Pages

Friday, May 16, 2014

ဆီးချိုသွေးချို မကြောက်ရင် ဒါတွေများများသောက်

 ~
 
 မြန်မာအလုပ်သမား သိန်း (၃၀)နီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ဆီးချို ရောဂါဖြစ်ပွားမှု များပြားလာတဲ့အတွက် အချိုရည်သောက်သုံးမှုကို လျှော့ချဘို့လိုတယ်  မြန်မာဆရာဝန်တဦးကပြောပါတယ်။

 ~
(မဲဆောက်ဆေးရုံတွင် ပြသထားသည့် အချိုရည်များတွင် သကြားပါဝင်မှုအမာဏ)


ထိုင်းမှာမြန်မာတွေကြိုက်တဲ့ M 150 အားဖြည့်အချိုရည်ဆိုရင် လက်ဘက်ရည်ဖျော်တဲ့ဇွန်း ၆ ဇွန်းစာ ပမာဏရှိတဲ့ သကြား ပါဝင်သလို-အိုအီချိလို့ ခေါ်တဲ့ ဂျပန်ရည်နွေးကြမ်း အချိုရည်ပုလင်းမှာလည်း ၁၂ ဇွန်းခွဲ ပါဝင်ပါတယ်။

အခုတင်ထားတဲ့ပုံတွေကတော့ M 150 အပါအ၀င် ထိုင်းမှာ မြန်မာတွေအသုံးများတဲ့ ထိုင်းနိုင်ငံထုတ် အချိရည်တွေမှာ သကြားပါဝင်မှု ပမာဏတွေကို ပုံနဲ့တကွပြသထားတာပါ။

ဒီပုံတွေကို ထိုင်းမြန်မာနယ်စပ်က မဲဆောက်ဆေးရုံကြီးမှာ ပြသထားတာဖြစ်ပြီး လိုအပ်တဲ့ ပမာဏထက် ပိုမသောက်မိဘို့ ဆိုလိုတာလည်း ဖြစ်နိုင်ပါတယ်။

ထိုင်းရောက်မြန်မာတွေကို ဆီးချို ရောဂါ မဖြစ်စေလိုတဲ့ ဆန္ဒနဲ့တင်ပြလိုက်တာပါ။

ကမ္ဘာပေါ်မှာ နေ့စဉ်နီးပါး ဆီးချိုရောဂါဖြစ်ပွားမှုနဲ့ရောဂါသည်တွေ သေဆုံးမှုတွေက ကြောက်ခမန်းလိလိ ဖြစ်နေတယ်လို့ သိရပါတယ်။

 သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

 

 









  


.

2 comments:

  1. သိဖို့ အ​တော်​ကို လိုအပ်​တဲ့ဟာဘဲ။
    Thankyou

    ReplyDelete
  2. စီးပွား​ရေးသမားများအား​ကောင်းတဲ့ ထိုင်​လိုနိုင်​ငံမျိုးမှာအခုလိုတာဝန်​သိသိထုတ်​ပြန်​တာချီးကျူးဘွယ်​စြ်​သလိုအတုယူဘွယ်​လည်းဖြစ်​ပါတယ်

    ReplyDelete