Pages

Saturday, June 1, 2013

ကား အမြန်မောင်းသူတွေ သိထားဖို့

မြန်မာနိုင်ငံမှာ ယာဉ်အမြန်မောင်နှင်မှုကြောင့် ယာဉ်အန္တရာယ်တွေ မကြာခဏဖြစ်ပြီး သေဆုံးမှုတွေ မြင့် တက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးတွေ၊ မြို့ကြီးတွေမှာ ကားအမြန်မောင်းနှင်မှုကို အတိ အကျ မှတ်တမ်းတင်နိုင်မယ့် ကင်မရာတွေ တပ်ဆင်ပါတော့မယ်။ 

 ကင်မရာကို မိတ်ဆက်နေစဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း

အဲဒီကင်မရာဟာ အမေရိကန်က ထိပ်တန်း နည်းပညာကုမ္ပဏီ တခုဖြစ်တဲ့ Laser Technology Inc. က ထုတ်လုပ်တဲ့  Traffic Over Speed Enforcement Laser ကိရိယာကို သုံးပြီး ယာဉ်အန္တရာယ်ကို တားဆီး ကာကွယ်ဖို့ အဆိုပါ ကိရိယာမိတ်ဆက်ပွဲ တခုကို မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ 

ဒီကင်မရာဟာ ဓာတ်ပုံတွေကိုသာမက ဗီဒီယို မှတ်တမ်းကိုလည်း ၉၉ ရာခိုင်နှုန်းထိ တိတိကျကျ တိုင်းတာ ယူနိုင်ပြီး ကားအမျိုးအစား၊ နံပတ်ပြားတွေကိုပါ အထင်အရှား မှတ်တမ်းတင်နိုင်မှာ ဖြစ်သလို GPS စနစ် သုံးထားတဲ့အတွက် လည်း နေရာကိုပါ အတိအကျညွှန်ပြနိုင်မယ်လို့ ဆိုထားတာကို ယနေ့ထုတ် နိုင်ငံ ပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒီလို High-Resolution image Camera အမျိုးအစားကို ကမ္ဘာ့နိုင်ငံတွေမှာ ရာခိုင်နှုန်း ၈၀ လောက် အသုံးပြုနေတာလည်းဖြစ်တယ်လို့ သတင်းစာမှာ ဆိုထားပါတယ်။ ဒီကင်မရာ အသုံးပြုတဲ့အတွက် အရှိန်လွန် မြန်နှုန်းမြင့် မောင်းနှင်လို့ ဖြစ်ရတဲ့ ယာဉ်အန္တရာယ်တွေ လျော့ပါးသွားမှာဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။ 

ဒီကင်မရာကို မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် အသုံးပြုတော့မှာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် ကားအရှိန် မြန်နှုန်းမြင့် မောင်းနှင်သူတွေကို ဒီကင်မရာနဲ့မှတ်တမ်းယူကာ ဖမ်းဆီးနိုင်မှာဖြစ်တာ
ကြောင့် ကားအမြန်မောင်းသူတွေ သတိထားဆင်ခြင်ရတော့မှာပါ။ ဒါမှလည်း မြန်နှုန်းမြင့်မှုကြောင့် ယာဉ် မတော်တဆဖြစ်မှုတွေ ကျဆင်းလာဖွယ် ရှိပါတယ်။ 



အိမ့်သံစဉ် ~


1 comment:

  1. ကင်မ၇ာမှာ...ဥပဒေအပေါ်ကလူရဲ့ကားကို...မိပြီဆိုပါတော့...ဘယ်လိုအေ၇းယူမှာလဲ...ဘက်ထ၇ီနဲ့လုပ်လုပ်မှာလား..ဘက်ထ၇ီက..ဘယ်လောက်ကြာကြာခံသလဲ?..လျှပ်စစ်မီးနဲ့ဆို၇င်တော့..စဉ်းစားစ၇ာဘဲ...ကမ္ဘာ့နိုင်ငံတွေမှာသုံးနေပေမဲ့..မြန်မာနှိုင်ငံမှာသုံးလို့မ၇ပါဘူး။

    ReplyDelete