Pages

Sunday, May 11, 2014

ဝိုင်းဆုခိုင်သိန်း ပြောပြတဲ့ ဘန်ကောက်က လူလိမ်တွေအကြောင်း

သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက ထိုင်းနိုင်ငံ ဘန်ကောက်က လူလိမ်တွေအကြောင်း သူ့ ဖေ့စ်ဘုတ်မှာ 
ရေးသား ဖော်ပြထားပါတယ်။ အရင်ကထက်ပွင့်လင်းလွတ်လပ်လာခဲ့ခေတ်မှာ မြန်မာနိုင်ငံက ဘန်ကောက် ကို ဈေးဝယ်ထွက်ကြတာတွေလည်း များလာပြီဖြစ်တော့ ဝိုင်းစု ပြောတဲ့ ဘန်ကောက်က လူလိမ်တွေ အကြောင်း ဧရာဝတီ ပရိသတ်လည်း သိထားသင့်လို့ ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။ 

ဓာတ်ပုံ- ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘုတ်

" Bkk က လူလိမ်အကြောင်း ပြောပြမယ်နော် ပထမတခါတုံးကတော့ အမှူ့မဲ့အမှတ်မဲ့ဘဲ မနေ့ကည ကြတော့ တခါက အကြောင်းအရာ ကခပ်ဆင်ဆင်ဆိုတော့ လူလိမ်တွေဘဲလို့ သိလိုက်ရတယ်။

 သူတို့က အဲ့ကဂိုက်တွေ ပြောပြသလောက် မြန်မာတွေဆို အဲ့လိုလိုက်ပြီး လိမ်နေတာတဲ့ တခြား လူမျိုး 
aတွလဲပါရင် ပါမှာပေါ့နော် အဖြစ်ကဒီလို ပထမတခါ hotelအောက်နားက seven eleven ဆိုင်မှာ ws သူငယ်ချင်း sweety ရယ် အမေကြီးရယ် မုန့်ဆင်းဝယ်ကြတော့ အမေကြီးအပြင်မှာ စောင့်နေတဲ့ အထဲမှာ သူငယ်ချင်း၂ယောက်ဟိုကြည့် ဒီကြည့် ကြည့်နေတုံး နိုင်ငံခြားတယောက် တူရကီလိုလို အာရပ်လိုလိုနဲ့ တယောက်က သူညီမ မျက်နှာ နေလောင်လို့ ဘာလိမ်းရမလဲလို့ လာမေးတယ်။ 

ဒါနဲ့ ws တို့က nivea ကောင်းတယ်လို့ ပြောလိုက်တယ် သူထပ်ပြီး ဘယ်နိုင်ငံကလဲ အဲ့ဒါနဲ့ မြန်မာလို့    
ပြောလိုက်ကြတယ်။ သူငယ်ချင်း၂ယောက်က ဒီတော့ အဲ့ကောင်က သူလဲမြန်မာပြည်သွားမှာ ဟိုမှာသူတို့ အဖိုးဆိုလား ဦးလေးဆိုလား မမှတ်မိဘူး ရှိတယ်တဲ့ အဲ့ထိက ဘာမှမထူးသေးဘူး။ 

ထူးတာက သူတို့က နင်တို့ နိုင်ငံရဲ့ တံဆိပ်ကောင်းရှိလား မမြင်ဘူးလို့ ကြည့်ချင်တယ်တဲ့ သူငယ်ချင်းက မရှိဘူးလို့ အပြတ်ပြောပြီး ငွေရှင်းတော့ သူကအတင်းလက်တို့ပြီး နင်တို့နိုင်ငံက တဆိပ်ခေါင်း ထုတ်ပြပါ ဆိုတာနဲ့ ၂ယောက်သား မဟုတ်တော့ဘူး ဆိုပြီး ထွက်လာပြီး အမေကြီးကို ပြောပြတော့ အမေကြီးက အပြင်မှာလဲ အမေကြီးကို ဒီလမ်းက ဘာလမ်းလဲတဲ့ အမေကြီးက လမ်းကိုပြောတော့ဘာနဲ့ နီးလဲတဲ့၊ ထပ်မေးတော့ အမေကြီးက ငါ့မသိဘူး ငါ့သမီးကို မေးပေးမယ်လို့ ပြောတော့ ပြာပြာသလဲ ရတယ်ရတယ်။ 

