Pages

Tuesday, September 30, 2014

DV ကံစမ်းမဲအကြောင်း ရန်ကုန်နဲ့ မန္တလေးမှာ ၅ ကြိမ် ဟောပြောမယ်


 ~



ကံထူးရှင်များကို ကွန်ပြူတာနဲ့ရွေးချယ်မယ့်  DV ကံစမ်းမဲအကြောင်း  အမေရိကန်ကောင်စစ်ဝန်ရုံးက ရန်ကုန်၊ မန္တလေးမြို့တွေမှာ ၅ ကြိမ် ဟောပြော ရှင်းလင်းမယ်၊
အခမဲ့ တက်ရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။

ပြုလုပ်မယ့် နေရာ၊ အချိန်တို့ကို ကောင်စစ်ဝန်ရုံးထုတ်ပြန်ချက်ထဲကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


ရန်ကုန်  -

American Center, အမှတ် ၁၄ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်
အောက်တိုဘာ ၂၊ ကြာသပတေးနေ့။

YMCA ပဉ္စသိင်္ခခန်းမ၊ အမှတ် ၂၆၃၊ မဟာဗန္ဓုလလမ်း နဲ့ သိမ်ဖြူလမ်းထောင့်၊  ဗိုလ်တထောင် မြို့နယ်
အောက်တိုဘာ ၆၊ တနင်္လာနေ့။

ယုဒသန်ခန်းမ၊ အမှတ် ၆၀၁၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်
အောက်တိုဘာ ၇၊ အင်္ဂါနေ့။

ရန်ကုန်ဟောပြောပွဲတွေအားလုံး ပြုလုပ်မယ့်အချိန် - ညနေ ၅း၃၀ - ၇း၀၀

မန္တလေး -

Jefferson Center
- အမှတ် ၅၃၊ ၂၆ လမ်း နှင့် ၇၁ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်
အောက်တိုဘာ ၉
မနက် ၁၁း၀၀ - ၁၂း၀၀ (မြန်မာဘာသာ)
နေ့လယ် ၁း၀၀ - ၂း၀၀ (အင်္ဂလိပ်ဘာသာ)

 

ဆက်စပ်

အမေရိကန်ဗီဇာကံစမ်းမဲ လာမယ့်ရက်ပိုင်းအတွင်း ထိုးနိုင်ပြီ 
http://blog.irrawaddy.org/2014/09/blog-post_761.htmlhttp://blog.irrawaddy.org/2014/09/blog-post_761.html

.

1 comment:

  1. အောင်ဖြိုးပိုင်October 2, 2014 at 8:17 PM

    ဧရာဝတီရေ အောက်တိုဘာ ၆ ရက်က ယုဒသန်မှာ မဟုတ်ဘူးလား။ လွဲနေတယ်ထင်တယ်။ ကြည့်ပြီးရင် ပြင်ပါဦး။

    ReplyDelete