Pages

Tuesday, June 10, 2014

သေမင်းဆိုတာ အမည်းရောင်လား

အနောက်နိုင်ငံတွေနဲ့ တချို့နိုင်ငံတွေမှာ လူသားတွေကို ငရဲပြည်ကို ခေါ်မယ့် သေမင်းနဲ့ပတ်သက်ပြီး အမည်းရောင်လို့ လက်ခံထားကြတာ အတော်ကြာပြီထင်ပါတယ်။ 


အထင်အရှား တွေ့ရတာကတော့ ကမ္ဘာကျော် Ghost ကားမှာ ပါ။ ကောင်းကင်ဘုံအတွက် လာရောက်ခေါ်
ဆောင်သူကို အဖြူရောင် အငွေ့သဏ္ဍန် နတ်တပါး အဖြစ် ဖော်ကျူးထားပြီး ငရဲ ဘုံကို ခေါ်မယ့် သူအတွက် နတ်ဆိုးကို အမည်းရောင် အငွေ့သဏ္ဍန် ဖော်ကျူးထားခဲ့ပါတယ်။ 

 တောင်ပေါ် ကားလမ်း တခုမှာ ကား မတော်တဆမှု ဖြစ်ရပ်မှာ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေရောက်လာတာကို မှတ်တမ်း တင်ထားတဲ့ ဗွီဒီယို ဖိုင်တခု ယူကျုပေါ် တက်လာပါတယ်။ 

ရဲနဲ့ မီးသတ်တွေက ထိခိုက် ဒဏ်ရာရတဲ့ ဒရိုင်ဘာကို ကယ်ဆယ်ဖို့ ပြင်ဆင်နေချိန်မှာ ကားအနီးက အမည်းရောင် အငွေ့သဏ္ဍန် တခုကို ဗွီဒီယို မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒဏ်ရာရသွားသူဟာ အသက် ရှင်လျှက်လား၊ သေသွားလားဆိုတာတော့ မသိရပါဘူး။ 

ဒါပေမယ့် ဒီဗွီဒီယိုဟာ ဘယ်လောက် ယုံကြည်ရလို့လည်း၊ တကယ်ဟုတ်ပါ့မလား၊ နည်းပညာတွေနဲ့ စီမံပြီး အများပြည်သူ အထင်မှားအောင် ယုံကြည်မှု တခုခု ကို တွန်းအားပေးအောင် ဖန်တီးမှုလားဆိုပြီး ဒီကိစ္စ အပေါ် လူတွေလည်း အငြင်းအခုန်လုပ်နေကြပါတယ်။ ဧရာဝတီ ပရိသတ်လည်း ဒီဗွီဒီယို ဖိုင်ကို ကြည့်ပြီး ခွဲခြမ်း စိပ်ဖြာ သင့်ပါတယ်။
 
  


အိမ့်သံစဉ်~










6 comments:

  1. ကားမီးခိုးဖြစ်မှာပါ

    ReplyDelete
    Replies
    1. မဟုတ်ပါဘူးအသေအချာကြည့်ပါ

      Delete
  2. ရဟတ်ယာဉ်ရဲ့ အရိပ်

    ReplyDelete
  3. ရဟတ်ယာဉ် အရိပ် လို့တော့ထင်တာပဲ

    ReplyDelete
  4. အဲ့ဒါ သတင်းလားကွာ.. စိတ်လေတယ်.. ခုခေတ် VFX သမားတွေ ရိုက်သက်လို့ မကုန်တာကို..

    ReplyDelete
  5. it's possible.we are Buddhism.we believe next life.it's go away from old life body.

    ReplyDelete