ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောက်ပါ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာကို ထည့်သွင်းကြေငြာခဲ့ပါတယ်။
“၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးအတွက် အားပေးကူညီထောက်ခံခဲ့ကြသော မိဘပြည်သူများ၊ အဖွဲ့အစည်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
နိုင်ငံရေးပါတီအသီးသီးမှ ရွေးကောက်ပွဲအောင်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်အတူ မိမိပါတီမှ အောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပူးပေါင်းလက်တွဲပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင် ကြေညာအပ်ပါသည်။”
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
လို့ ရေးသားဖော်ပြခဲ့တာပါ။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) မှ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မည်သည့်ရာခိုင်နှုန်းအနိုင်ရရှိပြီဆိုတဲ့အကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့် လက်ရှိအနေအထားမှာ အတိုက်အခံပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက် ရာခိုင်နှုန်းအလွန်နည်းပါးနေတယ်လို့ သိရပါတယ်။

only thugs,thieves & crooks support thugs,thieves & crooks.
ReplyDeletenobody support thugs,thieves & crooks ,only thugs ,thieves & crooks support thugs ,thieves & crooks.
ReplyDelete