Pages

Tuesday, September 24, 2013

NLD ပါတီဟာ ဘယ်လိုပါတီမျိုးလဲ ဆိုတာ ( ရုပ်/သံ)

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလောက် လုပ်ကိုင်နိုင်တဲ့ပါတီ ရှိရင်ပြောပါဆိုပြီး မနေ့ ညနေ က စင်ကာပူနိုင်ငံ၊ ရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တယောက်ရဲ့ အမေး ကို ပြန်လည်မေးမြန်း ဖြေကြား လိုက်ပါတယ်။ 


အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၁၅ မတိုင်ခင် ပြောင်းဖို့လိုပြီး မပြောင်းခဲ့ ရင်တော့ ဖွဲ့စည်းပုံ ပြောင်းတာထက် ဆိုးတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ လည်း 
ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ 

သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေကို အောက်က ရုပ်/သံမှာ ဖော်ပြထား ပါတယ်။

  


အိမ့်သံစဉ် ~

6 comments:

  1. ဒေါ်အောင်ဆန်းစုကြည်နဲ.NLD ပါတီဟာ နိင်ငံနဲ.ပြည်သူလူထုအပေါ်တောင်းဆိုမှုတွေတော်တော်များနေပြီ ၊ ပြည်သူလူထုစားဝတ်နေရေးအတွက်လိုအပ်ချက်တွေကို တတ်နိင်သလောက် အာဏာရအစိုးရနဲ.ပူပေါင်းဆောင်ရွက်ပြီးတော.ဘာတခုမှမလုပ်ဘူး ။ တနေ.တနေ. တပွဲပြီးတပွဲ နေရာပြီးတနေရာ လှည်ပတ်ပြီး သူတိုလုပ်ချင်တာ သူတို.ဖြစ်ချင်တာတွေကိုဘဲ ထောက်ခံဖို. အားပေးဖို. ကိုနည်းမျိုးစုံ ပုံစံမျိုးစုံနဲ. ပြည်သူတွေကို စိတ်ဆင်းရဲအောင်လုပ်နေကြတယ် ။ တကယ်တန်းပြောရရင် ပါတီဝင်မဟုတ်တဲ. သာမာန်ပြည်သူလူထုဖြစ်စေချင်တာ စားဝတ်နေရေး အဆင်ပြေစေဖို.ပါ ၊ ဘယ်သာမန်ပြည်သူလူထုကမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်တာ မဖြစ်တာ စိတ်မ၀င်စားဘူး ၊ NLD ပါတီကိုအကြံပြုချင်တာကတော. ပြည်သူလူထုကိုမကူညီနိင်ရင်တောင် စိတ်ဆင်းရဲအောင်လုပ်နေတာတွေရပ်ပါတော.လို. အကြံပြုပါရစေ။

