Pages

Thursday, June 19, 2014

Facebook ယာယီ ရပ်ဆိုင်း

 ~




လူကြိုက်များ လူသုံးများလွန်းတဲ့ Facebook ကြီး ဒီကနေ့ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၂း၃ဝ ဝန်းကျင်မှာ ယာယီ ရပ်ဆိုင်းသွားပါတယ်။

တကမ္ဘာလုံးမှာ ရပ်ဆိုင်းသွားတာလို့ သိရပါတယ်။

ကမ္ဘာတဝန်း ဘယ်ကနေဖွင့်ဖွင့် Sorry, something went wrong ဆိုတဲ့ စာတန်း ပေါ်လာတာပါ။

ဒီပို့စ် ရေးနေတဲ့ ရန်ကုန်မြို့ ဧရာဝတီသတင်းဌာနရုံးဟာ ကွန်ပြူတာအသုံးများတဲ့ရုံး ဖြစ်တဲ့အတွက် ဟာ...

Sorry, something went wrong ဆိုတဲ့ အသံတွေ စောစောက ထွက်လာပါတယ်။Facebook ဒီလိုဖြစ်သွားခြင်းဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ သိရပါတယ်။

၂၅ မိနစ်ခန့် အကြာမှာတော့ Facebook အလုပ် ပြန်လုပ်လာတာတွေ့ရပါတယ်။
Facebook မရှိရင် လောကကြီးနဲ့ အဆက်အသွယ် မပြတ်ပေမယ့် မိတ်ဆွေအများအပြားနဲ့တော့ အဆက်အသွယ်ပြတ်သွားတာ သေချာနေပါတယ်။
 

 



.

1 comment:

  1. နေ့လည်က သုံးနေရင်းဖြစ်သွားတယ်......Acc,..ပျက်ဘီမှတ်လို့..... တော်ပါသေးရဲ့ Facebook ကြီးရယ်...မြန်မာနိုင်ငံသားတွေ အစိုးမရတာသိရဲ့သားနဲ့ ......ဘာမှအစိုးမရဘူးလေ....

    ReplyDelete