Pages

Sunday, February 23, 2014

အုပ်စုဖွဲ့ ရမ်းကားခဲ့တဲ့ ပြိုင်ကားပြဿနာနဲ့ နောက်ဆက်တွဲ


တလောက ပြိုင်ကားတွေ အုပ်စုဖွဲ့ပြီး အငှားယာဉ်ကို ရိုက်နှက်ရမ်းကားမှု ဖြစ်ခဲ့ပြီးနောက်မှာ ပထမ ပြိုင်ကား တစီးကို ဖမ်းဆီးသိမ်းယူခဲ့ပြီး အခုတော့ နောက်ဆက်တွဲအနေနဲ့ နောက်ထပ်ပြိုင်ကား ၂ စီးကို မိဘတွေက လာရောက်အပ်နှံခဲ့ကြတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့ 
ဖော်ပြထားပါတယ်။ 


 ဓာတ်ပုံ- ရဲဇာနည်

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ဖျက်ဆီးခဲ့သည့် အမှုမှ ပြိုင်ကား(၂)စီးကို မိဘများမှလာရောက်အပ်နှံ 

 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှား ယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့ အားရိုက်နှက် ထိုးကြိတ် ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မ ရဲစခန်း(ပ) ၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။ 

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ 
တော်ဝင်ချယ်ရီအိမ်ရာတွင် ရပ်ထားသည့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအားတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကျန်ပြိုင်ကားများအားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိစဉ် ၂၁.၂.၂၀၁၄ ရက်နေ့ ၂၂၄၅ အချိန်တွင် မရမ်းကုန်းမြို့နယ်၊(၂)ရပ်ကွက် နေ ကိုထက်(ခ) ဇာနည်(ခ) ဇာနည်ထက်ဝေ၏ YGN 3G-1470 (V 300 ARISTO) အဖြူရောင်ပြိုင်ကားနှင့် ၂၂.၂.၂၀၁၄ ရက်နေ့ ၁၈၃၀အချိန်တွင် လှိုင်မြို့နယ်၊ (၂)ရပ်ကွက်နေ ဝေယံလင်း၏ ၅င/၈၅၆၇ MAZDA RX-8 ခဲပုတ်ရောင်ပြိုင်ကားတို့အား ၎င်းတို့၏ မိဘများမှ ရဲစခန်းသို့ပို့အပ်ပေးခဲ့ သဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။ 

အခုလို နောက်ထပ် ပြိုင်ကား ၂ စီး လာရောက်အပ်နှံခဲ့တာဖြစ်လို့ ရဲတပ်ဖွဲ့က အခုဆို ပြိုင်ကား ၃ စီးကို သိမ်းဆည်းရမိခဲ့ပြီးဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 






.



6 comments:

  1. အမှုပေါ့အောင်လုပ်တာပါ။သားတွေကိုပါလာအပ်စေချင်ပါတယ်။

    ReplyDelete
  2. ကားသည်တရားခံမဟုတ်ပါ။

    ReplyDelete
  3. ရိုးသားစွာ လုပ်ကိုင် ရှာဖွေ နေ တဲ့ သူ တွေ ကို ကာ ကွယ် ဖို့ အဲလိုြ ပိုင်ကား တွေကို ပြင်း ပြင်း ထန်ထန် အရေး ယူ သင့် ပြီ။

    ReplyDelete
  4. အရင်က မစီ:ဘူ:တဲ့ ပြိုင်ကားစီ:လဲစီ:နိုင်ရော
    `` မြင်းကိုဂျိုတပ်တယ်ခေါ်မလား၊ မျောက်အုန်:သီ:ရ ခေါ်မလား
    ရာဇပလ္လင်မျောက်တက်ထိုင်လား
    စိန်လက်စွပ်ဘဲဝတ်ရမလို ဟိုဒင်းဘဲစားရမလိုလား´´
    အောက်ခြေလွတ်ကုန် ပါလေရော။
    တန်ရာတန်ရာဘဲကောင်းပါတယ်

    ReplyDelete
  5. ပြိုင်ကားစီးချင်းသည်အပြစ်တစ်ခုမဟုတ်ပါအချို့သောသူများသည်အပြစ်တစ်ခုလို့ထင်ကြသည်ထိုသူများသည်ကိုမစီးနိုင်သောကြောင့်မနာလိုဖြစ်သောသူဖြစ်သည်စီးနိုင်ရင်ဝယ်စီးပါမျက်စောင်းမထိုးပါနဲ့

    ReplyDelete
  6. စိတ်မရှိကြပါနဲ့ ကျွန်တော်ကိုတိုင်သည်လည်း ပြိုင်ကားမောင်းသောကြောင့်ဖြစ်သည်။

    ReplyDelete