ဇူလိုင် ၁ ရက်စွဲတပ် Time မဂ္ဂဇင်းမှာ ဦးဝီရသူကို မျက်နှာဖုံး တင်ထားပါတယ်။ The Face of Buddhist Terror လို့ မျက်နှာဖုံးဆောင်းပါးကို အမည်တပ်ပါတယ်။
ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒီ လို့ ဘာသာပြန်လို့လည်း ရမယ် ထင်ပါတယ်။
Facebook သုံးသူတဦးဖြစ်တဲ့ ကိုငြိမ်းချမ်းအေးကတော့ "ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မှု မျက်နှာစာ တခု" လို့ ဘာသာပြန်ရင် နီးစပ်မယ်လို့ သူ့စာမျက်နှာမှာ ရေးထားပါတယ်။

(ဆောင်းပါးကို အွန်လိုင်းမှာ နိဒါန်းပိုင်းပဲ တင်ထားတာပါ။ သူတို့အွန်လိုင်းမှာ အပြည့်အစုံ ဖတ်မယ် ဆိုရင်တော့ Time ကို ငွေပေးပြီး ပုံမှန်ဖတ်သူ ဖြစ်ရပါမယ်။) ဆောင်းပါး မဖတ်ရသေးပေမယ့်လည်း ဒီလို ခေါင်းစည်းတပ်ထားတာကို သဘောမကျသူ အများအပြား ရှိနေပါတယ်။
Time ရဲ့ အွန်လိုင်းကပုံကို အင်တာနက်မှာ အထူးသဖြင့် Facebook မှာ တွေ့ပြီး ကန့်ကွက်ကြ၊ ထောက်ခံကြ၊ ဝေဖန် သုံးသပ်ကြတာ တွေ့ရမှာပါ။
ဦးဝီရသူရဲ့ အယူအဆကို မကြိုက်ရင် မကြိုက်တဲ့အကြောင်း ပြောခဲ့တယ်၊ သို့သော်လည်း ဒီလို The Face of Buddhist Terror လို့ သုံးနှုန်းတာကိုတော့ ကန့်ကွက်တယ်လို့ တယောက်က ဆိုပါတယ်။
Time မဂ္ဂဇင်းကို ဆန့်ကျင်ကြောင်း ပြောဆိုသူလည်း အများအပြားပါပဲ။
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မအင်ကြင်းကတော့ Time မဂ္ဂဇင်းဟာ စာနယ်ဇင်းအလုပ်ကိုသာ လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ သူ့ Facebook မှာ ရေးလိုက်ပါတယ်။
"အစ္စလမ်ဘာသာအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေကို ဝေဖန်ရေးသားတဲ့ ဆောင်းပါးတွေဟာ တိုင်းမ် မဂ္ဂဇင်းမှာ မရေတွက်နိုင်အောင်များပြားလှပါတယ်" လို့ မအင်ကြင်းက ရေးပါတယ်။
ဆက်စပ်အင်တာဗျူး - ဦးဝီရသူနှင့်တွေ့ဆုံခြင်း - http://burma.irrawaddy.org/archives/36663
Nationalist Monk U Wirathu Denies Role in Anti-Muslim Unrest www.irrawaddy.org/archives/31215

ရန်ကုန်မှာ ထုတ်ဝေတဲ့ The Ladies ဂျာနယ်၊ The Messenger သတင်းစာ စတဲ့ စာနယ်ဇင်းများမှာလည်း Time မဂ္ဂဇင်း ဖော်ပြချက်ကို သတင်းလုပ်ထားကြတာ ဒီနေ့ တွေ့ရပါတယ်။

Time မဂ္ဂဇင်း၏ ဖော်ပြချက်သည် ခြသေ့င်္ကို မြေခွေးလုပ်ခြင်းဟု ဆရာတော်ဦးဝီရသူ မိန့်ကြား ဆိုတဲ့ ခေါင်းစဉ်နဲ့ The Messenger သတင်းစာ သတင်းတပုဒ်မှာ ခေါင်းစဉ်တပ်ထားပါတယ်။မြန်မာပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများနဲ့ ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့မှာ ဧရာဝတီက ဆရာတော် ဦးဝီရသူကို ဆက်သွယ်မေးမြန်းထားပါတယ်။ http://burma.irrawaddy.org/archives/36663 မှာ ဖတ်ရှုနိုင်ပါတယ်။
ဦးဝီရသူပုံကို အာရှနဲ့ ပစိဖိတ်တောင်ပိုင်းဒေသတို့ကို ဖြန့်မယ့် Time မှာ မျက်နှာဖုံး တင်ထားပါတယ်။
ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက တို့ကို ဖြန့်မယ့် Time မှာလည်း တင်ပါတယ်။ အမေရိကန်မှာ ဖြန့်မယ် မဂ္ဂဇင်းမှာတော့ တခြားအကြောင်းအရာကို မျက်နှာဖုံးတင်ထားတာပါ။ ကမ္ဘာအရပ်ရပ်ပျံ့တဲ့ အပတ်စဉ်ထုတ် Time မဂ္ဂဇင်းက တနင်္လာရက်စွဲတပ်ပြီး ကြိုတင်ဖြန့်ချိတာ တွေ့ရပါတယ်။
.
