မနက်စာ လူ တဦးအတွက် မုန့်ဟင်းခါး တပွဲကို အကြော်မပါ ၄၀၀ ကျပ်ရှိပြီး အလုပ်သွားဖို့ ဘတ်စ်ကား ၂ ဆင့် စီးခ ၄၀၀ ကျပ်၊ နေ့လယ်စာ ခပ်ညံ့ညံ့ ထမင်းနဲ့ ဟင်း အတွက် ၇၅၀ ကျပ်၊ ညနေ အလုပ်က အပြန် ဘတ်စ်ကားက ၂ ဆင့် စီး ၄၀၀ ကျပ်၊ ညစာအတွက် ဖြစ်သလို ထမင်းဟင်း ၇၅၀ ကျပ်၊ အိမ်ငှားစရိတ် အနည်းဆုံး ၁ ထောင်ကျပ်နဲ့ ဆိုတော့ တနေ့ ကုန်ကျစရိတ်က ၃၇၀၀ ကျပ်ရှိနေပြီ။
ဒါတောင် နေအိမ်အခန်း ငှားရမ်းခ မပါသေးဘူးတဲ့။ အတော်စုတ်ပြတ် နုံချာနေတဲ့ ရန်ကုန်ဆင်ခြေဖုံးက အခန်း တခန်း ကို တလ ၃ သောင်းတန်ပဲ ငှားနေအုံး တနေ့ကို ၁ ထောင် ကျပ်၊ ဘယ်လိုလုပ် တနေ့ ငွေ ၂ ထောင်ကျပ်နဲ့ ရပ်တည်လို့ ရ မလဲတဲ့။
စီးပွားရေးက အဆင်မပြေ၊ အလုပ်က ပင်ပန်း၊ အာဟာရက မပြည့်မီ၊ ဒီတော့ ကျန်းမာရေးက သိပ်မကောင်း၊ တခါ တလေ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခပါထည့်တွက်လိုက်ရင် ပိုဆိုးပါပြီ။
ဒီအပြင် ရေသောက်တာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာမပါသေးဘူးတဲ့။ အထူးသဖြင့် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းတို့ ရေချိုးဖို့ ဆပ်ပြာ၊ ခေါင်းလျှောက်ရည်အပါအ၀င် လိမ်းချယ်စရာတွေ ဖိုးတွေပါထည့်တွက် လိုက် ရင် တနေ့ လူ တယောက် အသုံး စာရိတ်က အနည်းဆုံး ငွေ ၅ ထောင်ကျပ်လောက်ကုန် ကျနေတာ ပါတဲ့။
လူတယောက်အတွက် ငွေ ၂ ထောင်နဲ့ ဘယ်လိုမှ ရပ်တည်လို့မရတာ ဒုသမ္မတကြီးက မသိတာကို ကျမတို့ အိမ် ထောင်ရှင်မတွေ အံသြမိပါတယ်တဲ့။ ဒီတော့ ဒု သမ္မတကြီး အခုလို ပြောလိုက်တာဟာ တကယ့် ကို ပြည်သူတွေရဲ့ ဘ၀နဲ့ အတော်ကင်းကွာနေတာကို ပြသ လိုက်တာပါဘဲ။
ပြုပြင်ပြောင်းလဲရေးအစိုးရလို့ ခေါ်ဝေါ်နေကြတဲ့ မြန်မာအစိုးရ ဒုသမ္မတကြီးအနေနဲ့ အခုလို ပြုပြင်ပြောင်းလဲ
ရေးကာလမှ အခြေခံ လူတန်းစားတွေ ဘယ်လို ရပ်တည်နေထိုင်ကြသလဲ ဆိုတဲ့ ဧရာဝတီက ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ ရိုက်ကူး တင်ဆက်ထားတဲ့ မှတ်တမ်း ဗီဒီယိုတခုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
အိမ့်သံစဉ် ~

သူ့ မှာ မိသားစုဝင်က သူတို့ လင်မယားနှစ်ယောက်ရယ် သားတစ်ယောက် သမီးတစ်ယောက် ချွေးမတစ်ယောက် သမက်တစ်ယောက် မြေးနှစ်ယောက်ရယ် စုစုပေါင်းရှစ်ယောက် စားတာတောင် တစ်နေ့ ၂၀၀၀ မကုန်ဘူး ဒါတောင် နိုင်ငံခြားဖြစ်ဆိုတဲ့ ရှယ်တွေကြီးပဲစားတာနော်။
