Pages

Monday, December 23, 2013

ပြည်ပအရက်တင်သွင်းမှုဥပဒေကို ပြန်လည် သုံးသပ်နေပါပြီ

 ~



  တရားမ၀င် သွင်းလာတယ် ဆိုတဲ့ အရက်ပုလင်းတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးအပြီးမှာ မြန်မာအစိုးရက ပြည်ပအရက်တင်သွင်းမှုဥပဒေကို ပြန်လည် သုံးသပ်နေပါပြီ။ 
 


ဓာတ်ပုံ - ရန်လင်းအောင် facebook

ပြန်လည် သုံးသပ်ရေးအတွက် စီးပွားကူးသန်းဝန်ကြီးဌာနက  ဖိတ်ခေါ် တွေ့ဆုံပြီး ဦးဏှောက်မုန်တိုင်းဆင်ကြသူတွေထဲမှာ ဥပဒေကျွမ်းကျင်သူ၊ ပြည်တွင် ယမကာ လုပ်ငန်းရှင်၊ အခွန်လွတ်ဆိုင်အရာရှိ၊ ဟိုတယ်မန်နေဂျာ၊ အခွန်ဌာန စသဖြင့် စသဖြင့် အများကြီးပါပဲ။

အရက်တင်သွင်းခြင်းဥပဒေကို ဘယ်လို ပြုပြင်ပြောင်းလဲမယ်၊ အရက်တင်သွင်းခြင်းဆိုင်ရာ အရေးယူမှုက ယမကာနဲ့ဆက်စပ်လုပ်ငန်းကို မည်သို့မည်ပုံ ထိခိုက်သွားသလဲ ဆိုတာတွေ ပါဝင်ပါတယ်။

အရက်အမျိုးအစားတခုဖြစ်တဲ့ ဝိုင် ကို တင်သွင်းခွင့် ပေးတော့မယ် ဆိုတဲ့ ထင်ကြေးတွေနဲ့ ပတ်သက်ပြီး စီးပွားကူးသန်း ညွှန်မှူးတဦးက ငြင်းပါတယ် - သွင်းခွင့် မပေးသေးပါဘူး တဲ့။
အချိန်ယူပြီး အကဲဖြတ် သုံးသပ် စောင့်ကြည့်ပါဦးမယ်လို့ ဆိုတယ်။

မူရင်းသတင်း နဲ့ ဆက်စပ် ဆောင်းပါးတို့ကို အောက်ပါ လင့်များမှာ သွားရောက် ဖတ်နိုင်ပါတယ်။
လတ်တလော အငြင်းပွားဖွယ် ယမကာဆိုင်ရာကိစ္စရပ်တွေကို ရေးသားထားတာ ဖြစ်ပါတယ်။

Burma to Review Booze Import Policy: Ministry
http://www.irrawaddy.org/business/burma-review-booze-import-policy-ministry.html

စီးပွား/ကူးသန်း၏ မိုဘိုင်းအဖွဲ့ ဖမ်းဆီးမှု တရားမျှတခြင်း
မရှိ

http://burma.irrawaddy.org/business/2013/12/20/52490.html



 

 



.

2 comments:

  1. မြန်မာပြည်မှာဘာဥပဒေမှမရှိပါ...အခုမှဥပဒေပြဌာန်းဘို့အတွက်လေ့လာသုံးသပ်နေတုံးပါဘဲ။ဥပဒေအပေါ်ကလူတွေကိုအေ၇းယူနိုင်၇န်ဥပဒေပြဌာန်းဘို့အတွက်လဲသုံးသပ်ပါအုံး။

    ReplyDelete
  2. သူခိုးလက်ကတစ်ဝက်လုပြီးစားလို့ရတဲ့လူတွေကိုတော့မဖမ်းနဲ့လူကြီးသားသမီးဆိုတဲ့လူတွေတရားမဝင်ကိစ္စတွေလုပ်တော့မဖမ်းကြနဲ့ပိုက်ဆံမရှိအာဏာမရှိတဲ့ထမင်းစားရရုံရုန်းကန်ရှာဖွေစားသောက်နေရတဲ့လက်လီဆိုင်အသေးအမွှားလေးတွေကိုတော့အနိုင်ကျင့်ဖမ်းဆီးပြနဲ့တော်တော်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေ

    ReplyDelete