+(2).jpg)
Power make power , Peace make Peace , Violence make Violence!
ReplyDeleteWho care right or wrong?
For me, seriously, I want Peace!
And i believe every human do it so.
အမျိုးဘာသာ သာသနာအတွက် မှန်ကန်တဲ.လုပ်ရပ်ဖြစ်တဲ.အတွက် အရှင်ဦးဝီရသူ ကို ဗုဒ္ဓဘာသာဝင်တွေ ဆက်လက်ထောက်ခံနေမှာပါ ၊ ဒီလိုဖေါ်ပြရေးသားချက်တွေဟာ ကျွန်တော်တို. ဗုဒ္ဓဘာသာဝင်တွေအတွက် ပိုပြီးပူးပေါင်းဆောင်ရွှက်ရမယ် ၊ဗုဒ္ဓဘာသာဝင်အချင်းချင်း စည်းစည်းလုံးလုံး ရှိရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါဘဲ။
ReplyDeleteNot only budhist is human but also others believer are human.Every God said be patient and love each other. So whatever other say need to patient.if ..not you are the one what they say (terrorist).
ReplyDeleteအကြမ်းဖက်ဝါဒ အစွန်းရောက်ဝါဒ ကိုလက်မခံဘူးလည်းဆိုသေး ဘာကြောင့်များသူတပါးအသက်အိုးအိမ်ပျက်စီးအောင် ဘာသာရေးခုတုံးလုပ်ပြီး ဘာကြောင့်ဝိနည်းလွတ်သွေးဆောင် ရတာလဲ ဗုဒ္ဓဘာသာဝင်တွေစည်းလုံးတာပြချင် ရင် လူတွေသတ်ဖို့အိမ်တွေမီးရှို့မှလား စစ်မှန်သောဗုဒ္ဓလမ်းစဉ်နဲ့ယှဉ်စဉ်းစားပါ ကျွန်တော်တို့နိုင် ငံမှာလိုအပ်နေတာက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စည်းလုံးနေထိုင် ခြင်း နဲ့ အခက်အခဲ တွေကိုစုပေါင်းဖြေရှင်းခြင်းပါပဲ ဒီမိုက ရေစီဆိုတာ ဘာသာတစ်ခု လူမျိုးတစ်စုကိုအ ခြေမခံပါ ဆရာတော်ရဲ့တရားတွေဟာ သာသနာကိုခုတုံးလုပ်ပြီးလူမျိုးမုန်းတီးရေးအတ္တလမ်းစဉ်ကိုအခြေခံပါတယ် ဗုဒ္ဓလမ်းစဉ်နဲ့ မသက်ဆိုင် ပါ
ReplyDeleteကျွန်တော် ဆရာတော်ရဲ့ တရားတွေလည်း မနာဖူးပါဘူး။ ဆရာတော်ရဲ့ လုပ်ဆောင်မှုတွေကိုလည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်ခံစားမိတာကတော့ စိုးရိမ်မယ်ဆို အလွန်စိုးရိမ်ရမဲ့ အချိန်အခါ တစ်ခုကို ရောက်နေတယ် ထင်ပါတယ်။ သမိုင်းစာမျက်နှာတွေကို လှန်ကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ အရင်က ဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်ခဲ့တဲ့ အိန္ဒိယတို့ ၊ အာဖဂန်နစ္စတန်တို့၊ အင်ဒိုနီးရှားတို့ စတဲ့နိုင်ငံတွေဟာ ယနေ့အခါမှာ ဘာသာခြားတိုင်းပြည်တွေ ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ အဲဒီတော့ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံး ခံတပ်ကြီးသဖွယ်ဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံဟာလည်း စိုးရိမ်စရာပေါ့ဗျာ။ ဒါပေမဲ့ ဗုဒ္ဓအလိုတော်ကျ ထိရောက်တဲ့နည်းလမ်းဖြစ်ဖို့တော့ လိုအပ်တာပေါ့။
