Pages

Friday, October 17, 2014

မြန်မာအသင်း UAE ကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရပြီ

AFC U 19 ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတာမှာ မြန်မာ အသင်း ဟာ UAE ကို ၁ ဂိုး သုညနဲ့ ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အနိုင်ရ လိုက်တဲ့ အတွက် ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်ခွင့် ရသွားပြီဖြစ်သလို မြန်မာ ယူ ၂ဝ အနေနဲ့ ကမ္ဘာ့ဖလားကို ဝင်ခွင့်ရ သွားခဲ့ပါတယ်။ 

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

သမိုင်းဝင် အနိုင်ရလိုက်မှုကြောင့် မြန်မာနိုင်ပြီဆိုတဲ့ ကြွေးကြော်သံက သုဝဏ္ဏအားကစားကွင်းအတွင်းမှာ ဘဝဂ်ညံနေခဲ့ပါပြီ။ ပရိသတ်တွေရဲ့ ဖေ့စ်ဘုတ်ပေါ်က ပြန်ကြားရေး ဝန်ကြီးကို တောင်းဆိုခဲ့ကြလို့ မြန်မာ့ အသံ က ပြန်လည် ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါပြီတဲ့။


 









3 comments:

  1. ဒီလိုအောင်မြင်မှုရအောင် ကြိုးစားဆောင်ရွက်ကြတဲ့အတွက် အတိုင်းမသိဝမ်းမြောက် ဂုဏ်ယူပါတယ်. Congratulations! ဆိုတာကို အခါပေါင်း သိန်းသန်းမက အထပ်ထပ်ပြောပါတယ်ဗျာ. ဦးဇော်ဇော်ကိုလည်း ချီးကျူးပါတယ်. တခြားစီးပွါးရေးတွေ ဘယ်လောက်လုပ်ပြီး ကြီးပွါးချမ်းသာနေတယ်ဆိုပေမယ့် သူ့လိုမျိုး ဒီအားကစားကို စိတ်ရော ကိုယ်ရော ပိုက်ဆံရော အားလုံးအကုန်သုံးပြီး လုပ်ပေးတာမျိုး အရင်က မရှိမှ မရှိခဲ့တာ. ကစားသမားလေးတွေလည်း အားလုံးတော်ကြပါတယ်.ဒီ့ထက်ပိုပြီး ကြိုးစားကြပါ.ပန်းတိုင်မရောက်ခင် တက်မထောင်ကြပါနဲ့. ဒါဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပါ.ကြိုးစားလို့ကတော့ ၂၀၁၈ ဖလား ချိုနဲ့လားဟေ့..

    ReplyDelete
  2. အရင်ကော့မန့်မှာ World Cup ကြီးနဲ့မှားပြီး ၂၀၁၈ လို့ အရေးမှားသွားတယ်.ခွင့်လွှတ်ကြပါ.ဒါပေမယ့် ဒီလိုသာကြိုးစားသွားရင် ၂၀၁၈ World Cup လည်း ဝင်ရကောင်း ဝင်ရနိုင်ပါတယ်.

    ReplyDelete
  3. ဦးကြောင်ကြီးOctober 19, 2014 at 5:28 AM

    မြန်တျန့်တတွေ အောင်မြင်မှုနဲ့ ဘယ်လောက် ဝေးနေခဲ့သလဲဆိုတာ အခုလို သဲသဲလှုပ် ဖြစ်နေမှုက သက်သေပဲ...။ ဝမ်းနည်းမိပါဒယ်...

    ReplyDelete