Pages

Tuesday, June 18, 2013

သဇင် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဖာရုပ်သီချင်းအကြောင်း


မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK  သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။

ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ။

 “ကျမတို့ကို ဝေဖန်ထားတဲ့ သူတွေက စပွန်ဆာ ယူထားတဲ့သူတွေချည်းပဲ ဖြစ်နေတယ်။ ဒါ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာပဲလေ။
 ကြိုက်တဲ့သူနဲ့ ကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတွေကို မနှိမ်သင့်ဘူး၊ .....
အဲဒီမှာ ကျမ အိုင်ဒီယာတခု ရသွားတာ။ ..... သူတို့ရဲ့ မှားနေတာတွေကို ပြန်ပြီးတော့ မြင်စေချင်တာ။ အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီသီချင်းကို ကျမတို့ ဆိုဖြစ်တာပါ” လို့ ပြောပြပါတယ်။

YAK  သဇင် က ဧရာဝတီကို အဲဒီလို ပြောပြပါတယ်။

“တည့်ပဲ ဆော်မယ်ကွာ၊ တည့်မှ ထိတာ ဆိုပြီးတော့ ရေးလိုက်တာပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး YAK က ရိုင်းရင် ရိုင်းသွားမယ်ပေါ့နော်။ ဒါပေမယ့် ဒါတွေဟာ တကယ့် အဖြစ်အမှန်တွေပါလို့ ပရိသတ်ကြီးကို သိစေချင်ပါတယ်” လို့ သဇင်က   ပြောပါတယ်။

YAK  သဇင် ပြောပြချက် အပြည့်စုံ ပါဝင်တဲ့ သတင်းအပြည့်အစုံကိုတော့ http://burma.irrawaddy.org/archives/42414 မှာ ဖတ်နိုင်ပါတယ်။

ဒီသဇင်က YAK  သဇင် ဖြစ်ပါတယ်။
No အဖွဲ့ဝင်ဟောင်း သဇင် မဟုတ်ပါ။

ခပ်ကြမ်းကြမ်း လဖာရုပ် သီချင်း တင်ထားတဲ့ ယူကျု လင့်တွေကတော့ https://www.youtube.com/watch?v=CwjtknQlgBM
http://www.youtube.com/watch?v=1IL2L77XZKE တို့ ဖြစ်ပါတယ်။


.

3 comments:

  1. ပုတ်ခတ်တဲ့ သီချင်းကို သတင်းလုပ်ပြီး တင်တာ၊ ပုဂ္ဂိုလ်ရေးဆဲဆိုတဲ့ သီချင်းကို ဒီနေရာမှာ လာတင်လိုက်တော့ စိတ်တော်တော်ပျက်သွားတယ်ဗျာ။ ဧရာဝတီ ညီအကိုများ ညီအမများအနေနဲ့ အဆင့်အတန်းရှိရှိ သတင်းတွေကို ရေးတင်စေချင်ပါတယ်။

    ReplyDelete
  2. ဧရာဝတီက ဒီလိုဖော်ပြလို့လည်း အခုလိုသိရ ဖတ်ရတာပါ... ဘာသာရေး Website သက်သက်ချည်းမဟုတ်တဲ့ အတွက် အခုလို သတင်းတင်တာဟာ အပြစ်မဟုတ်ပါဘူးးး... ဒီလိုမျိုးသတင်းတွေ မမြင်ချင် မဖတ်ချင်တဲ့ သူတွေဟာ ကျော်ဖတ်သွားပိုင်ခွင့်ရှိပါတယ်..

    ReplyDelete
  3. မဟုတ်တဲ့သတင်းမတင်တာအကောင်းဆုံးပဲ

    ReplyDelete