 ကိစ္စမရှိဘူး ဆိုပြီး အမေကြီးကို ဘယ်နိုင်ငံကလဲ မေးပြီး ခုနတယောက်လိုဘဲ မေးတယ် အမေကြီးက ဘာပိုက်ဆံအိတ်မှ မယူ လာတော့ ဘာမှတော့ မမေးဘူး သူကို ဓာတ်ပုံ ရိုက်ပေးပါတဲ့ အမေကြီးက ရိုက်ပေးလဲ ပေးရော အရှေ့ဘက် နားတိုးပြီးရိုက်ခိုင်းတယ်။ 

ws တို့နဲ့ ဝေးအောင်ပေါ့ သူတို့က အကြံနဲ့လေ အမေကြီး ws ကို ခေါ်ပြီးမေးရင် သူသငယ်ချင်း ဂွင်ပျက်သွား မှာဆိုးလို့ စကားလွှဲပြီး ဓာတ်ပုံ ရိုက်ခိုင်းတာ အဲ့ဒါက တခု တခါကတော့ ညက ws& ko okar ရယ် အမေကြီးရယ် ပြန်လာတော့ မျက်နှာပြုံးပြုံနဲ့ အရင်လို လူမျိုး ၂ ယောက်၊ တယောက်က ခပ်ငယ်ငယ် သူတို့က ဒီတခါ စားသောက်ဆိုင်ကိုမေးတာ။ 

ko oakar က လမ်းညွှန်ပေးနေတော့ တယောက်က ws တို့ သားအမိကို ဘယ်နိုင်ငံကလဲ နင်တို့ နိုင်ငံက 
ဘာ ဒေါ်လာသုံးလဲ ဆိုတော့ အမေကြီးက ဟိုတခါလို လူလိမ်ထင်တယ်လို့ ပြောတာနဲ့ ko oakar ကို ကိုကိုရေ အဲ့ဒါလူလိမ်တွေလို့ လှမ်းအော်ပြောလိုက်တယ်။ 

အဲ့တယောက်က ko oakarကို ဒေါလာအသစ် မမြင်ဘူးလို့ ပါရင်ပြပါတဲ့ ko oakarက မပါဘူးပြောတော့ အဟောင်းကို ခနလောက်ပြပါတဲ့။ 

ko oakar ကမင်းမှာ ရှိတဲ့ ဟာနဲ့ ငါ့ဟာ တူတူဘဲလို့ ပြောလိုက်တယ်။ sorry B T ကုန်တော့မယ် hotel 
ရောက်မှ ဆက်တင်ပေးမယ်နော်။

ဝိုင်းစုက ဟိုတယ်ရောက်ပြီး ဆက်လက်တင်ပေးတာကတော့. ... 

 ဇာတ်လမ်းလေးဆက်လိုက်အုံးမယ်။ သိပ်တော့မကျန်တော့ဘူးနော်။  

Ko oakar က လမ်းသွားရင်း မေးတယ် ဒီကောင်တွေက ဘယ်လို လိမ်တာလဲတဲ့ လိမ်ပုံ လိမ်နည်း 
ပြောပြတော့ လုပြေးတာ မဟုတ်ဘူးလားတဲ့ သူက သိပ်မယုံဘူး လိမ်တယ်ဆိုလို့လေ တချို့ တွေလည်း ယုံမှာမဟုတ်ဘူး။ 

ပထမ တခါ ကိုမင်းဦး (The trees)ကို ပြောပြတော့ ဒီကောင်တွေက အုပ်စုနဲ့တဲ့ သူတို့က ဒေါ်လာ ထုတ်ပြ ခိုင်းမယ် ကြည့်မယ် ပြီးရင်ပြန်ပေးမယ်။ 

