Pages

Friday, March 21, 2014

မွေ့ယာပျံတခုက ထရပ်ကားတိုက်လိုက်တဲ့ စက်ဘီးသမားကို ကယ်တင်


မွှေ့ယာပျံ တခုကြောင့် အသက်ဘေးက သီသီလေး လွတ်သွားတဲ့ စက်ဘီးသမား တဦးရဲ့ ကံကြမ္မာ အလှည့် အပြောင်းကို မျက်ဝါး ထင်ထင်တွေ့ရတဲ့ စီစီ တီဗွီက ဖမ်းယူရမိထားတဲ့ မှတ်တမ်း တခုဖြစ်ပါတယ်။



ဘရာဇီး စက်ဘီးသမား တဦးဟာ တကယ့်ကို မယုံနိုင်လောက်အောင်ပဲ ထရပ်ကားတစီးက သူ့ကို တိုက် လိုက် တဲ့ တချိန် တည်း မှာ လေထဲ မြောက်သွားပြီး အလွန်တိုက်တိုက်ဆိုင်ဆိုင် မွှေ့ယာတခုက သူ့ကို သယ်ဆောင်ကာ မြေပြင်ကို အသာ အယာလေး ကျခဲ့ပါတယ်။ 

့မြန်မာပြည်မှာဆိုရင်တော့ အဲဒီစက်ဘီးသမားက မွှေ့ယာပျံကို ထိုင် ကန်တော့နေမယ့် သဘော ရှိမယ် ထင်ပါတယ်။ 

အရှိန်နဲ့ မောင်းလာတဲ့ စက်ဘီးကတော့ ဖြတ်တိုက်သွားတဲ့ ထရပ်ကားကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ ဒါပေမယ့် အထူး ခြား ဆုံးဖြစ်ရပ်က မွေ့ယာတခုက စက်ဘီးသမားကို ကယ်လိုက်တဲ့ တိုက်ဆိုင်မှုတခု ဖြစ်ပါတယ်။ 

ဘရာဇီးစက်ဘီးသမားရဲ့ သေမင်းရဲ့ ခြုံခိုတိုက်ခိုက်ခံလိုက်ရတာကို လုံခြုံရေး ကင်မရာ က မှတ်တမ်းတင်ထားတာဖြစ်ပြီး စက္ကန့် ၂ဝ လောက် ကြာပါတယ်။ 

ထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့ နေရာကတော့ စိန်ပက်ထရစ်နေ့ ( အခု ၂ဝ၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့ ) မှာ ကားလမ်းတလျှောက် ယာဉ်အသွား အလာ ရှုပ်ထွေးနေချိန် Foz do Iguaçu မြို့ အနောက်တောင်ဘက်မှာ ဖြစ်ပါတယ်။ 

အခုဖြစ်ရပ်သတင်းဖော်ပြထားတာမှာ မွေ့ယာက ဘယ်ကနေ ပျံလွှား ရောက်လာတယ်ဆိုတာ လူတွေက သတိမထားမိဘဲ ကားတိုက်ခံလိုက်ရသူ မွှေ့ယာပျံပေါ် ကပ်ပါလာတာကြောင့် သူ့ရဲ့ အခြေအနေကိုပဲ လူတွေက အာရုံထားမိခဲ့ကြတယ်လို့ ဆိုထားပါတယ်။ 

မွေ့ယာပျံက ကယ်တင်လိုက်တဲ့ စက်ဘီးသမားကတော့ နည်းနည်းပါးပါး ဒဏ်ရာလောက်တော့ ရသွားတယ် လို့သာ သတင်းမှာ ဖော်ပြထားပြီး လမ်း လျှောက်နိုင်ကာ ကျောင်းကိုဆက်သွားခဲ့တယ်လို့ ဖော်ပြထား ပါ တယ်။


 

အိမ့်သံစဉ် ~













 


4 comments:

  1. လွဲတယ်​ မှို့ယာတင်​တဲ့ကားက ပြုတ်​ကျတဲ့ဟာကတိုက်​တာ

    ReplyDelete
  2. ဟုတ်ပါတယ် မွှေ့ယာက ကားပေါ်ကပြုတ်ကျလာတာပါ အမှန်ဆို စက်ဘီးသမားလဲရတာကလဲ မွှေ့ယာပြုတ်ကျလာလို့ မဟုတ်ရင် စက်ဘီးသမားလဲ မလဲဘူး

    ReplyDelete
  3. သတင်းရေးတာကလဲ ရေးတာပေါ့ဗျာ..ဘာလဲဗျာ မြန်မာပြည်မှာဆို ထိုင်ကန်တော့ရမယ်တဲ့ ကြည့်လဲရေးပါဦးဗျာ..ကိုယ့်တိုင်းပြည်ကို ပြန်လှောင်သလို ဖြစ်နေတယ်..မြန်မာစာ အရေးအသားလဲ လေ့လာကြည့်ကြပါဦး

    ReplyDelete