Pages

Friday, May 10, 2013

ကွန်ပြူတာမှာ Viber ထည့်ပြီး ဖုန်း အခမဲ့ခေါ်နိုင်ပြီ

                 
Viber ဆိုတဲ့နာမည်ကို မြန်မာပြည်မှာ လူအများအပြား ရင်းနှီးပြီးသား ဖြစ်မှာပါ။ 
Viber ဟာ စာပို့ ခြင်း နဲ့ နိုင်ငံခြားသို့  ဖုန်းခေါ်ဆိုခြင်းကို အင်တာနက်ကို ကြားခံအဖြစ် အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်တဲ့ software တခုပါ။

နိုင်ငံခြားနေပေမယ့် Viber  အားကိုးနဲ့  ဖုန်း အခမဲ့ခေါ်နိုင်ပါပြီ
နောက်ပိုင်း လူသုံးများတဲ့ WhatsApp, Line and WeChat တို့ လိုပဲ  Viber ဟာ လူကြိုက်များတဲ့ messaging apps အမျိုးအစားတခု ဖြစ်ပါတယ်။

ဒီလို အင်တာနက်ကွန်ရက်တွေကြားကနေ စာပို့ တဲ့စနစ်ဟာ ရေပန်းစားတာမို့  Social Network တခုဖြစ်တဲ့ Facebook ဟာလည်း သူ့ရဲ့ စာပို့ စနစ်ကို  ပိုမိုကောင်းမွန်လာအောင် ပြုပြင်ဖန်တီးနေသလို၊  တဖက်ကလည်း ပိုက်ဆံပေးပြီး စာပို့ ရတဲ့စနစ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။

(ဒါ့အပြင်
Facebook က သူ အခြေစိုက်ရာ ဒေသမှာ တယ်လီဖုန်း ၀န်ဆောင်မှုတခု ထွင်ထားပါသေးတယ်။ ဒီအကြောင်း အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ ဆိုပြီး ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/01/facebook_19.html မှာ ဖော်ပြထားပါတယ်)

ဒါကြောင့်ပဲ
Viber ဟာ အပြိုင်အဆိုင် တွေကြားကနေ  ထိုးဖောက်ထွက်လာပြီး အခုအခါမှာ မိုဘိုင်းဖုန်းတွေမှာသာ အသုံးပြုလို့ ရတဲ့စနစ်ကနေ ကွန်ပြူတာတွေမှာ သုံးလို့ ရအောင် ဖန်တီးလိုက်နိုင်ပါပြီ။

Viber 3.0 ဟာ အင်္ဂါနေ့ တုန်းက iOS နဲ့  Andriod ဖုန်းတွေအတွက်နောက်ဆုံး version ထွက်လာသလို  ကွန်ပြူတာ နဲ့ အသုံးပြုလို့ ရအောင်လည်း ပထမဦးဆုံးအကြိမ်ထွက်ရှိလာတာပါ။

ကွန်ပြူတာမှာလည်း Windows ကွန်ပြူတာတွေအတွက် ကော Mac ကွန်ပြူတာတွေအတွက်ပါ အသုံးပြုလို့ ရအောင် ထွက်ရှိလာပါတယ်။

 Viber ဟာ မိုဘိုင်းလောက မှာကြီးစိုးအပြီး  ကွန်ပြူတာတွေမှာလည်း ပရိသတ်ရရှိဖို့ ဈေးကွက်ချဲ့ ထွင်လာကြောင့် နာမည်ကျော် Skype  နဲ့ အပြိုင်ဖြစ်လာတော့မှာပါ။

အင်တာနက်ကနေ ဖုန်းပြောဖို့ ရတဲ့စနစ်မှာ ကြီးစိုးလာတဲ့ Viber ကို  ယခုအချိန်မှာ အသုံးပြုသူ သန်း ၂၀၀ ကျော် ရှိပြီး   ပုံမှန် အသုံးပြုသူ သန်း ၁၀၀ လောက် ရှိနေတယ်လို့  Viber အမှုဆောင်အရာရှိချုပ်  တယ်မွန်မာကို က ပြောဆိုသွားပါတယ်။

နောက်ဆုံးအသစ်ထွက်ရှိတဲ့ Viber 3.0 မှာ စွမ်းဆောင်ရည်အသစ်တွေ ပါရှိလာပါပြီ။ ဗီဒီယိုဖိုင် ပို့ လို့ရပါတယ်။ ဒါ့အပြင် "stickers" ပုံ အသစ်တွေကိုပါ ပေးပို့ နိုင်မှာဖြစ်ပါတယ်။

အရင်တုန်းကတော့ iPhone ရှိမှ၊  Andriod ဖုန်းရှိမှ သုံးနိုင်တယ် ဆိုတဲ့ အကန့်အသတ်တွေနဲ့ ကြုံခဲ့ရတာပါ။
ခုတော့  မိမိရဲ့အိမ် (သို့ ) အင်တာနက်ဆိုင်က ကွန်ပြူတာသုံးပြီး 

အဝေးရောက် ဆွေမျိုးသားချင်းတွေနဲ့  အင်တာနက်ကွန်ရက်ကနေ စကားပြောနိုင်ပါပြီ။

အသုံးပြုချင်တယ်ဆိုရင်တော့ http://www.viber.com/#windows ကို သွားရောက်ပြီး သင့်ရဲ့စက်ထဲကို ကူးယူအသုံးပြုနိုင်ပါတယ်။


ဆောင်းဦးလင်း ~



.


1 comment: