Pages

Friday, May 2, 2014

ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ နောက်ဆုံးဖြေရှင်းချက်

အွန်လိုင်းမှာ အခုတလော နာမည်ကြီးနေတဲ့ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်း အပေါ် ကန့်ကွက်တာကိုဥက္ကာကျော်က ဖေ့စ်ဘုတ်က ပထမ ရှင်းလင်းချက် ထုတ်ပြန်တာဆုပန်ထွာ က 
ပြန်တုံ့ပြန်တာနဲ့အတူ အခုနောက်ဆုံး ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်က အစိုးရ သတင်းစာ တစောင်ဖြစ်တဲ့ မေလ ၂ ရက်နေ့  ကြေးမုံသတင်းစာမှာ လူသိရှင်ကြား ကြေညာချက် ထွက်ပေါ် လာပါပြီ။ 


 ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်

ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုရေးသား အသိပေး ထားပါတယ်။ 

နိုင်ငံပိုင်သတင်းစာတွေမှာ ကျွန်တော့ရဲ့အတိအလင်းကြေငြာချက်ဖြစ်ပါတယ်။


 ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

သတင်းစာပါ ကိုဥက္ကာကျော်ရဲ့ ရှေ့နေကနေ အသိပေးကြေညာချက်မှာ ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်း
ခြင်း အပေါ် ကန့်ကွက်ခဲ့တဲ့ ဒေါ်မဉ္စူအောင်ဟာ တရားဝင် လင်ခန်း၊ မယားခန်း ကွာရှင်း ပြတ်စဲခဲ့ပြီး ပိုင်ဆိုင် မှုတွေလည်း ခွဲဝေခဲ့ပြီးဖြစ်ပေမယ့် မမှန်မကန် သိက္ခာကျအောင် ကြေညာနေခဲ့တယ်လို့ ပြန်လည် ခုခံ ရေး သားထားပါတယ်။ 

ကိုဥက္ကာကျော်က မဉ္စူအောင် နဲ့ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားဝင် လက်ထပ်ထိမ်းမြား ခဲ့ပြီး ၂ဝဝ၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ သားဖြစ်သူ မြတ်သီဟကျော်ကို မွေးဖွားခဲ့ကြောင်း၊ အဲဒီ
နောက်ပိုင်း အိမ်ထောင်ရေး အဆင်မပြေဖြစ်တာကို ဒေါ်မဉ္စူအောင်က ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်
နေ့ မှာ မြန်မာ့အလင်း သတင်းစာမှာ ကိုဥက္ကာကျော်နဲ့ တရားဝင် ဇနီးမယားဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ လည်း အခုနောက်ဆုံး ကိုဥက္ကာကျော်ရဲ့ ကြေးမုံသတင်းစာပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 



အခုနောက်ဆုံး ကိုဥက္ကာကျော်ရဲ့ ကြေညာချက်မှာ ကိုဥက္ကာကျော်နဲ့ ဒေါ်မဉ္စူအောင်တို့ရဲ့ လင်ခန်း၊ မယား ခန်း ပြတ်စဲမှုကို အမေရိကန် ပြည်ထောင်စု တရားရုံး မှာ အခု ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ 
ဆောင် ရွက်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ကိုဥက္ကာကျော်ဟာ တရားဝင် လွတ်လပ်သူ တဦးဖြစ်တဲ့အတွက် သရုပ်ဆောင် ဆုပန်ထွာနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းခြင်းကို လုပ်ဆောင်ခဲ့ရာ ဧပြီလ ၂၉ ရက်
နေ့က အစိုးရ ကြေးမုံသတင်းစာမှာ ဒေါ်မဉ္စူအောင်ရဲ့ ညွှန်ကြားချက်အရ ရှေ့နေ ဦးရောဘတ် စန်းအောင် က လူသိရှင်ကြား ကန့်ကွန်စာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ 

