Pages

Monday, October 27, 2014

ကိုပါကြီးအမှုအတွက် ပြည်မြို့မှာ ဆန္ဒပြသူ ၂ ဦးကို အရေးယူမည်



.




   

            အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ထိန်းသိမ်းခံရစဉ် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း
 ပြည်မြို့ ဒေသခံ ၂ ဦးက ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှာ  တနင်္ဂနွေနေ့ညက ဆန္ဒပြခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြမယ် ဆိုတာကို တရားဝင် အကြောင်းမကြားခဲ့ဘူးလို့  အမှတ်(၂) မြို့မရဲစခန်းမှူး ဦးမျိုးမြင့်က ပြောပါတယ်။

"သူတို့ ဆန္ဒပြမယ်ဆိုတာကို ကြိုတင် အသိပေး အကြောင်းကြားခြင်း မရှိတဲ့အတွက်  ပြည်မြို့က ဦးမြင့်အေးနဲ့  ကိုသန့်ဇင်ထက်ကို ပုဒ်မ ၁၈ နဲ့ အရေးယူသွားမှာပါ" လို့ စခန်းမှူးက  ပြောပါတယ်။

လူသတ်တရားခံများကို အမြန်ဆုံး ဖေါ်ထုတ် အရေးယူပေးဖို့ တောင်းဆိုကြတာကတော့   ရှေ့နေ ဦးမြင့်အေး၊  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသန့်ဇင်ထက်တို့ပါပဲ။

 ဖယောင်းတိုင်ကိုင်ပြီး ဆန္ဒပြသူ နှစ်ဦးကြောင့် ပြည်မြို့ရဲ့ ညနေဈေး( ညဈေးတန်း)မှာ လူစည်ကားတဲ့ အချိန်ဖြစ်နေတာကြောင့် ဗိုလ်ချုပ်ကျောက်ရုပ်အနီးတဝိုက်  ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။

 ပြည်မြို့အမှတ်(၂) မြို့မရဲစခန်းက တာဝန်ရှိသူတွေက လာရောက်တားမြစ်ခဲ့ပေမဲ့ ဆန္ဒပြသူတွေကတော့ ဥပဒေ အတိုင်းသာ  ဆောင်ရွက်ဖို့ ပြောခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ လှည့်ပြန်သွားခဲ့ကြပါတယ်။

 
  • တနင်္ဂနွေညက ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် တွေ့ရသောာ ကိုသန့်ဇင်ထက် နှင့် ဦးမြင့်အေး

ဆန္ဒပြသူ ကိုသန့်ဇင်ထက်က ...             သတင်းထောက်တယောက်အသတ်ခံရခြင်းဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာသမားတွေကို ခြိမ်းခြောက်ခြင်းဖြစ်ပြီး ပြည်သူလူထုရဲ့ နာမျက်စိတွေကို
ဖေါက်ထုတ်ပြစ်တာနဲ့အတူတူပဲလို့ ပြောပါတယ်။

            "ကျနော်တို့ပြည်သူလူထုအတွက်ကတော့ မီဒီယာဟာ ပထမ အရေးကြီးဆုံး မဏ္ဍိုင်ဖြစ်ပါတယ်။
သတင်းသမားတွေ ရှိနေလို့ ကျနော်တို့ ပြည်သူလူထုရဲ့ ရင်တွင်းဆန္ဒတွေကိုဖေါ်ထုတ်ခွင့်ရသလို၊ အစိုးရရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကိုလည်း ထောက်ပြဝေဖန်ပြောဆိုနေတဲ့ ပြည်သူဘက်တော်သားတွေဖြစ်ပါတယ်။
သတင်းထောက်တယောက်ကို သတ်တာမီဒီယာကို ဖိနှိပ်တာထက်ပိုသွားပါပြီ။ ပြည်သူရဲ့ ပါစပ်၊ နား၊ မျက်စိဖြစ်တဲ့ သတင်းသမားတွေကို သတ်ဖြတ်တာကို လုံးဝဆန့်ကျင့်တဲ့အနေနဲ့ ဆန္ဒလာပြတာဖြစ်ပါ"
လို့ သူက ဆိုပါတယ်။

ရှေ့နေ ဦးမြင့်အေးကလည်း "ပြည်မြို့ နဝဒေးတံတားအောက်က လူသတ်မှုလည်း တပ်မတော်နဲ့ ပတ်သက်နေလို့ အခုထိ တရားခံ မမိသေးသလို၊
ကိုပါကြီးကိစ္စလည်း တရားခံ အစစ်အမှန် ပေါ်ပေါက်လာမယ် မထင်ပါဘူး။
အဲဒါကြောင့် တရားမျှတရေးအတွက် လာရောက် ဆန္ဒပြရတာပါ" လို့  ပြောပါတယ်။

ကောင်းမြတ်မင်း

ဆက်စပ် ဖတ်စရာ

ကိုပါကြီး သေဆုံးမှု အမှန်တရား စုံစမ်းဖော်ထုတ်ပေးပါ
ဧရာဝတီ အယ်ဒီတာ့အာဘော်


သတင်းထောက် သေဆုံးမှု စစ်တပ်အား ကျန်ရစ်သူမိသားစု တရားစွဲမည်
ဧရာဝတီ သတင်း

.

2 comments:

  1. ဒီလောက်လင်းထိန်နေတာ ဖ ယောင်းတိုင် မီးက
    ထွန်းလိုက်သေး

    ReplyDelete
  2. လျှပ်စစ်မီးမလာလို့ဖယောင်းတိုင်ထွန်းတာအကျင့်ပါနေလို့ပါ။

    ReplyDelete