ReplyDeleteဒါ့ ကြောင့် လူတစ်ယောက်တစ်နေ့ ဝင်ငွေ ၂၀၀၀ ရှိရင် ရပ်တည်နိုင်တယ်လို့  ပြောတာပါ
သူ့ ကိုယ်တွေ့ နဲ့ ယှဉ်ပြီးပြောတာပါ၊ လက်လွတ်စပယ် နားမလယ်ပါးမလယ် မစဉ်းစားမဆင်ခြင်
ပြောတာမဟုတ်ပါဘူး။
သူ တို့ လင်မယားနှစ်ယောက်အကြောင်းကို ကောင်းကောင်းသိပါတယ်
ReplyDeleteပီကေ လေးတစ်ခုတောင်မှ သူတို့ ကိုယ်ပိုင်ပိုက်ဆံနဲ့  ဝယ်မစားချင်ပါဘူး
သူတို့ မိသားစုရဲ့ လိုအပ်တာမှန်သမျှကို လုပ်ငန်းရှင်(ခရိုနီ)တို့ ကပံ့ပိုးပေးရတာပါ
သမတရုံးမှာ ဦးဥာဏ်ထွန်းတို့ လင်မယားနှစ်ယောက်ကအဆိုးဆုံးပါ
အိမ်ငှားစရိတ် အနည်းဆုံး ၁ ထောင်ကျပ်နဲ့ ဆိုတာမှာ
ReplyDeleteအဆောင်ငှားခပါ။ အိမ်ငှားရင် အတော်ဈေးကြီးပါတယ်။
အလုပ်ကို သွားဖို့ပြန်ဖို့အတွက် အဆင်ပြေမယ့်နေရာမှာ
တစ်လ ကျပ်သုံးသောင်းနဲ့ မရနိုင်လောက်ဘူး
နောက်တစ်ယောက် သမိုင်းတွင်ကျန်မယ့် စကားဆိုပြန်ပြီပေါ့။
ReplyDeleteသည်းခံကြပါ......ဒေါသဖြစ်လို့ သွေးတိုးသွားယင် ၂၀၀၀. ထဲမှာဆေးကုခမပါဘူး ၊ ဘာခ ညာခ ဘာဘာညာညာခတွေမပါဘူး....သည်းခံသည်းခံ .......
ReplyDeleteအော်...ထိုင်နေအကောင်းသား..ထမှကျိုးမှန်းသိတော့တယ်။ဒီလောက်ညဏ်ပညာမဲ့တဲ့စကားပြောလိမ့်မယ်တောင်မထင်ဘူး....သူလိုအားလုံးအလကားရနေ၇င်တော့..တနေ့လုံးတပြားမှမကုန်ပါဘူး...သူပြောတဲ့တနေ့ကျပ်၂၀၀၀ဆိုတာများတောင်များနေသေးတယ်။
ReplyDeleteမင်းလို့ ကောင်မျိုး ဒီနေရာမှာ ရှိနေခြင်းက တိုင်ပြည် အတော် နစ်နာနေတယ်
ReplyDeleteထမင်းတစ်နပ်လျော့စားခိုင်းတဲ့ဝန်ကြီး
ReplyDeleteနယ်လှည့်ပါးရိုက်တဲ့ဝန်ကြီး
တရုတ်ကိုကြောက်တယ်ပြောတဲ့ဝန်ကြီး
အိမ်ခြံမြေဈေးတွေကိုကားလိုဈေးကျအောင်လုပ်မယ်ပြောတဲ့ဝန်ကြီး
EPCဝန်ထမ်းတွေကစက်ရုံတွေကိုလိုင်းကြေးယူမီးခိုးပေးနေပြီးအရှုံးပေါ်လို့ပြည်သူကိုလည်ပင်းညှစ်မီတာခဈေးတက်တောင်းတဲ့ဝန်ကြီး
အခုတစ်ခါအခြေခံလူနေမှုဘဝအသုံးစားရိတ်လေးတောင်မလေ့လာနားမလည်တဲ့သူပေါ်လာပြန်ပြီ
May God bless you always.
ReplyDeleteအောင်မြင်ကြပါစေဗျာ
ReplyDeletethose bastards are to be eliminated .
ReplyDeleteIt is getting late. to get rid all of those people.
တနေ့ ၂၀၀၀ နဲ့?? ဆုတောင်းရင်တောင် လောက်မှာမဟုတ်ပူး ။ ခင်ဗျားတို့လို သူများဆီက လည်ပင်းညစ်နေတဲ့သူ မဟုတ်လို့
ReplyDelete