~
မြတ်ခိုင်နဲ့ ဦးခင်ညွန့် အင်တာဗျုးမှာ ညာတဲ့သူက ညာတယ်၊၊ ယုံတဲ့သူက ယုံတယ်၊၊
သမိုင်းဆိုတာက ခဲဖျက်နဲ့ ပြန်ဖျက်လို့ရတဲ့ကိစ္စမျိုးမှ မဟုတ်တာဗျာ။
အေဘီ(မပ)မှာ ဖြစ်သွားတာတွေတော့ ကျွန်တော်မသိဘူး၊၊
ဒါပေသိ ကရင်နယ်စပ်ကို တောခိုတဲ့အဖွဲ့ထဲမှာ ပါခဲ့ဖူးသူ အသွင်ယူ ကျောင်းသားယောင် တစ်ယောက်ကိုတော့ ၂၀၀၉ ခုနှစ်က ကျနော် ချောင်းသာသွားရင်း လမ်းကြုံတာမို့ ပုသိမ်ဟိုတယ်ကို လှမ်းခေါ်ပြီး ဘီယာတိုက်ခဲ့ရင်း နောက်ဆုံးတွေ့ဖြစ်ခဲ့တယ်။
ကျောင်းသားတွေနဲ့အတူ တောခိုဖို့ သွားခဲ့တဲ့ တပ်ဖွဲ့ဝင်(၃) ယောက်ထဲမှာ သူတစ်ယောက်သာ အသက်ရှင်ရက်နဲ့ ပြန်လာနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၀၄ တုန်းက အဖမ်းခံရမှာကြောက်လို့ တာဝန်ထမ်းဆောင်ဆဲတပ်ကနေ ထွက်ပြေးရင်း အဲဒီတုန်းက ငပုတော-သာပေါင်း ဝန်းကျင်မှာ ၀ါးပွဲစားလိုလို၊ သစ်သမားလိုလိုနဲ့ ကြုံရာလုပ်စားနေပါတယ်။ ခုချိန်ထိ ရှိဦးမယ် ထင်ပါရဲ့၊၊
၁၉၈၈ ခုနှစ်အရေးအခင်းကာလမှာ ကသောင်းကနင်းဖြစ်ခဲ့ရတာ မဆလအစိုးရပါ၊၊ ဖရိုဖရဲမဖြစ်ခဲ့တဲ့ တပ်မတော်က စနစ်တကျနဲ့ အာဏာသိမ်းသွားနိုင်ခဲ့ပါတယ်၊၊
အရေးအခင်းကာလ တလျောက်လုံးမှာလည်း ကက(လှမ်း)ကလည်း အချိန်နဲ့တပြေးညီ လှုပ်ရှားနိုင်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်၊ စရဖအစီရင်ခံစာတွေအရ မြန်မာပြည်က တက္ကသိုလ်အသီးသီးမှာ စရဖ တပ်ဖွဲ့ဝင် ကျောင်းသား (၃၁) ဦး၊ ကျောင်းသား သတင်းပေး (၂၀) ဦးနဲ့
ဝန်ထမ်းသတင်းပေး (၁၀) ဦး ရှိခဲ့ပါတယ်။
ဒါ့အပြင် စရဖက ထောက်ပံ့ကြေး ပေးထားတဲ့ ကျောင်းသား (၇) ဦးနဲ့ ကျောင်းသူ (၃) ဦးတို့ကို
ကွန်ပျူတာတက္ကသိုလ်၊
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊
ဒဂုံတက္ကသိုလ်၊
ရန်ကုန်တက္ကသိုလ်၊
စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)၊
သန်လျင်နည်းပညာတက္ကသိုလ်၊
မှော်ဘီနည်းပညာ တက္ကသိုလ် တို့မှာ မြှပ်နှံထားပါတယ်။
ဒါတွေက ကျောင်းသားတွေအတွင်းမှာ မြှုပ်နှံထားတဲ့ အတွင်းသတင်းပေးတွေပါ။
ဒါ့အပြင် စရဖအကူ(၂) လက်အောက်ခံ ဖြစ်တဲ့
ဌာနခွဲ(၁)(ရန်ကုန်)၊
ဌာနခွဲ(၂)(တောင်ကြီး)၊
ဌာနခွဲ(၃)(မန္တလေး)တို့ကနေ တက္ကသိုလ်/ ကောလိပ်/ ဂျီတီစီတွေကို စောင့်ကြည့်သတင်းယူတဲ့ ကြီးကြပ်သူ အရာရှိ(၃)ဦး၊ အခြားအဆင့် (၇၇) ဦးတို့လည်း ရှိပါသေးတယ်။
ဒါတောင် စရဖဖွဲ့ခဲ့တာ (၃) နှစ်ကျော်ကာလပဲရှိပါသေးတယ်။ ကက(လှမ်း)လို ၀ါရင့်သဘာရင့် မဟုတ်သေးပါဘူး။
ကျောင်းသားသတင်းပေးတွေ၊ ကျောင်းသားစောင့်ကြည့် တပ်ဖွဲ့ဝင်တွေအမည်စာရင်းတွေကို ရေးလက်စ စရဖအကြောင်းဆောင်းပါးတွေမှာ ဖော်ပြပေးသွားပါမယ်။
၂၀၀၇ ခုနှစ်က စာရင်းမို့ လူအပြောင်းအလဲတွေတော့ ရှိနိုင်ပါတယ်။
.

+(C9+(Custom)+(Customd+(Custom).jpg)
Right.My friend took a duty of spy as GTI student but he also was arrested in Singapore due to using of forgery GTC certificate,
ReplyDeleteThe BIG fish for COE, YTU staying alive is Zaw Htet Aung, head of Petroleum Engg Dept surely !
ReplyDeleteI believe your comment. Currently, even the assistant professor of COE, YTU is working as a mole to spy other good professors. He know nothing about engineering but spying only.
ReplyDelete