မိတ်ဆွေတဦးက သူ့မင်္ဂလာဆောင် အမှတ်တရ ဒီဗီဒီ ပေးလာသည်။ ကြည့်တော့ ကျနော်တို့ လူလားမြောက် ကြီးပြင်းရာ ၁၉၈၀ ကျော် ၉၀ နှစ်များ လူငယ်တို့အကြား ရေပန်းစား သြဇာ ရှိခဲ့သော မဇ္ဈိမလှိုင်း တေးဂီတ၀ိုင်း အမှတ်တရ သီဆိုပွဲ မှတ်တမ်းတင်ခွေ ဖြစ်နေသည်။ နောက်ဆုံးသီချင်း "ပန်းရဲ့လမ်း" က အသစ်။ ထောင်ထဲတွင် ဒီချစ်မျိုး က ရေးဖွဲ့ထားသော ကဗျာစာသားကို (ဦး)ရဲလွင် [မဇ္ဈိမလှိုင်း] က သံစဉ်သွင်းထားပြီး အခု သူကိုယ်တိုင် သီဆိုမှုကို ကြည့်ရ၍ ခံစားရင်ခုန်ရသည်။ ပြန်လည်မျှဝေလိုသော စေတနာ ဆန္ဒဖြင့် အခု ဘလော့ဂ်တွင် တေးစာသားရော ၊ အသံနှင့်အရုပ်ပါ တင်ပေးလိုက်ပါသည်။
ရဲနည်
ပန်းရဲ့လမ်း
စာသား- ဒီချစ်မျိုး သံစဉ်၊ တေးဆို-ရဲလွင် (မဇ္စျိမလှိုင်း)
လှမ်းနင်းလိုက်တဲ့ ခြေလှမ်းတိုင်း မုန်တိုင်း မဖြစ်ဘူးဟေ့ … စူးခဲ့တဲ့ ဆူးတွေအတွက် ပြန်ငဲ့ရမယ်ဆိုရင် … ဒီလမ်းကို အစကတည်းက မထွက်ခဲ့ဘူး။
သူငယ်ချင်းရေ … လက်ကမ်းကြခြင်း အတူတူ … ဆုပ်ကိုင်ပြီးတဲ့ လက်ဖဝါးအတိုင်း အင်အားမဖြစ်ဘူးဟေ့ ...
ထားရစ်ခဲ့ စွန့်လွှတ်မှုတွေအတွက် ပြန်လှည့်ရမယ်ဆိုရင် ... ဒီလမ်းကို အစကတည်းက မထွက်ခဲ့ဘူး။
ဆူးခင်းလမ်းကို ဖြတ်ကျော်ဖို့ ... ရေဆန်လမ်းကို အားစမ်းဖို့ ... မျှော်လင့်ခြင်းကို ထမ်းပိုးလို့ ... မြင့်မြတ်တဲ့ တပ်မက်မှုတွေနဲ့ ။
လေရိုင်းရေ ... ဖူးပွင့်ကြခြင်းအတူတူ ... နင်းခြေလိုက်တဲ့ အခါတိုင်း ပန်းတိုင်းမကြွေဘူးဟေ့ ...
နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ရမယ်ဆိုရင် ... ဒီပန်းဟာ အစကတည်းက မပွင့်ခဲ့ဘူး။
ပျိုးတခင်းကို စိုက်ပျိုးဖို့ ... ပန်းတခင်းကို မွေးမျှဖို့ … အာရုံအလင်းကို တိုးဖက်လို့ ... မြင့်မြတ်တဲ့ တပ်မက်မှုတွေနဲ့။
နောက်ခံ အတီးသမားတွေရဲ့ အမည်တွေနဲ့ ရိုက်ကူးထားတဲ့ ရက်စွဲလေးများ ဖေါ်ပြလို့ရမလား
ReplyDeleteTwo others who are playing acoustic guitars behind Ye Lwin are Ko Myo and Thar Htwe...Date was on 2010 February
ReplyDeleteကဗျာရွတ်နေတာလား
ReplyDeleteသိပ်ကောင်းတဲ့ ကဗျာ တပုဒ်ကို သီချင်းအဖြစ် ဖန်တီးလိုက်တဲ့ အကိုကြီး ကိုရဲလွင် နှင့် မဇ္ဈိမလှိုင်း အဖွဲ့သားများ နှင့် ဧရာဝတီ အဖွဲ့ကိုကျေးဇူးအထူးတင်ရှိပါသည်။
ReplyDeleteအော်..ပြည်သူကို အလုပ်အကျွေးပြုနေပါတယ်ဆိုတဲ့ ပြည်သူ့အနုပညာရှင်ဆိုတာ ဒါမျိုးပါလား...။
ReplyDeleteစာစောင်၊ မဂ္ဂဇင်းများရဲ့ အင်တာဗျူးတွေမှာ ပြည်သူကို အလုပ်အကျွေးပြုနေပါတယ်ဆိုပြီး ပြည်သူကို ခေါင်းစဉ်တပ်၊ နအဖကို အလုပ်အကျွေးပြုနေတဲ့ ကိုယ့်ဝမ်းစာသာကိုယ်ရှာနေတဲ့ အနုပညာရှင်အမည်ခံတွေ ကိုရဲလွင်ကို အတုယူပါ။
its very touchin
ReplyDeletepls post ko nay win's song " battle for peace"
ko nay win sing this song at this event
they are real artist ...wish long live " medium wave"
will post a song of ko nay win singing at that event...thnx for your supports
ReplyDelete