~
မဟာသန္တိသုခကျောင်းဖြစ်ရပ်ကို အာဏာပိုင်တို့ရဲ့ ကိုင်တွယ်ပုံက နည်းလမ်းမကျဘူးလို့ ၈၈ အဖွဲ့က အခုလေးတင် ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။

အင်အားသုံးဖယ်ရှားခြင်းဟာ မရိုး မဖြောင့်တဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
ကြေညာချက် အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။
“မဟာသန္တိသုခကျောင်းတော်အား အင်အားသုံးဖယ်ရှားခြင်းအပေါ် ကန့်ကွက်ခြင်း ”
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ဇွန်လ ၁၀ ရက်နေ့၊ ည၁၁း၀၀ နာရီဝန်းကျင်အချိန်က သာသနာရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ
“မဟာသန္တိသုခကျောင်းတော်ကြီး””ကို အင်အားသုံးဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး
ကျောင်းရှိ သံဃာတော်တို့အား အလိုမတူဘဲ အတင်းအကျပ် ခေါ်ဆောင်သွားကာ
ကျောင်းတော်ကြီးကို ချိတ်ပိတ်ခဲ့ကြောင်းသိရှိရသည်။
ဤဖြစ်ရပ်မှာ ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတစ်ခုတွင် လွန်စွာအကျည်းတန်ရုပ်ဆိုးလှသည်။
မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး ပြည်ပသာသနာပြု ခရီးကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံးဖယ်ရှားခြင်းသည် မရိုးမဖြောင့်ဟု ယူဆသည်။ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အနေဖြင့်လည်းကောင်း၊
သာသနာဝန်ကြီးဌာနအနေဖြင့်လည်းကောင်း သဘောထား အမျှော်အမြင်ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံးဖယ်ရှားခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ အနေဖြင့် အလေးအနက်ကန့်ကွက်လိုက်သည်။
ဤဖြစ်ရပ်အတွက် နိုင်ငံတော်သံဃမဟာနာယက နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့တွင်တာဝန်ရှိသလို ပြည်ထောင်စုအစိုးရတွင်လည်း တာဝန်မကင်းပါ။
နောက်ဆက်တွဲအနေဖြင့် ဆန့်ကျင်မှုများ၊ ဆန္ဒပြမှုများ ပေါ်ပေါက်လာနိုင်သည်။
ဘာသာရေးကိစ္စဆိုသည်မှာအလွန်သိမ်မွေ့သည့်အတွက် တက်နိုင်သမျှ အညင်သာဆုံးနှင့် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းသင့်ပါကြောင်း ကျွန်ုပ်တို့၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ သဘောထားထုတ်ပြန်လိုက်ပါသည်။
- ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
.

- မဟာသန္တိသုခကျောင်းတိုက် (ဓာတ်ပုံ – ဟိန်းထက်အောင် / ဧရာဝတီ)

ဒီတစ်ကြိမ်တော့ ၈၈ အဖွဲ့ကို ထောက်ခံတယ်။
ReplyDeleteဆရာကြီးတို့ အဖွဲ့ ကအားလုံးရဲ့ အထက်မှာရှိတယ်နော်
ReplyDeleteအရာအားလုံးကိုလည်းတတ်ကျွမ်းနားလည်တယ်နော်
ဟုတ်တယ်သူတိုမှန်တယ်ဆိုရင်ဘုန်းဘုန်းပြန်အလာကိုစောင့်ပြီးမှလုပ်သင့်တယ်ခုဟာကမင်းမဲ့စရိုက်ဆန်လွန်းတယ်
ReplyDeleteကန်. ကွက်ကြောင်း ကြေငြာချက်ထုတ်တာ လောက်တော့  ဟီး ဟီး ဟီး (ရီတာပေါ့  ရီတာပေါ့ )
ReplyDeleteလူတွေ၊ လူတွေ
ReplyDeleteတော်တော် တရားကျစရာကောင်းတဲ့ လူတွေ။
ဘုန်းကြီးတွေကျောင်းလုတဲ့ ပြသနာက ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတစ်ခုတွင် လွန်စွာအကျည်းတန်ရုပ်ဆိုးလှသည် ဆိုပါလား။
သူများသာသနာကို စော်ကား၊ သူများ ဝတ်ပြုတဲ့ကျောင်းတွေကိုဖျက်၊ သူများခလေးငယ်တွေကို မသေမချင်းရိုက်သတ် မသေမရှင် မီးရှို့ကြတုန်းက ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတစ်ခုတွင် လွန်စွာအကျည်းတန်ရုပ်ဆိုး မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့။
==============
ဤဖြစ်ရပ်မှာ ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတစ်ခုတွင် လွန်စွာအကျည်းတန်ရုပ်ဆိုးလှသည်။
မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး ပြည်ပသာသနာပြု ခရီးကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံးဖယ်ရှားခြင်းသည် မရိုးမဖြောင့်ဟု ယူဆသည်။ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အနေဖြင့်လည်းကောင်း၊
သာသနာဝန်ကြီးဌာနအနေဖြင့်လည်းကောင်း သဘောထား အမျှော်အမြင်ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံးဖယ်ရှားခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ အနေဖြင့် အလေးအနက်ကန့်ကွက်လိုက်သည်။
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
ကျောင်းတော် ကိစ္စ ကျွန်တော် သေသေချာချာ မသိပါ ။၈၈ အနေနဲ့ သံဃာ့မဟာ နာယက အဖွဲ့ အပေါ် ပြည်သူများ အမြင်မစောင်း စေရန် သတိထားပြောဆိုပေးပါ။
ReplyDelete