ReplyDeleteကျွန်တော် သတိထားမိနေတာ ကြာပါပြီ။ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင်အများစုဟာ ဗုဒ္ဓဘာသာရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတို့ရဲ့ ဂုဏ်တော်တွေကိုတောင် သေချာမသိကြတဲ့သူတွေ များနေတာ တွေ့နေရပါတယ်။ ဂုဏ်တော်တွေလောက်မှ မသိတော့ ဘယ်လိုလုပ် အလေးအနက် ကြည်ညိုနိုင်ကြမှာလဲဗျာ။ ဖာသိဘာသာပဲ နေကြမှာပေါ့။ ဘုရားရဲ့အဆုံးအမတွေ သိဖို့ဆိုရင်တော့ ဝေလာဝေးပေါ့။ စိတ်ကူးထဲတောင် မထည့်ကြသူတွေ များပါလိမ့်မယ်။ အဲဒီတော့ အဲဒီအသိတွေကို အရေးတကြီး ထည့်သွင်းပေးဖို့ လိုအပ်နေပြီ ထင်ပါတယ်။ သိမှကျင့်ကြံနိုင်ကြမှာပါ။ မသိလို့ မကျင့်ရင် ယခုဘဝကော ၊ သံသရာအတွက်ပါ နစ်မွန်းသွားကြပါလိမ့်မယ်။
အမြန်ဆုံးနဲ့ ထိရောက်မှုရှိအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ?.. ကျွန်တော် တွေးမိတာကတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာလိုမျိုး သိသင့်သိထိုက်တဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကို ဆရာတော်ကြီးများ စုပေါင်း၍ သင်ခန်းစာပြုစုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာမေးပွဲတွေ ကျင်းပပြီး မက်မောလောက်တဲ့ ဆုကြေး၊ ဘွဲ့တံဆိပ်တွေ ချီးမြင့်ပေးမယ်ဆိုရင် ထိရောက်မယ် ထင်ပါတယ်။ တတ်နိုင်မယ်ဆို အသက်အရွယ်အလိုက် အတန်းတွေ သတ်မှတ်ပြီး မြို့နယ်၊ တိုင်း၊ နိုင်ငံ အဆင့်ဆင့် ရွေးချယ်သင့်ပါတယ်။
တွေ့ကြုံရမဲ့ အခက်အခဲက သင်ခန်းစာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သင်ကြားပေးရမှာ ခက်ခဲမှာ တစ်ခုပါ။ ဒါအပြင် သင်တန်းသားတွေ အနေနဲ့လည်း အချိန်မပေးနိုင်တာတွေ ဖြစ်လာမှာပါ။ အဲဒါကို ဖြေရှင်းဖို့ကတော့ သင်ခန်းစာတွေကို ဆရာတော်၊ သံဃာတော်တွေမှ တရားပွဲအနေနဲ့ နေရာတစ်ခုခုမှာ ဟောပြောပေးပြီး Audio files , Video files အနေနဲ့Record လုပ်၊ Mp3, Video , ကက်ဆက်ခွေတွေအနေနဲ့ တစ်နိုင်ငံလုံး ဖြန့်ချိပေးမယ်ဆို တစ်ချက်ခုတ် နှစ်ချက်ပြတ် လူငယ်ရော၊ လူကြီးတွေပါ အားလပ်တဲ့အချိန်တွေမှာ နာကြားနိုင်ပါလိမ့်မယ်။ သင်ခန်းစာစာအုပ်တွေ အနေနဲ့လည်း ရိုက်နှိပ်ဖြန့်ချီလို့ ရပါတယ်။
ကျွန်တော် စဉ်းစားမိတဲ့ နည်းလမ်းလေးပါပဲ။ ဗုဒ္ဓရဲ့ စစ်မှန်တဲ့အဆုံးအမတွေ ရင်ထဲမှာ ကိန်းအောင်းသွားမယ်ဆို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတာတွေ တိုးတက်ပြီး ပဋိပက္ခတွေလည်း လျော့နည်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါ။ ဆရာတော် သံဃာတော်ဘုရားများနှင့်တကွ နိုင်ငံတော်အစိုးရပါ ပူးပေါင်းဆောင်ရွက်ပြီး လူမျိုး၊ ဘာသာ ၊ သာသနာကို အရှည်တည်တံ့အောင် စောင့်ရှောက်နိုင်ကြပါစေခင်ဗျာ....