Pages

Saturday, June 22, 2013

ဦးသိန်းစိန် နားရမယ့်အချိန်ကို တရုတ် CPI မျှော်လင့်နေ




သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်းကို သူ သမ္မတသက်တမ်း ကုန်ချိန်အထိ ရပ်ဖို့ ပြောထားပါတယ်။
ဒါကြောင့် တရုတ် နိုင်ငံ CPI  ကုမ္မဏီကလည်း သမ္မတသက်တမ်း ကုန်အောင် စောင့်နေပါတယ် တဲ့။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို ရောက်လာတဲ့ ပေးစာတစောင်မှာ ဖတ်ပါ -


CPI အရာရှိကြီးများသည်  (ဇွန်လ၊ ၁၄ ရက်၊ ၂၀၁၃) ရက်နေ့က  မြစ်ဆုံရေကာတာတည်ဆောက်ရာနေရာသို့ သွားရောက် လေ့လာကြသည်။
အောင်မြင်သာကျေးရွာရှိ နှစ်ခြင်းဘုရားကျောင်း ကော်မတီအဖွဲ့နှင့် အတူ သွားရောက်ကြည့်ရှုခြင်း ဖြစ်သည်။

အသင်းတော်ကော်မတီဝင် ဆရာမရစ်ဘောက်ဆန့်က CPI နှင့် အစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။

CPI က ယခုအချိန်တွင် အစိုးရအနေနဲ့ စာချုပ်အား ပယ်ဖျက်လို့မရနိုင်ကြောင်း၊ အကယ်၍ စာချုပ်သဘောတူညီမှုကို ကတိဖျက်ခဲ့မည်ဆိုလျှင်လည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအားဖြင့် ပြန်လည် လုပ်ဆောင်နိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

သို့သော် သမ္မတကြီးက စာချုပ်အား ဖျက်မည့်အကြောင်းမပြောဘဲ ယာယီ ရပ်ဆိုင်းမည်ဟုသာပြောသောကြောင့် သမ္မတ သက်တမ်းကုန်မည့် ရက်ကိုသာစောင့်နေရကြောင်း ဒေသခံများအား ပြောခဲ့သည်။

အောင်မြင်သာကျေးရွာအတွက် လုပ်ဆောင်ပေးထားသော အိမ်ယာများကို နောက်ဆက်တွဲ ကူညီမည့် အစီအစဉ် ရှိမရှိ  ဒေသခံ ဆရာမ ဒေါ်ရွယ်တောင် မေးမြန်းခဲ့သည်။



ဆက်လက်ကူညီစရာအကြောင်းမရှိပဲ စေတနာသက်သက်ကြောင့်သာ အခုလိုကူညီထောက်ပံ့ပေးခဲ့သည်၊
ထို့ပြင် အခုဆောက်လုပ်ပေးထားသည့် အိမ်ယာများသည် နဂိုအိမ်ထက်ကြီးအောင်ဆောက်ထားပေးသည်၊
ထိုအိမ်များ ပျက်စီးချို့ယွင်းလာရခြင်းမှာ အိမ်ယာများ ဆောက်လုပ်ချိန်တွင် လူကြီးများ မြန်မြန်ဆောက်လုပ်ပေးရန် တွန်းအားပေးမှုတွေကြောင့် Asia World က သစ်စိုများ အဖြင့် အချိန်လောက်မှုမရှိဘဲ  မြန်မြန်ဆောက်လုပ်လိုက်ရခြင်းဖြစ်ကြောင့်ဖြစ်သည်၊ သို့သော် Asia World က ကြိုးစားပြီး ပြန်လည်ပြုပြင်ပေးနေသည်ဟု CPI မှ ပြောသည်။

ရေကာတာစီမံကိန်းကြီးသည် ဒေသခံများ ဖွံ့ဖြိုးရေးအတွက် အရေးပါကြောင်း၊  မိမိတို့ (CPI) အနေဖြင့် မြစ်ဆုံရေကာတာကြီး ဆက်လက် လုပ်ဆောင်နိုင်ရန်  ကြိုးစားနေကြောင်းလည်း ပြောကြားခဲ့သည်။ 


ဆက်စပ်

မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားမှု CPI ဥက္ကဋ္ဌနှင့် အင်တာဗျူး (၁)
http://blog.irrawaddy.org/2011/10/cpi.html

  မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားမှု CPI ဥက္ကဋ္ဌနှင့် အင်တာဗျူး (၂)
http://blog.irrawaddy.org/2011/10/cpi_06.html

1 comment:

  1. လုံးဝ လုံးဝ လက်မခံနိုင်ပါခင်ဗျာ ပြည်သူတရပ်လုံးနဲ့ ကာကွယ်သွားပါ့ မယ်

    ReplyDelete