရာတော်ကြီး ၊ ဦးဝီရသူနှင့် ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်တို့သည် မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ရောက်ရှိနေကြပြီး၊
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ ငြိမ်းအေးစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။
ထို့နောက် သီတဂူဆရာတော်ကြီး ဦးဆောင်လျက် မိတ္ထီလာမြို့အတွင်း လှည့်လည်၍ ပဋိပက္ခများ ငြိမ်းအေးစေရန် တရားဟောကြမည်ဖြစ်သည်"
လို့ ၈၈ မျိုးဆက် အဖွဲ့ Facebook မှာ ဒီမနက် ရေးထားပါတယ်။

မိတ္ထီလာမှာ မနေ့က ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

  • ဖြည့်စွက်ချက်
သတင်းဂျာနယ်တချို့ရဲ့ အွန်လိုင်းစာမျက်နှာတွေမှာတော့ မိတ္ထီလာမှာ ညှိနှိုင်းတရားဟောနေတာ ရွှေည၀ါဆရာတော် ဦးပညာသီဟ၊ ဦးဝီရသူတို့ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။


ဆက်စပ် -
မိတ္ထီလာတွင် ခိုက်ရန်ဖြစ်ရာက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား
 


1 comment:

  1. ဗုဒ္ဓဘာသာကို ၉၆၉ ဆိုပီး အဆင့်နှိမ့် သတ်မှတ်ခြင်း လုံးဝ ကန့်ကွက်သည်။ ကုလားဘာသာ အား အတုခိုးခြင်း ဖြစ်သည်။ ဘုရား မဟောခဲ့ပါ။ ဗုဒ္ဓဘာသာ အစစ်များ ကန့်ကွက်ပေးကြပါ။

    ReplyDelete