    ReplyDelete
  2. ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီက ... နိုင်ငံနဲ့ပြည်သူလူထုအပေါ် ဘာတွေတောင်းဆိုလို့လဲ .... တောင်းဆိုတာလို့ ယူဆပြီး အမြင်ရှိခဲ့ရင် သူတို့ရဲ့ကိုယ်ကျိုးအတွက်လား ... နိုင်ငံနဲ့ ပြည်သူတွေအတွက်လား ..... အသိဥာဏ်ဦးနှောက်နဲ့ တွေးကြည့်လေ ....... ဟိုလူတွေအော်ခိုင်းလို့တော့ အော်မနေပါနဲ့
    ပြည်သူလူထု စားဝတ်နေရေးအတွက် လိုအပ်ချက်ကို အာဏာရအစိုးရက ပူးပေါင်းဆောင်ရွက်ခွင့် ပေးနေပြီလား လက်ခံနေပြီလား ဘယ်နေရာမှာတုန်း ဘယ်တုန်းကလဲ မသိလို့ .... မြန်မာပြည်မှာ နေတာ ဟုတ်ပါတယ်နော် ... NLD နဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေသာ မရှိခဲ့ရင် မြန်မာနိုင်ငံမှာ ဘာဖြစ်သွားမယ်ထင်မြင်လဲ ....သူတို့ကို အတိုက်အခံလုပ် ထောက်ပြမဲ့သူမရှိဘဲ အာဏာရအစိုးရက နိုင်ငံနဲ့ ပြည်သူလူထုအပေါ် စေတနာရှိစွာနဲ့ မှန်မှန်ကန်ကန် အုပ်ချုပ်နေမယ်လို့များ ထင်နေလို့လား .... ဦးသိန်းစိန် အစိုးရဟာ စစ်ယူနီဖေါင်း ချွတ်ထားတဲ့ အရေခွံချွတ်အစိုးရ ဆိုတာရောသိရဲ့လား .... အဲဒီအစိုးရက စစ်တပ်အပေါ် သြဇာလွှမ်းမိုး အမိန့်ပေးနိုင်လို့လား (အချင်းချင်းတွေပဲနော် ယူနီဖေါင်းဝတ်တာနဲ့ ချွတ်တာပဲကွာတယ်) အနှစ်နှစ်ဆယ်ကျော် တိုင်းပြည်နဲ့ ပြည်သူအပေါ် ဘယ်လိုမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေမှန်း ခုထိသဘောပေါက်ပုံ မရဘူးထင်တယ် ..... အစိုးရက သပ်သပ် .... စစ်တပ်က သပ်သပ် ကိုယ့်အာဏာနဲ့ကိုယ်အုပ်ချုပ်နေတာ အစိုးရရဲ့အောက်မှာ စစ်တပ်က မရှိနေဘဲ သီးခြားလိုဖြစ်နေတာ ဘာသဘောလဲဆိုတာ သိရဲ့လား .... ဘယ်သူက အဲလိုဖြစ်အောင် လုပ်ထားခဲ့ လုပ်နေဆဲဆိုတာရော စဉ်းစားမိလား ... ကြည့်ရတာ ကိုယ့်လူက အဲဒီအုပ်စုထဲက ကိုယ့်ဒါမှမဟုတ်ရင် သူတို့ကို ထောက်ခံ ပံ့ပိုးနေတဲ့ လူပဲဖြစ်မယ်ထင်တယ် .... ခင်ဗျားကို ကြည့်ရတာ တော်တော် စိတ်ဆင်းရဲနေပုံရတယ် ငါရဲ့စားခွက် ငါ့စည်းစိမ် ပျက်တော့မယ်ဆိုပြီး .... ဒေါ်စု သမ္မတဖြစ်တာ မဖြစ်တာ စိတ်မဝင်စားဘူးဆိုတာထက် မဖြစ်စေချင်တာက ကြံ့ဖွတ်နဲ့ စစ်အာဏာရှင်အုပ်စုပါ နောက် သူတို့ရဲ့လက်ပါးစေ လက်ကိုင်ဒုတ်နဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက်အချို့မှန်း ... ဦးနှောက်ရှိတဲ့လူတိုင်း နားလည်ပါတယ် ...... ဒီလိုလုပ်လေ သမ္မတကို အမေရိကန်မှာရွေးသလို ပြည်သူက တိုက်ရိုက်မဲပေး ရွေးချယ်တင်မြှောက်တဲ့ပုံစံနဲ့ ရွေးချယ်ကြည့်လိုက်ပေါ့ .... ပြည်သူလူထုက ဘယ်သူ့ကို ရွေးချယ်တင်မြှောက်ကြမလဲဆိုတာ .... တရားမျှတ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်မဲပေးခွင့် ရှိဖို့လိုသလို .... မဲခိုးတာတို့ မဲလိမ်တာတော့ မလုပ်ဖို့တော့လိုတယ် .... လက်စလက်နက ရှိပြီးသားမို့ သတိပေးတာပါ ....

    ReplyDelete
  3. ဟိုအပေါ်ဆုံးက ကွန်မန်းရေးတဲ့သူက ပြည်သူလူထုရဲ့ စားဝတ်နေရေးအခက်အခဲကို သိသားပဲ။ စစ်အုပ်စုနဲ့ အပေါင်းအပါတစ်စုသာ ကျိကျိတက်ချမ်းသာကြွယ်ဝနေတာကျတော့ ထည့်မပြောပါလား။ ကိုယ့်တစ်ဖို့တည်း ချမ်းသာဖို့သာ ကြည့်ပြီး တရုတ်လိုနိုင်ငံမျိုးနဲ့ တိုင်းပြည်အနာခံပြီး ကုန်သွယ်မှုတွေ သယံဇာတထုတ်ယူမှုတွေ လုပ်ခဲ့တယ်။ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်လာတာ တပြည်လုံး ကျန်းမာရေး၊ ပညာရေးတွေလည်း ယိုယွင်းပျက်စီး ချွတ်ခြုံကျခဲ့ပြီ။
    ပြည်သူလူထုတရပ်လုံးနဲ့ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥာဏ်ပညာ မေတ္တာ စေတနာကို နားလည်သဘောပေါက်ပြီး ထောက်ခံအားပေးနေချိန်မှာ တကယ့်အဖြစ်မှန်နဲ့ ဝေးကွာတဲ့ ကွန်မန်းမျိုး ရေးထွက်တဲ့ သူတွေ ရှိနေတာကို တွေ့ရတော့ စိတ်ပျက်မိတယ်။

