လိပ်ကျွန်းအမှု ကိစ္စ ထိုင်း-မြန်မာ ကိုယ်စားလှယ်များ ဘန်ကောက်ရှိမြန်မာသံရုံးတွင်ယနေ့ ဆွေးနွေးစဉ်၊
ဓာတ်ပုံ- မင်းဦး
အဲဒီဆွေးနွေးပွဲမှာ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီက ပုဂ္ဂိုလ်တွေ အပါအဝင် မြန်မာသံရုံးတာဝန်ရှိသူတွေ၊ သံရုံးရဲ့ အထူးအဖွဲ့ဝင် FED နဲ့ MAT ဆိုခေါ်တဲ့ မြန်မာ အလုပ် သမား အရေး လှုပ်ရှားနေသူတွေနဲ့ ဖမ်းဆီးခံ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေ ပါဝင်ခဲ့ကြပြီး လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ်။
အဲဒီလို ဆွေးနွေးပွဲ မလုပ်ခင်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ရဲ့ မိသားစုတွေက မြန်မာသံရုံးရှေ့မှာပဲ လာရောက် ကြတဲ့ ထိုင်း- မြန်မာ သတင်းဌာနက သူတွေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိသားစုတွေရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း တချို့၊ ဓာတ်ပုံများ- ကိုဘခက် ( MAT)
ယနေ့ နံနက်ပိုင်း က ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘများ ဘန်ကောက် ဒွန်မောင်လေဆိပ်သို့ ဆိုက်ရောက်လာစဉ် မြင်ကွင်းများ
အိမ့်သံစဉ် ~











အဲဒါကတော့ ပလိန်းကြီးလုပ်စားတာဟေ့
ReplyDeleteခုမှလေဆိပ်ရာက်တဲ့ ဒီကောင်လေးတွေရဲ့ မိဘ ၂ ယောက်လက်ထဲ ထိုင်းဘုရင်မင်းကြီးပုံကိုင်ခိုင်းပြီး ထိုင်းလိုမတတ်တဲ့ မအေလက်ထဲ ငတို့ဘုရင်မင်းမြတ်ကြီးကို ချစ်မြတနိုးပါတယ်လို့ ထိုင်းလိုရေးထားတဲ့စာရွက်ထဲ့ပေးပြီး
ဓါတ်ပုံ့ရိုက်တာကတော့
အင်း
ပေါ်တင်ကြီးလုပ်စားရာကျ ပါတယ်ကွာ
အထှာတော့ကျ နေပြီ
ဒီအမှုနဲ့လဲ အဲလိုပတ်သက်တာမတွေ့မိပါဘူး
အဓိက ပလာတာရောင်းတဲ့ "ကိုကမာ"ဆိုတဲ့ သူက မြန်မာစကားလေးလုံးကွဲအောင်မပြောတတ်ဘဲနဲ့...ယိုးဒယားပုလိပ်တွေကို မျက်နှာလိုမျက်နှာရလုပ်ပြီး....ကိုယ့်မြန်မာအချင်းချင်းတရားခံဖြစ်အောင်လုပ်တာ၊ ဒီကောင်တ၇ားမ၀င်ယိုးဒယားနိုင်ငံထဲခိုးဝင်လာပြီး ပလာတာရောင်းနေတာ။
ReplyDeleteဘန်ကောက်ပို့စ်ရဲ့ မှေတ်ချက်တခုမှာရေးထားတာကတော့ ဒီစကားပြန်ကို သူသိပါတယ်တဲ့.ကိုကမာဆိုသူဟာ လိပ်ကျွန်းမှာ စပြီးဈေးရောင်းကတည်းက သိကျွမ်းခဲ့တာပါတဲ့.သူ့ကိုယ်သူ Bangladesh သားလို့ မေိတ်ဆက်ထားတယ်လို့ တိတိကျကျပြောထားသလို စိတ်ရင်းကောင်းသူဖြစ်ကြောင်းလည်း ဆိုထားပါတယ်.အချိန်တွေကြာလာတာနဲ့အမျှ အခြေအနေအရ အပြောင်းအလဲဖြစ်သွားတာနေမှာပေါ့.သူလည်း ထိုင်းရဲကို မလွန်ဆန်နိုင်တဲ့ အနေအထားမှာ ရှိနေပါလိမ့်မယ်.မှုခင်းပြန်ဆင်ပြခိုင်းတဲ့နေ့မှာ ရဲတံဆိပ်ပါတဲ့ ဝတ်စုံဝတ်ထားတာလည်း သံသယဖြစ်စရာပါ.ထိုင်းရဲက တခုခုကို ကြိုသိထားလို့ လုပ်ထားတာ သိသာပါတယ်.
ReplyDelete