tag:blogger.com,1999:blog-4749642226130897912.post3271304400354307064..comments2024-03-03T15:35:51.988+07:00Comments on The Irrawaddy's Blog: ဦးဝီရသူသို့ အရှင် ဇဝနရဲ့ ပြန်ကြားစာWinhttp://www.blogger.com/profile/15919216744164429070noreply@blogger.comBlogger2125tag:blogger.com,1999:blog-4749642226130897912.post-34455032170366421892014-04-20T00:05:01.648+07:002014-04-20T00:05:01.648+07:00ဆရာတော်ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ...ဆရာတော်ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့ သုံးဦးအနက်မှာဦးသိန်းစိန်နဲ့ဦးရွှေမန်းတို့ ကိုသာရွေးချယ်မယ်လို့ ပြောနေတာကို၊ဆရာတော်ရဲ့ ပုဂ္ဂိုလ်ရေးရပ်တည်ချက်နဲ့ လူ့ အခွင့်အရေးမို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးစလုံးဟာနှစ်ပေါင်း(၂၀)ကျော်ထုနဲ့ထေးကျုးလွန်ခဲ့တဲ့အမှားတွေကိုတောင်ဝန်ချတောင်းပန်မှု့၊တာဝန်ယူမှု့မပြုသေးဘဲ၊တိုင်းပြည်ရဲ့အထွတ်အမြတ်ရာထူးနေရာတွေကိုဇွတ်အဓ္ဓမရယူထားယုံမက ၂၀၁၅ ရွေးကောက်ပွဲကိုပါမျှော်မှန်းနေကြသူတွေမဟုတ်လါး။
သူတို့ နှစ်ဦးစလုံးထိပ်ဆုံးရာထူးကနေပါဝင်ခဲ့တဲ့စစ်အာဏာရှင်အစိုးရဟာ၊ဘုစုခရုပြစ်မူတွေကစလို့ပဥ္စာနန္တိယကံကြီးတွေအထိရာဇ၀တ်မူကုဋေကုဋာကျူးလွန်ခဲ့လို့ သမိုင်းအညစ်အကြေးအထပ်ထပ်ပေကျံခဲ့ပြီး၊ပြည်သူလူထုကြီးရဲ့ဆန္ဒကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ခဲ့တယ်။အာဏာကိုလွှဲမပေးယုံတင်သာမကစစ်တန်းလျှားပြန်ပါ့မယ်လို့ပေးထားခဲ့တဲ့ကတိက၀တ်ကိုချိုးဖေါက်ခဲ့တာလည်းကမ္ဘာသိဖြစ်တယ်။
န၀တ၊နအဖခေတ်တစ်လျှောက်လုံးပြည်သူတွေအပေါ်ကျုးလွန်ခဲ့တဲ့ပြစ်မှု့တွေ၊အမှားတွေအတွက်တာဝန်ရှိခဲ့သူတွေပီပီ၊မိဘပြည်သူတွေကိုတရားဝင်ကျေနပ်အောင်တောင်းပန်မှု့၊ရိုးသားစွာအမှားကိုဝန်ခံမှု့၊တာဝန်ယူမှု့တွေပြုဖို့လိုပါတယ်။မိမိမှာပေကျံနေတဲ့သမိုင်းအညစ်အကြေးတွေရှင်းလင်းသန့်စင်ပြီးမှ၊ပြည်သူ့သမ္မတအဖြစ်အရွေးခံသင့်ပါတယ်။စိတ်ပုတီးမကိုင်ခင်၊တရားမထိုင်ခင်ကိုယ်ခန္ဓာနဲ့ညစ်ပေတူးနေတဲ့လက်၊ခြေထောက်တွေဆေးကြောသန့်စင်အပ်တဲ့သဘောပါဘဲ။ဘုန်းကြီးကိုထိပ်ခေါက်ယုံတင်မက၊ဖနှောင့်နဲ့ အကြိမ်ကြိမ်ပေါက်ပြီးတာတောင်၊အပြစ်တွေမဆေးကျောသေးဘဲသံဃာစင်ပေါ်တက်ထိုင်ပြီးသူတော်ကောင်းယောင်ဆောင်နေသလိုဖြစ်မနေပေဘူးလါးဘုရား။
ကိုယ်ကျုးလွန်ခဲ့တဲ့အမှားကို၊ကိုယ်ကိုတိုင်ရဲရဲရင့်ရင့်ကိုယ်တိုင်ဝန်ခံရဲ၊တာဝန်ယူရဲတာကိုသတ္တိလို့ခေါ်နိုင်ပါတယ်။အဲ့ဒီလိုမှမဟုတ်ဘဲဘာမှမဖြစ်ခဲ့သလိုရေငုံနှုတ်ပိတ်ဟန်ဆောင်နေတာဟာ၊သူရဲဘောကြောင်ခြင်းပါဘဲ။။တာဝန်ယူမှု့၊တာဝန်ခံမှု့မရှိတဲ့သူတွေဟာ၊တိုင်းပြည်တစ်ပြည်မှမဟုတ်ဘူး၊ဘယ်လူ့ အဖွဲ့ စည်းမှာမဆို၊ခေါင်းဆောင်တာဝန်မယူထိုက်ပါဘူး။