    ReplyDelete
  4. ရာမည သီဟSeptember 25, 2013 at 11:04 PM

    ပြည်သူတွေက အရင်အုပ်ချူပ်ခဲ့ ဘူးတဲ့လူတွေ လက်အောက်မှာ အဆိုးဆုံးကို နှစ်ပေါင်းများစွာ ရင်ဆိုင် ခဲ့ကြပြီးပြီ။ အုပ်ချူပ်ခဲ့ တဲ့ လူတွေကလဲတကယ်လို့ နိုင်ငံအပေါ်တကယ့် တိုးတက်စေချင်တဲ့ စေတနာ အမှန်သာရှိခဲ့ရင် ဒေါ်စုကိုပုတ်ခတ်နေမယ့်အစားးး အပြောင်းအလဲ ဖြစ်အောင် ဒေါ်စုကိုသမ္မတလုပ်ခွင့်ပေးလိုက်ပါလား။ စမ်းသပ်ကြည့်တဲ့သဘော ပေါ့။ဘာမှမတိုးတက်လာဘူးဆိုလဲ ခု လက်ရှိ အခြေ အနေအတိုင်း အ၇င်းဘဲဖြစ်မှာပါ။ တကယ်လို့ ဒီထက်ပိုကောင်းအောင်ဒေါ်စု လုပ်ဆောင်ပေးနိုင်မယ်ဆို အမြတ်ပေါ့။ဒါမှ ပြည်သူတွေ သည်းသည်းလှူပ်နေကြတဲ့ ဒေါ်စုဆိုတာ အပြော သက်သက်လား အလုပ် နဲ့ သက်သေပြသလားဆိုတာ ပြည်သူတွေ ကိုယ်တိုင် သုံးသပ် ခွဲခြား နိုင်ကြမှာပါ။ သေချာတာတခုက နိုင်ငံတိုးတက်အောင် ဒေါ်စု သေချာ မုချလုပ်နိုင်မယ်ဆိုတာ ယုံကြည်နေကြလို့ ဒေါ်စုကို သမ္မတ လုပ် ခွင့်မရအောင်ပိတ်ပင်နေတာ. ။လောလောဆယ် မြန်မာပြည်မှာ ဒေါ်စုလောက် နိုင်ငံတကာအပေါ် သြဇာ လွှမ်းမိုးနိုင်တဲ့လူ တယောက်မှ မမြင်မိသေးတာအမှန်ဘဲ။

    ReplyDelete
  5. အပေါ်ဆုံးမှာ ဦးဦးဖျားဖျား Comment လေးကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ဖြစ်တလဲ အမေစုသည် မည်မျှပင် ပညာတတ်စေကာမူ။ တိုင်းပြည်နှင့် ပြည်သူအကျိုးအတွက် မည်မျှပင် အသက်ပေး ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခံစေကာမူ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အောင်မြင်မှုရနိုင်မည်မဟုတ်ဟုထင်မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်သူများအားလုံးသည် ဦးနေဝင်း အုပ်ချုပ်သည့် လက်ထက်မှစ၍ မျိုးဆက်သုံးဆက်တိုင် သဘောတရားအရ တွေးခေါ်စဉ်းစားတတ်သော ဦးဏှောက်များ အဖြုတ်ခံထားရသော လူတူ (Clone) စက်ရုံထုတ်များ ၃ ပုံ ၂ ပုံ ဖြစ်ပါသဖြင့် မြန်မာနိုင်ငံ နှင့် ကျန်ရှိသော နိုင်ငံသားများသည် လွတ်လပ်ရေး မရနိုင်တော့ပါကြောင့် အသိပေးကြေငြာအပ်ပါသည်ခင်ဗျား။လဒူ ....ဟူ....ဟူ ...ဟက် ဟက် ဟက်.....ဒက်ဒက်ဒက်....

    ReplyDelete
  6. ဒေါ်အောင်ဆန်းစုကြည် NLD ပါတီဝင်တွေရဲ. သာမန်ပြည်သူတယောက်ရေးသားတင်ပြတာကို ဘယ်လိုသဘောထားမှတ်ချက်ပေးတယ်ဆိုတာကို ၊ပါတီဝင်မဟုတ်တဲ. ကျွန်တော်တို.လို သာမန်ပြည်သူတွေ သိလိုက်ရလို. ၊ ပေါ်ဆုံးက Comment ရေးတဲ.သူကိုကျေးဇူးတင်ပါတယ် ။

    ReplyDelete