Pages

Saturday, May 18, 2013

ဗိုလ်ချုပ်ကြီးရဲ့ ကော်ဖီကော်နာ

ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ သားသမီးတွေ ဆိုင်ကြီး၊ လုပ်ငန်းကြီးတွေ ဖွင့်လှစ်လုပ်ကိုင်
အဆင်ပြေနေတာဟာ မြန်မာပြည်မှာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။


သို့သော်လည်း အခု နောက်ဆုံးပေါ်ဆိုင်တခုက ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဖွင့်တဲ့ ကဖေးဆိုင် ဖြစ်နေတဲ့အတွက် အများအပြားက စိတ်ဝင်စားနေကြတာပါ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ အဲဒီ ရန်ကုန်မြို့ န၀ဒေးလမ်းမှာ ပေါ်ပေါက်လာတဲ့  ကဖေး နဲ့ အတူ အနုပညာဆိုင်ရာလုပ်ငန်းတခု၊ အရောင်းဆိုင်တခု ပါဝင်နေခြင်းပါ။
တိတိကျကျပြောရရင်  နဝဒေး ကော်ဖီကော်နာ၊ နဝဒေး အနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာတို့ ဖြစ်ပါတယ်။



 လုပ်ငန်းရှင်ဗိုလ်ချုပ်ကြီးဟောင်း ဘာတွေ ပြောထားသလဲ၊ ဆိုင်အနေအထား ဘယ်လို ရှိသလဲ ဆိုတာတွေကို ဧရာဝတီသတင်းအဖွဲ့ရဲ့ မှတ်တမ်းရုပ်သံမှာ တင်ဆက်ထားပါတယ်။ 

ဗိုလ်ချုပ်ကြီးဟောင်းရဲ့ နောက်ဆုံးလှုပ်ရှားမှုအကြောင်းကို ဧရာဝတီအင်္ဂလိပ်ပိုင်း စာမျက်နှာမှာလည်း Burma’s Former Spy Opens Art Gallery in Rangoon ခေါင်းစဉ်နဲ့ တွေ့ရမှာပါ။ 
လင့်က  http://www.irrawaddy.org/archives/34608 ဖြစ်ပါတယ်။


 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



2 comments:

  1. ဦးခင်ညွန့် လည်း သူ့ အရင် ထောက်လှမ်းရေး အကြီးအကဲ ဦးတင်ဦး လို သစ်ခွပန်းတွေစိုက်၊ ပန်းချီပြခန်းဖွင့် (ပန်းချီ ဆရာကြီးဦးလွန်းကြွယ်လိုနံမည်ကြီး ဆရာကြီးများကအစ၊ ကိုနေမျိုးဆေးတို့ လို ပန်းချီသမားများရဲ့  ပန်းချီ ကားတွေကိုပြ)၊ အမှတ် တရပစ္စည်းတွေရောင်း၊ သာရေးနာရေး ကိစ္စတွေမှာ လိုက်တက်ပေး၊ နောက်ဆုံး နေ၀င်ချိန်ကို စောင့် ၊…… တရားရ စရာကောင်းပါတယ်။

    Danabala

    ReplyDelete
  2. လူတွေမှာ ဒုက္ခဆိုတာ ကိုယ်တိုင်ခံစားပြီးမှ ကိုယ်ချင်းစာတတ်ကြတယ်။ ဒါပေမဲ့ အသိတရားရတဲ့နေ့ဟာ နောက်ကျတယ်လို့မရှိပါဘူး။

    ReplyDelete