Pages

Friday, May 9, 2014

အာဖဂန်နစ္စတန်က တာလီဘန် စခန်း UFO တိုက်ခိုက်ဖျက်ဆီး

အခု မေလ ၅ ရက်နေ့မှာ ထူးထူးဆန်းဆန်း သတင်းတပုဒ်နဲ့ အတူ ယူကျုပေါ်မှာ ရုပ်/သံဖိုင် တခုတက် လာ ပါတယ်။ UFO လို့ ခေါ်တဲ့ အမည်မသိ ယာဉ်ပျံတခုက အာဖဂန် နစ္စတန်နိုင်ငံက တာလီဘန် စခန်းတခု ကို တိုက်ခိုက်ဖျက်ဆီး လိုက်တယ်ဆိုတဲ့ ရုပ်သံတခုအကြောင်းပါ။ 


ကောင်းကင်မှာ သုံးမြှောင့်ပုံသဏ္ဍန် ထူးဆန်းတဲ့ အမည်မသိ ယာဉ်ပျံတခုဟာ Star- Wars ရုပ်ရှင် ဇာတ်လမ်း ထဲကလို မီး ရောင်တွေ တလက်လက်ဖြစ်တဲ့ ပစ်ခတ်မှုနဲ့ မြေပြင်ပေါ်က တာလီဘန် စခန်းကို ဖျက်ဆီးလိုက်တဲ့ ၃၅ စက္ကန့်လောက် ရှိတဲ့ ဗွီဒီယိုလို့ သတင်းမှာ ညွှန်းထားပါတယ်။ 

တခြား ဂြိုလ်ကမ္ဘာတွေက UFO ဆိုတဲ့ အမျိုးအမည်မသိ ယာဉ်ပျံတွေက လူသားတွေ နေထိုင်တဲ့ ဂြိုလ်ကမ္ဘာ ကို လာရောက် နေတာ ကြာပြီဆိုတဲ့ အထောက်အထား၊ ရေးသားချက်တွေက ဆယ်စုနှစ်တွေချီ
ပြီး ရှိပါတယ်။ အခုအချိန်ထိလည်း ပဟေဠိ ဖြစ်နေကြဆဲပါဘဲ။ 

အခု အဲဒီ သတင်းထဲမှာ ဖော်ပြထားတာက အာဖဂန်နစ္စတန် အရှေ့ပိုင်း Asadabad မြို့က တာလီဘန် စခန်းကို UFO က တိုက်ခိုက်ဖျက်ဆီးလိုက်တာလို့ ဆိုတယ်။ 

ဒါကို နေတိုး စစ်ယာဉ်တစီးပေါ်က မှတ်တမ်းရိုက်ယူထားခဲ့တာလို့ ဆိုပြီး ယူကျုပေါ် ရောက် လာခဲ့တာပါ။ 

သတင်းမှာ ရေးထားတာက အခု ပြီးခဲ့တဲ့ မတ်လ တုန်းက ဖြစ်ရပ်ကို အမေရိကန် မရိန်းတပ်က ရိုက်ကူးခဲ့ တာ လို့လည်း ဆို ပါတယ်။ အခု မေလ ၅ ရက်နေ့ကမှ ယူကျုပေါ် အဲဒီ ဗွီဒီယို တက်လာပြီး ကြည့်ရှုသူတွေ ကတော့ အတော်များများ ရှိနေပါပြီ။

  


အိမ့်သံစဉ်~








1 comment:

  1. http://www.theepochtimes.com/n3/664972-ufo-attacks-taliban-camp-in-afghanistan-video-is-a-hoax/

    ReplyDelete