ကိုဥက္ကာကျော်နဲ့ မဉ္စူအောင်တို့ဟာ လင်ခန်းမယားခန်းလည်း တရားဝင် ပြတ်စဲပြီး ပစ္စည်းခွဲဝေမှုအခန်း လည်း ပြီးပြတ်ဖြစ်သားဖြစ်သလို သားသမီး အုပ်ထိန်းမှုကိုလည်း တရားဝင်ခွင့်ပြု ဆောင်ရွက်ပြီးဖြစ်တယ်လို့ အခုနောက်ဆုံး ကိုဥက္ကာကျော်ရဲ့ ကြေးမုံသတင်းစာကြေညာချက်က ဆိုပါတယ်။ 

ဒါကြောင့် ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို မဟုတ်မမှန် သတင်းစာ က ကန့်ကွက်တာ၊ အွန်လိုင်းက မမှန်မကန် ရေးသား ဖော်ပြတာတွေ၊ ဂုဏ်သိက္ခာကျ ဆင်းစေမယ့် ပြောဆို ရေးသားဖြန့်ချီမှုတွေကို ဒေါ်မဉ္စူအောင်နဲ့ အများသိစေရန်နဲ့ အခု ကြေညာချက် ပါပြီးတဲ့နောက် ဆက်လက်ပြီး လုပ်ဆောင်ခဲ့ကြမယ်ဆိုရင် တရားဥပဒေနဲ့ အညီ မည်သူ့ကို မဆို အရေး ယူဆောင်ရွက်သွားမယ်လို့ ကိုဥက္ကာကျော်ရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးချစ်ကိုကိုနဲ့ ဦးသန်းဋ္ဌေးတို့ က ကြေညာထားပါတယ်။ 



အိမ့်သံစဉ် ~ 









7 comments:

  1. ("လုပ်ငန်းသိက္ခာ လူပုဂ္ဂိုလ်သိက္ခာ ကျဆင်းစေအောင်.. " ဟူသော စကားရပ်အပေါ် မိဘတစ်ဦး၏ အမြင်)
    ထိုသိက္ခာတွေ တကယ်ရှိခဲ့ကြလျှင် ယ္ခုဖြစ်ရပ်မျိုး ပေါ်ပေါက်ဘွယ် အကြောင်းမမြင်ပါ။

    ReplyDelete
  2. အရမ်းမှန်တာပဲ ဆန်ဒကိုသိပ်ခါနဲ့ထိန်းတဲ့ မင်းသမီးပါ နာမည်ပျက်ဖြစ်သွားပြီ

    ReplyDelete
  3. ဘာပဲ​ပြော​ပြောရှက်​စရာကြီးပါ

    ReplyDelete
  4. လုပ်ရဲတယ် ဆိုတာ ထက် လုပ် ရက်တယ်လိုဘဲ ပြောချင်ပါတယ်အိမ်ထောင်သက် ဆယ်စုနှစ်ကျော်တော့မှဘဲဗျာ ကလေးမျက်နှာလဲထောက်ပါအုန်း ဒီအသက်အရွယ်ရောက်မှ မရင့်ကျက်ရင် ခင်ဗျာ တစ်နေ့နောင် တရလိမ့်မယ်

    ReplyDelete
  5. အိုးပဲ့နဲ့စလောင်းရွဲ့တို့က..နာမည်ကြီးအောင်လုပ်တဲ့လုပ်ကြံဇတ်လမ်းတွေကိုဖတ်၇လို့အကျိုးမရှိပါဘူး။

    ReplyDelete
  6. ထွာထွာရယ်....အုတ်အုတ်က..ပထမမယားကြီးနဲ့အပြီးအပိုင်ကွာရှင်းတယ်လို့ပြောပေမဲ့..ထွာထွာကတော့..ပထမတော့မဖြစ်လာပါဘူး....ဒုတိယပါဘဲ။

    ReplyDelete
  7. ဘယ်နေရာမှာပဲဖတ်လိုက်ဖတ်လိုက်တစ်ယောက်နဲ့အများမှာ..အများကပဲမလိုမုန်းထားလွန်းတာလား

    ReplyDelete