Showing posts with label Movie. Show all posts
Showing posts with label Movie. Show all posts

ရုံတင်နေပြီ ဖြစ်တဲ့ Myanmar in Love in Bangkok (รักภาษาอะไร) “ဘယ်လိုအချစ်မျိုးလဲ”

Friday, September 19, 2014 0 comments

ထိုင်းနိုင်ငံ ဘန်ကောက်ရောက် မြန်မာ အလုပ်သမားလေး “ဒန်” နဲ့ ခေတ်ဆန်ဆန် မိုက်ကန်းကန်း စတိုင်လ်နဲ့ ထိုင်းလူမျိုး တက်တူးဆရာမလေး “ကေ” တို့ရဲ့ မတူညီတဲ့ ဘဝ၊ မတူညီတဲ့ အသိုင်းအဝိုင်းနဲ့ မတူညီတဲ့ ဘာသာစကား အခက်အခဲတွေ ကြားထဲက လူငယ်သဘာဝ သံယောဇဉ် ချည်နှောင်မိတဲ့ အကြောင်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အတွက် ရင်ထဲမှာ တခုခု စွဲကျန်ရစ်နေမယ့် (Myanmar in Love in Bangkok) ရုပ်ရှင်ကို စက်တင်ဘာလ (၁၈) ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့နယ်ထဲက မဟာချိုင် / စင်ထရမ် ဖလန် ၂ / စင်ထရမ် ဖလန် ၃ / မေဂျာ စံမရို / မေဂျာ ရန်စစ် / အက်စ်ဖလာနတ် ရချဒါ တို့မှာ ရုံတင်နေပြီ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ထိုင်းတနိုင်ငံလုံးကိုတော့ မကြာမီ ရုံတင်ပြသမည် ထင်ပါကြောင်း ... ခေတ်ဆန်ဆန် မိုက်ကန်းကန်း စတိုင်လ်နဲ့ ထိုင်းလူမျိုး တက်တူးဆရာမလေး Kay (ကေ) အဖြစ် Kaew (ကယောက်)၊ ရိုးသားတဲ့ မြန်မာ အလုပ်သမားလေး Dan (ဒန်) အဖြစ် အောင်နိုင်စိုး၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။

(အဉ္ဖလီ)

 

ဘန်ကောက်သူကို ချစ်မိတဲ့ ထိုင်းရောက် မြန်မာ

Friday, August 29, 2014 0 comments

  ရေခြား မြေခြား ထိုင်းနိုင်ငံမှာ နေ့တဓူဝ ရုန်းကန်ရှင်သန်နေရတဲ့ ဘဝသမားလေးပါ။ အိမ်ရှင် ထိုင်းသူလေးကို ချစ်မိသွားတဲ့ အကြောင်း ပြောဖို့ ဘာသာ စကားကလည်း သူ့အတွက် အလွန် ခက်ခက်သာ အရာဖြစ်နေပေမယ့် မတူညီ တဲ့ ယဉ်ကျေးမှု အလွှာတွေကိုတော့ ထိုင်းသူလေးရဲ့ အပြုံးတချက်က .....သူ့အတွက် ... အားအင်တွေ ဖြစ်စေမှာပါ။ 




ဒါပေမယ့် ထိုင်းသူလေရဲ့ ပေးဆပ်ခြင်းတွေ ကတော့ သူ့အတွက် အပျော်တလှည့် ဝမ်းနည်းတလှည့် ..လား။ ဘယ်လို ပြီးဆုံးသွားမလဲ ဆိုတာကိုတော့ ..... 

(ဘန်ကောက်သူကို ချစ်မိတဲ့ ထိုင်းရောက် မြန်မာ) 


ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အတွက် တခုခုတော့ စွဲကျန်ရစ် နေမယ့် (Myanmar in Love in Bangkok) ရုပ်ရှင် ကို လာမယ့် စက်တင်ဘာလ (၁၈) ရက်နေ့ မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်ထဲက မဟာချိုင် / စင်ထရမ် ဖလန် ၂ / စင်ထရမ် ဖလန် ၃ / မေဂျာ စံမရို / မေဂျာ ရန်စစ် / အက်စ်ဖလာနတ် ရချဒါ တို့မှာ ရုံတင်တော့မှာ ဖြစ်တယ် ဆိုတဲ့ အကြောင်း ... 









ဘာသာစကားမဲ့ အချစ်

Tuesday, July 8, 2014 0 comments

.

မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို Tanadnung Film က ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပါတယ်။ 



ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ထိုင်းနိုင်ငံ တဝန်းမှာ မကြာမီ ရုံတင်သွားမှာပါ။
ဇာတ်ကားရဲ့ ထိုင်းနာမည် ကတော့ รักภาษาอะไร ဖြစ်ပြီး - "အချစ်ဟာ ဘယ်ဘာသာ စကားလဲ" လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ "အချစ်ရဲ့ဘာသာစကား" ပေါ့။ 


ထိုင်းလူမျိုး ခပ်မိုက်မိုက် တက်တူး ဆရာမလေး Kay အဖြစ် Kaew, ရိုးသားတဲ့ မြန်မာအလုပ်သမားလေး Dan အဖြစ် အောင်နိုင်စိုး၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ဇာတ်ကား ထဲမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကို တွေ့နိုင်မှာပါ။

ဒီဇာတ်ကားကို ထုတ်လုပ်သူများရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပန်းတဲ့ အလုပ်တွေ လာရောက် လုပ်ကိုင်နေ ကြတဲ့ ရိုးရိုးသားသား မြန်မာ အလုပ်သမားတွေ အကြောင်း ထိုင်းလူမျိုးတွေကို သိစေချင်လို့ ဖြစ်ပါတယ် တဲ့။ 

အာဆီယံနိုင်ငံတွေ အားလုံး AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်းလေးက တဖက်တလမ်းကနေ အထောက်အကူ 
ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

Credit: Myanmar Pictures, รักภาษาอะไร / Facebook

  








မင်းသမီးလေးနဲ့ ဓာတ်ပုံဆရာတို့ရဲ့ အချစ်ဇတ်လမ်း

Wednesday, October 16, 2013 0 comments

တချိန်က လူကြိုက်များပြီး  ၀မ်းနည်းစရာကောင်းခဲ့တဲ့ ဇာတ်လမ်းအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ ဂျပန် ဓာတ်ပုံဆရာနဲ့ ကမ္ဘာခြား မင်းသမီးလေးတို့ရဲ့ အမှတ်တမဲ့ တွေ့ဆုံ သံယောဇဉ်ဖြစ်ခဲ့တဲ့ အချစ် ဇာတ်လမ်း
လေး တပုဒ်ဖြစ်ပါတယ်။ မကြည့်လိုက်ရတဲ့သူ မကြည့်ဖူးခဲ့တဲ့သူတွေအတွက် ပြန်လည်ပြီး အမှတ်တရ တင်ပြပေး လိုက်ပါတယ်။



 


အိမ့်သံစဉ် ~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved