လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေးကိစ္စမှာ ဗြိတိန်ရဲက ပူးပေါင်းပါဝင်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ထိုင်း ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ပရာဝတ် ဝုန်ဆုဝုန်က စနေနေ့မှာ ငြင်းဆိုလိုက်ပါတယ်။
ဗြိတိသျှ တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံကို လေ့လာသူတွေအနေနဲ့သာ လာရောက်မှာဖြစ်တယ်လို့ ထိုင်း ဘက် က သဘော ထားကို ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရာဝတ် က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတခုက ရေးပါတယ်။
ဗြိတိန်စုံထောက်တွေဟာ လူသတ်မှု စုံစမ်းစစ်ဆေးရေးကို စွက်ဖက်မှာ မဟုတ်ဘူးဆိုတာကို ထိုင်းရဲတပ်ဖွဲ့ အပါအဝင် ထိုင်း လုံခြုံရေးရာကိစ္စ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာဝတ်က ပြောပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်းက ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာကို ကမ်းလှမ်းခဲ့တဲ့ အကြောင်း ထုတ်ပြန်တဲ့ ဗြိတိန်က ကြေညာချက်နဲ့တော့ အခု ထိုင်းဒုဝန်ကြီးချုပ်ပြောဆိုမှုဟာ ကွဲလွဲနေပါတယ်။
အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပတဲ့ အာရှ- ဥရောပ ထိပ်သီး ASEM အစည်းအဝေးမှာ ဗြိတိန် ဝန်ကြီးချုပ်
ဒေးဗစ် ကင်မ ရွမ်းက လိပ်ကျွန်း လူသတ်မှု ကိစ္စ ထိုင်း ဝန်ကြီးချုပ်ကို မေးခွန်း ၂ဝ လောက်း မေးပြီး ဗြိတိသျှ ရဲတွေက စုံစမ်းရေး အကူအညီ ပေးဖို့ ကမ်းလှမ်းခဲ့တာကို ထိုင်းဘက်က လက်ခံခဲ့တဲ့အကြောင်း ဗြိတိန်သတင်းတွေမှာ ဖော်ပြကြပါတယ်။
အခုတော့ ထိုင်းဝန်ကြီးချုပ် ပြောခဲ့တာနဲ့ ထိုင်း ဒုဝန်ကြီးချုပ် ပြေဆိုမှုတွေဟာ ကွဲလွဲနေပါပြီ။
အလားတူ လိပ်ကျွန်း စုံစမ်းစစ်ဆေးမှု ကိစ္စ ထိုင်းဘုရင့်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဗြိတိန်ရဲတွေကို ထိုင်းဘက်က ခွင့်ပြုခဲ့တယ်ဆိုတာကို ထိုင်း သတင်းဌာနတွေကလည်း မနေ့တုန်းက အကျယ်တဝံ့ဖော်ပြခဲ့ကြပါသေးတယ်။
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာ
ရွှေ့ပြောင်းလူငယ် ၂ ဦးကို လူသတ်တရားခံအဖြစ် ထုတ်ပြန်ထားတာပါ။
လူအများစုကတော့ ထိုင်းရဲရဲ့ အခုလို စုံစမ်းစစ်ဆေးဖော်ထုတ်မှုကို ယုံကြည်မှု မရှိကြပဲ လူသတ်တရားခံ အစစ်တွေဟာ အခု ထိ လွတ်မြောက်နေသေးတယ်လို့ သတင်းတွေက ရေးနေကြပါတယ်။
ဗြိတိန် တာဝန်ရှိသူတွေကတော့ ထိုင်းရဲတွေဟာ မြန်မာ လူငယ်လေး ၂ ဦးကို ရိုက်နှက်ညှင်းပန်းပြီး လူသတ်မှု ကျူးလွန် တယ် လို့ ဝန်ခံခိုင်းထားတာဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်း၊ လိပ်ကျွန်းမှာ ရှိတဲ့ သံသယဖြစ်သူတွေရဲ့ DNA နမူနာကို လည်း စစ်ဆေးဖို့ လိုတယ်လို့ ထိုင်းအာဏာပိုင်တွေကို ပြောဆိုထားပါတယ်။
အိမ့်သံစဉ် ~

Thai Prime Minister Prayuth doesn't understand English......it's real.
ReplyDeleteHe doesn't have to understand English but he doesn't have a group of people who understand English good enough to help him to translate from Thai to English and English to Thai properly. This is not my assumption. It is true. If he didn't say something and the media said he did, he needs to check his own translators or press team. He cannot blame the media that publish what they are informed by his press team or media relation. He even said that the British didn't summon them but they went to the British to explain the process. The same with Myanmar, too. President U Thein Sein didn't start talking about Koh Tao case but he did, he said. He tried to sound like his side is innocent that's why they aren't afraid of start talking about the case. Shameless! The truth is nearer! Be ready to accept it!
ReplyDeleteIf General Prayuth was an ordinary person, he won't have to understand English.
ReplyDelete