ဒါပေမဲ့ ပိုက်ဆံတွေက ပါမလာတော့ဘူး။ ဘယ်လို လိမ်လဲတော မသိ သူတို့ က နာမည်ကြီးးတဲ့ Bkkမှာ အဲ့လို လုပ်စားတာ ဒီနေ့ ဂိုက်အမကြီးက ပြောတော့ အဲ့လို လိမ်နေတာတွေ ဒီနားမှာ အများကြီးတဲ့။ 

ညကတော့Central world နားမှာ တဖြည်းဖြည်းနဲ့ နယ်ချဲ့လာတယ်ထင်တယ် Ws ပြောပြချင်တဲ့ အကြောင်းကတော့ Ws တို့ မြန်မာတွေမှ မဟုတ်ဘူး။ လူတိုင်းကို လိမ်နိုင်တယ်။ မြန်မာတွေ အလာများ တဲ့ နေရာမှာ ပိုလုပ်တယ် ထင်တယ်။ 

အားလုံးသော ချစ်ပရိတ်သတ်နဲ့ မိတ်ဆွေ အပေါင်းသင်းတွေ အားလုံး သတိထား မိအောင်လို့ ပြောပြရ တာပါ။ 

Ws ကတော့ ကိုယ်တွေ့ ပါဘဲ။ 

Bkk ကိုများ အကြောင်း ကြောင်းကြောင့် သွားခဲ့ရင် သတိထားမိအောင်လို့ ပါ။ အဲ့လူ တွေက အရမ်းရင်းနှီး တဲ့ ပုံစံနဲ့ ဝင်ရောတာဘဲ ချစ်ပရိတ်သတ်တို့ အနီးနားက မိတ်ဆွေတွေကို တဆင့်ပြောပြ ပေးနိုင်ပါတယ်။ 

Ws တို့ လိုလည်း လူတိုင်းလဲ ကြုံချင် မှကြုံမှာပါ။ အဲ့လို အစပျိုးလာရင်တော့ သတိထားနိုင်ကြပါစေနော် စိတ်ရှည် လက်ရှည် ဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

အရေးအသားအဆင်မပြေရင်လဲသည်းခံပေးနော်

အားလုံး အာ.....ဘွား 


ကဲ.. ဝိုင်းစုပြောတဲ့ ဘန်ကောက်က လူလိမ်တွေအကြောင်း ဖတ်ပြီးတော့ ဘန်ကောက်မှသာမက ဘယ်နေ ရာမှာဖြစ်ဖြစ် ဒါမျိုးတွေ ရှိတတ်တယ်လို့ အသိ၊ သတိလေး ထားကြမယ်ဆိုရင် ဝိုင်းစုလည်း ပြောရကျိုး နပ် မှာဖြစ်သလို ဧရာဝတီကလည်း ပြန်လည် ဖော်ပြရကျိုး နပ်ပါလိမ့်မယ်။ 


အိမ့်သံစဉ် ~















5 comments:

