Pages

Thursday, March 14, 2013

ပြည်ပ ထွက်ခွာခွင့် D-Form စနစ် အဆုံးသတ်ပြီ

 နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (ဃ) (D-Form) စနစ်ကို  မနက်ဖြန်က စတင်ပြီး ဖျက်လိုက်ပါတော့မယ် တဲ့။



အခုလို နိုင်ငံခြားထွက်ခွာကြမယ့် သူတိုင်း  ၀န်ပို၊ အချိန်ကုန်၊ လူပင်ပန်းပြီး ၀န်ထုတ်ဝန်ပိုးတခုလိုဖြစ်နေတဲ့  D -Form စနစ်ကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို ကိုးကားပြီး ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။  

D-Form လျှောက်လွှာတင်ခဲ့ရတာဟာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ပြီး  ပြည်ပထွက်ခွာမယ့်သူတိုင်း မဖြစ်မနေ လုပ်ဆောင်ခဲ့ရတာပါ။ 

၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း   မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျင့်သုံးခဲ့တဲ့ စနစ်တခုဖြစ်ပါတယ်။ 


မတ်လ ၁၄ ရက်နေ့ ကြေးမုံသတင်းစာ ဖြတ်ပိုင်း 

အိမ့်သံစဉ် ~



1 comment:

  1. ပြည်ပထွက်ခွါလိုသူများ လိုအပ်သည်ထက်ပို၍ ဒုက္ခခံခဲ့ရသည့် ဥပဒေကို ဖျက်ပေးသည့်အတွက် ၀မ်းသာပါ၏။ သို့သော် ဦးဇင်းများ ပတ်စပို့လုပ်ရာ ဗီဇာ လျောက်ထားရာတွင် ယခင်က ထုတ်ထားသော ညွန်ကြားချက်များ ရှိနေပါသေးသည်။ ထိုညွှန်ကြားချက်များကိုလည်း ဖျက်ပေးရန် မေတ္တာရပ်ခံလိုပါ၏။ ဥပမာဆိုရသော် ထိုင်းဗီဇာ ရရှိရန်အတွက်
    ၁။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတံဆိပ်ပါသော ပင့်ဖိတ်စာ ယူရပါ၏
    ၂။ ထိုပင့်စာကို သာသာနာရေးက လက်ခံကာ နေပြည်တော်သို့ ပို့ပေးပါ၏။
    ၃။ တဖန် နေပြည်တော်မှ ထောက်ခံချက်ပေးပါ၏။
    ၄။ ထိုသို့ ပြည့်စုံပါမှ မြန်မာပြည်ရှိ ထိုင်းသံရုံးက ဗီဇာဖောင်ကို လက်ခံပါ၏။
    ၅။ လေယာဉ်လက်မှတ် အသွားအပြန်ပြရ၏( ဤကိစ္စကား ဖြစ်သင့်ကြောင်း အားလုံး နားလည်ပါ၏။)
    ၁ မှ ၄ အထိ လုပ်ငန်းစဉ်များအတွက် ရဟန်းတော်များမှာ အချိန်ကုန် အလုပ်များ ကုန်ကျစရိတ်ပို များလှပါသည်။ သံရုံးတာဝန်ရှိသူကို မေးကြည့်သောအခါ မြန်မာနိုင်ငံ ဋ္ဌာနဆိုင်ရာအရာရှိများက ထိုသို့ ပြည့်စုံမှ ဗီဇာဖောင် လက်ခံရန် အကြောင်းကြားထားသည်။ ထိုအကြောင်းမှုကို ယခုထိ မရုတ်သိမ်းသေး သဖြင့် သူတို့လည်း ဆက်လက် ကျင့်သုံးရသည် ဟု ဆိုပါသည်။ ဤကိစ္စအတွက် ဋ္ဌာနဆိုင်ရာမှ လိုအပ်သလို ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပါသည်။

    ReplyDelete