Pages

Friday, October 22, 2010

ကျောက်ဖြူ ဒီရေ စ တိုးနေ

"လေတိုက်နှုန်းကတော့ ၂၅ မိုင်နှုန်းလောက်ပဲ ရှိဦးမယ်ထင်ပါတယ်။ နေ့ခင်းပိုင်းမှာ ပိုပြင်းမယ်လို့ သိထားရတယ်။ ဒီရေကတော့ စတက်လာနေပြီ။ မြို့လယ်ကောင် အမှတ်(၁) တံတား ရေကျော်ဖို့ ၁ ပေလောက်ပဲ လိုတော့တယ်။ မနေ့ကတော့ မုန်တိုင်းသတိပေးချက်တွေ လိုက်အော်တာ ကြားရတယ်။ အာဏာပိုင်တွေဘက်က လူတွေကို ရွေ့ပြောင်းနေရာချထားပေးတာမျိုးတော့ မရှိပါဘူး။ ရေတပ်က မိသားစုတွေ ပြောင်းရွေ့နေတယ်ဆိုတာကြားရတယ်။ ဘယ်ကို ပြောင်းသလဲ မသိဘူး။ ကျနော်တို့က ကျွန်းဆိုတော့လည်း ပြောင်းဖို့ ရွှေ့ဖို့ မလွယ်ပါဘူး။ အခုထိ ဈေးတွေ ဖွင့်ထားဆဲ။ ကွမ်းယာဆိုင်လည်း ဖွင့်ထားဆဲပဲ"

နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ကျောက်ဖြူဒေသခံနှင့် ဆက်သွယ်မေးမြန်းချက်

No comments:

Post a Comment