  1. The same thing happen in Twin tower in Malaysia.

    ReplyDelete
  2. မ၀ိုင်းစု ပြောတာမှန်ပါတယ်။ ကျွန်တော်က မြန်မာလူနာတွေကို အကျိုးဆောင်ပေးနေတဲ့ Yangon International Medical Services Group (YIM Co,Ltd), Bangkok က Staff တစ်ယောက်ပါ။ ဒီလိုအလိမ်အညာတွေကို မြန်မာတွေ တော်တော်များများကြုံရတယ်လေ။ တခြားနိုင်ငံကလူတွေဆိုရင် ဘယ်တော့မှ ဒေါ်လာတွေ ဘတ်တွေ များများကိုင်မထားဘူး၊ မြန်မာတွေပဲ ဒေါ်လာနဲ့ဘတ်တွေ များများကိုင်ထားတာ။ ဘာကြောင့်လဲဆိုတော့ တခြားနိုင်ငံကလူတွေက ခရက်ဒစ်ကတ်တို့၊ အေတီအမ်တို့ပဲ ကိုင်ကြတယ်။ မြန်မာတွေကျတော့ ဒီလိုကတ်တွေမရှိတာ များတယ်လေ။ ငွေသားကိုပဲ လက်ထဲမှာကိုင်ထားရတာဆိုတော့ ကလိမ်ကကျစ်တွေအတွက် လိမ်လည်စရာ အားနည်းချက်လေးတစ်ခု ဖြစ်နေရတာပါ။ ဒါကြောင့် ဘန်ကောက်ကိုရောက်တဲ့အခါ ကိုယ်နဲ့မသိတဲ့လူတွေ ကိုယ့်ကိုလာပြီး အရောဝင်တာတို့၊ လက်ဆွဲနှုတ်ဆက်တာတို့ လုပ်လာပြီဆိုရင် လုံးဝသတိထားလိုက်ပါ။ ဒါဟာ လိမ်ညာဖို့အတွက် ချဉ်းကပ်လာတာ ရာ
    နှုန်းပြည့်နီးပါးသေချာပါတယ်။ ဖြစ်နိုင်ရင်တော့ စကားပြန် (သို့မဟုတ်) ဂိုက်တစ်ယောက်လောက်ကို ခေါ်ထားရင်တော့ အကောင်းဆုံးပါပဲ။ စိတ်အချရဆုံးဖြစ်ချင်တယ်ဆိုရင်တော့ ကုမ္ပဏီ(သို့)အသင်းအဖွဲ့တစ်ခုခုနဲ့ဆက်နွယ်နေတဲ့ဂိုက် (သို့မဟုတ်)စကားပြန်ကို ငှါးထားတာကတော့ အကောင်းဆုံး၊ စိတ်အချရဆုံးနဲ့ အလုံခြုံဆုံးပါပဲ။
    ခုလိုတင်ပြပေးတဲ့ မဝိုင်းစုနဲ့ ထပ်ဆင့်တင်ပြခဲ့တဲ့ ဧရာဝတီတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
    ဘန်ကောက်ကိုအလည်လာတဲ့ရွှေမြန်မာများအားလုံး ကံကောင်းကြပါစေ။
    စိုင်းစိုင်း (ဘန်ကောက်)
    ဘန်ကောက်ရောက်လို့အခက်အခဲရှိတယ်ဆိုရင် အချိန်မရွေးဆက်သွယ်လို့ရပါတယ်။
    +66890 559 6599 (Call Number)
    +6687 484 3998 (Line+Viber+Wechat+Tango)

    ReplyDelete
  3. မဝိုင်ဆုပြောဒါကြိုက်တယ်ဗျာမထင်ရဘူနော်

    ReplyDelete
  4. မြန်မာအစိုးရအနေဖြင့် ထိုင်းအစိုးရကို တရားဝင် အကြောင်းကြား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးသင့်ပါသည်။

    ReplyDelete
  5. မှန်လိုက်တာ၊ ဘုန်းကြီးလဲ 7 ၀င်တုန်းမှာ အဲလို လာမေးတယ်။ ပိုက်ဆံအိပ်ပါတဲ့သူကိုမှ မေးတယ်။ ပိုက်ဆံပေးဖို့ အိတ်ကိုဖွင့်တဲ့ခါမှ အနားအတင်းကပ်ပြီး မြန်မာပိုက်ဆံပြပါဆိုပြီး အတင်းတောင်းတော့တာပဲ၊ ကြောက်စရာပဲ။ အဲဒီမှာ ဂိုက်က “ပိုက်ဆံလုလိမ့်မယ်၊လုံးဝမပြနဲ့” လို့ သတိပေးလိုက်လို့ပဲ၊ နို့မို့ဆို မတွေးရဲအောင်ပါပဲ။

    ReplyDelete