Pages

Friday, September 20, 2013

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ဖို့ စစ်တပ်က ကူညီနေရ

 ~


 မြန်မာ့တပ်မတော်ဟာ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ကူညီနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ်နဲ့ တွေ့ဆုံရာမှာ ပြောလိုက်ကြောင်း ကြာသပတေးနေ့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။
 


"မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ ဒီမိုကရေစီစနစ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ တပ်မတော်အနေဖြင့် အောင်မြင်အောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း" လို့ ဖော်ပြထားတာပါ။

ကာချုပ် ပြောဆိုသွားတာကတော့ အများကြီးပါပဲ။
အဲဒီအချက်လေး သဘောကျလို့ ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံများကိုတော့ ၀န်ကြီးချုပ် ရင်လပ် ရှင်နာဝပ်ရဲ့ Facebook ကနေ သွားရောက် ယူငင်ထားတာပါ။

ကြီးနှစ်ကြီးရဲ့ တွေ့ဆုံမှုမြင်ကွင်းများကို မမြင်ရသေးသူများ လေ့လာနိုင်ဖို့ တင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ် ဖတ်ရှုသင့်တဲ့ သတင်းတချို့ကို ကောက်နုတ်ပေးရရင် ...

ထိုင်းဘုရင်က ချီးမြှင့်သည့် တော်ဝင်ဘွဲ့တံဆိပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံ (သတင်းတို)
http://burma.irrawaddy.org/archives/40924

Former Thai PM Thaksin Meets Min Aung Hlaing in Burma
http://www.irrawaddy.org/archives/32345

Burma Military Chief Discusses Dawei Project with Thai PM http://www.irrawaddy.org/archives/44356

 
ကာချုပ်က ရင်လပ်နာဝပ်နဲ့ ဆုံရာမှာ ထားဝယ်ရေနက်ဆိပ်ကမ်းအကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့  ဧရာဝတီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ကာချုပ်က သင်္ကြန်တုန်းက
ရင်လပ်နာဝပ်ရဲ့ အစ်ကိုဖြစ်သူနဲ့ မေမြို့/ပြင်ဦးလွင် မှာ ဆုံခဲ့တဲ့သတင်းကလည်း လူပြောများတဲ့ သတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။












 

.

1 comment:

  1. "မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ ဒီမိုကရေစီစနစ်ဖြင့် ပြုပြင်ပြောင်းလဲမှုမျာုးလုပ်ဆောင်လျက်ရှိရာ တပ်မတော်အနေဖြင့် အောင်မြင်အောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း”...ဟားဟားဟားဟား.....မင်းအောင်လှိုင်..ကာချုပ်မလုပ်ဘဲ..လူရွင်တော်လုပ်၇င်ပိုပြီးအောင်မြင်မယ်...၂၀၁၃ခုနှစ်မှာ..အရီ၇ဆုံးပျက်လုံးတခုပေါ့။

    ReplyDelete