Pages

Thursday, March 20, 2014

လေယာဉ်ပျက်ကလို့ ယူဆရတဲ့ အပိုင်းအစတချို့ ပင်လယ်ထဲ တွေ့ပြီ

~

 

  -
ပဟေဠိ မလေး လေယာဉ်ရဲ့ အပိုင်းအစတချို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာတချို့ ပင်လယ်ထဲ မျောနေတာ တွေ့ရတယ် ဆိုတဲ့ သြစတေးလျ အနောက်တောင်ဘက်ကမ်းခြေကို ရှာဖွေရေးလေယာဉ်တွေ ဦးစားပေး ရှာဖွေ နေပါတယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

 သြစတေးလျ အာဏာပိုင်တွေပြောတာကတော့ အဲဒါတွေကို ဂြိုလ်တုကနေ ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားတာဖြစ်တယ်၊ သြစတေးလျ Perth မြို့နဲ့ မိုင် ၁,၅၅၀ ဝေးတဲ့ နေရာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အပိုင်းအစတခုက ခန့်မှန်းချေ ပေ ၈ဝ  ရှည်တယ်လို့ ဆိုတယ်။

သြစတေးလျအာဏာပိုင်တို့ရဲ့ အဆိုအရ သူတို့ဆီက လေယာဉ်တစီး၊ အမေရိကန်တို့ဆီက တစီး အဲဒီနေရာမှာ ရောက်နေ ရှာနေပြီလို့ ဆိုပါတယ်။

နိုင်ငံတကာမှာတော့ အသံလွှင့်ဌာန၊ ရုပ်မြင်သံကြား၊ အွန်လိုင်း သတင်းဌာန အများအပြားက  ဒီအကြောင်းအရာကိုပဲ ထုတ်ပြန်နေကြတာ တွေ့ရပါတယ်။

 


အဲဒီနေရာကို သင်္ဘောတွေသွားဖို့လည်း ညွှန်ကြားထားတယ်၊ သို့သော်လည်း ကုန်းမြေနဲ့ မိုင်တထောင်ကျော် ဝေးတဲ့အတွက် အဲဒီနေရာ ရောက်ဖို့ ရက်အနည်းငယ် ကြာဦးမယ်လို့ ဆိုပါတယ်။

လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ် ပျောက်ဆုံးတာ ၁၂ ရက်လာတဲ့အချိန်မှာ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး ဧရာဝတီမှာ ဖော်ပြထားတဲ့ Australia Checking 2 Objects in Search for Plane http://www.irrawaddy.org/asia/australia-checking-2-objects-search-plane.html  သတင်းမှာလည်း အသေးစိတ် ဖတ်ရှုနိုင်ပါတယ်



.

1 comment:

  1. အဲဒိအစိတ်အပိုင်းသာမလေးရှားလေယာဉ်ကအစိတ်အပိုင်းဆိုရင်တော့ခေတ်မှီနည်းပညာတွေနဲ့အဲဒိဒေသတစ်ဝိုက်ကိုရှာဖွေရင်မကြာခင်လေယာဉ်ရဲ့အဓိကအစတ်အပိုင်းနဲ့ပျက်ကြတဲ့နေရာကိုသိရတော့မှာပါ။မိမိအထင်တော့လူတွေအသက်ရှင်ပြီးပြန်တွေ့မဲ့မျော်လျင့်ချက်ကနဲသွားလို့ထင်တယ်။တရုပ်ပြည်ကလူတွေဖုံးခေါ်လို့ရတယ်ဆိုတာလဲတောင်တရုပ်ပင်လယ်ပြင်ကောင်းကင်ယံမှာမြေပင်ထိန်းချုပ်ရေးနဲ့အဆက်အသွယ်ပြတ်သွားပြီး၈နာရီကြာလေယာဉ်ပင်လယ်ထဲမပျက်ခင်သို့မဟုတ်ကျွန်းတစ်ကျွန်းပေါ်ထိုးမဆင်းခင်ဖြစ်နိုင်ပါတယ်။လူတွေဖုံးသံမြည်ပြီးပြန်မဖြေဘူးဆိုတာလဲcrew cabin မှာမီးခိုးတွေကြောင့်ခရီးသည်ကသတိလစ်နေလို့ပြန်မဖြေတာဖြစ်ဘို့များပါတယ်။'ဒီလောက်
    ကြီးတဲ့လေယာဉ်ပျံကြီးလုံလောက်တဲ့ပြေးလမ်းမရှိတဲ့အဆင်ပြေစွာကျွန်းမြေပေါ်ထိုးဆင်းဘို့
    သိပ်မလွယ်ပါဘူး။ကုန်းပေါ်မှာလေယာဉ်ပျံတွေ့ရင်ပျက်ကြ၊မီးလောင်ပေါက်ကွဲဘဲဖြစ်ဘို့များတယ်။ပင်လယ်ထဲဆိုရင်တော့ပိုဆို့ပြီပေါ့။ရှင်လမ်းကိုမရှိတော့တာ။

    ReplyDelete