အခု တပည့်တော်လျှောက်ထားနေတာတွေဟာစစ်အာဏာရှင်တွေရဲ့အတိတ်ကအမှားတွေကိုအာဃာတ တရားနဲ့ လက်စားချေဖို့ အကြောင်းတစ်လုံးတစ်ပါဒမှမပါတာသတိပြုမိမှာပါ။ အဓိကပြောခြင်တာက နှောင်လါနောက်သားတွေကို ကိုယ့်အမှားကိုယ်တာဝန်မယူတဲ့ယဉ်ကျေးမှု့နဲ့ အစဉ်အလာကို လက်ဆင့်ကမ်းအမွေမထားရစ်စေလိုတဲ့ဆန္ဒနဲ့ စေတနာပါဘုရား။
တပ်မတော်ဟာစစ်တန်းလျားမပြန်သရွေ့ ၊ပြည်သူ့ အစိုးရတစ်ရပ်ရဲ့အမိန့် မနာခံသရွေ့ (၈၈၈၈)ပြည်သူ့ အရေးတော်ပုံကြီးဖြိုခွဲခဲ့စဉ်ကအဖြစ်ဆိုးမျိုး၊(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးဖြိုခွဲခဲ့စဉ်ကအဖြစ်ဆိုးမျိုး၊တိပိဋကဆရာတော်ကြီးလိုဓမ္မစေတီထိုက်တဲ့သံဃာတော်အရှင်သူမြတ်တွေကိုဖမ်းဆီးထောင်ချ၊ညင်းဆဲသတ်ဖြတ်မှု့ စတဲ့အပြစ်ကြီးတွေထပ်မံကျုးလွန်အုန်းမဲ့အလားအလာတွေရှိနေတော့မှာပါ ။ဘယ်လိုမှအမျိုးဘာသာ၊သာသနာကို (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  စောင့်ရှောက် နိုင်စရာလမ်းမမြင်မိပါဘူး။
စစ်အာဏာရှင်စနစ်ကိုအသွင်သဏ္ဍန်တစ်မျိုးနဲ့အသက်ဆက်ပေးမဲ့(၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလူကြားကောင်းယုံ၊စတိသဘောလေးလောက်ပြင်ခြင်သူတွေဖြစ်တဲ့ဦးသိန်းစိန်နဲ့ဦးရွှေမန်းတို့ ကိုသာလက်ခံတယ်၊သမ္မတအဖြစ်မြင်လိုတဲ့ဆရာတော်ဦးဝီရသူကဘယ်လိုများအမျိုးဘာသာ၊သာသနာကိုစောင့်ရှောက်နိုင်မလဲဆိုတာတပည့်တော်သိလိုလှပါတယ်ဘုရား။
လေးစားစွာဖြင့်
Anonymoushttps://www.blogger.com/profile/05934456337449970052noreply@blogger.comtag:blogger.com,1999:blog-4749642226130897912.post-87830092948107950302014-04-19T23:06:03.399+07:002014-04-19T23:06:03.399+07:00တပြည်လုံးရှိ မွတ်ဆလင်တွေကို ဘယ်သူတွေကဆန်.ကျင်နေကြတ...တပြည်လုံးရှိ မွတ်ဆလင်တွေကို ဘယ်သူတွေကဆန်.ကျင်နေကြတာလည်းသိချင်ပါတယ် အရှင်ဘုရား။မုဒိန်းမှု.စစ်တမ်းကောက်တာတော.မကြားမိပါဘုရား ဘယ်သင်းကပိုများလည်းသိလျှင် ဖြေကြားပေးတော်မူပါဘုရား။တပည်.တော်တို.မှာသံဃာတော် တွေ ပြော တဲ. နောက် ကို လိုက် ရ မှာ လား။ ကာကွယ် ရေး ဦးစီးချုပ် ပြော တာ နောက် ကို လိုက် ရ မှာ လား သမ္မတ ပြော တဲ.နောက် ကို လိုက် ရ မှာ လား ၊ ဦး ရွှေမန်း ပြော တဲ.နောက် ကို လိုက် ရ မှာ လား ၊ ဒေါ် စု နောက် လိုက် ရ မှာ လား ၊ စာ ရေး ဆရာ တွေ နောက် လိုက် ရ မှာလား ၊ ၈၈ ကျောင်းသား တွေ နောက် လိုက် ရ မှာ လား၊ ဦး ဇင်း ဦး ဇ၀န နောက် လိုက် ရ မှာလား ၊ ဗိုလ် မှုး ကြီး စော ဆန်းအောင် နောက် လိုက် ရ မှာ လား။
အား လုံး က ဟော ကြ ပြော ကြ တာ ဆရာ တွေ ချည်း ပဲ ဆို တော. တပည်. တော် တို. မှာ လည်း ဘာ လုပ် ရ မှန်း မသိ တော. ဘူး။ Sorcererhttps://www.blogger.com/profile/17213501223694587293noreply@blogger.com