ရန်ကုန်မြို့တော်တ၀န်းမှာ မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းတွေက ပျံ့နေလေတော့ လူတွေကြားမှာ အထိတ် တလန့်ဖြစ်နေတယ်။
မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းကြီးပေါ်မှာ မိုးဖွဲဖွဲလေးကျနေပြီး လူတွေကတော့ ပုံမှန်အတိုင်းသွားလာနေကြတယ်။
ဒါပေမဲ့ လူအချို့ကတော့ လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက် မြို့တော်ခန်းမရှေ့မှာ စိုက်ထူထားတဲ့ အလံတိုင်ကို လှမ်းကြည့်လိုက်လုပ်နေကြတယ်။ သူတို့တွေရဲ့ လက်ထဲမှာလည်း ကင်မရာကိုယ်စီနဲ့ တစုံတခုကို အာရုံစူးစိုက်နေပုံပါပဲ။
ညနေ ၃ နာရီထိုးဖို့ နီးလာတဲ့အမျှ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြည်တွင်းဂျာနယ်လစ်တွေ ပိုပိုလို့ များလာတယ်။ သတင်းထောက်တွေကြားမှာလည်း ယတြာချေတဲ့အနေနဲ့
အလံသစ်ပြောင်းမယ်ဆိုတဲ့ အကြောင်းကို အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲကနေ ထွက်သွားပြီး ဘုန်းနိမ့်အောင်လုပ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံချခိုင်းတယ်တဲ့” ဟု နိုင်ငံခြားသတင်းထောက်တဦးက မှတ်ချက်ပေးတယ်။
ပြည်တွင်း သတင်းထောက်တွေကြားမှာလည်း ဗေဒင်ယတြာအရ အလံသစ်ပြောင်းတယ် ဆိုတဲ့အကြောင်း၊ ဒါဟာ ဥပဒေနဲ့ လုံးဝမညီဘဲ သူတို့လုပ်ချင်ရာ လုပ်တဲ့အကြောင်းကိုပဲ ပြောဆိုနေကြတယ်။
“၃ ကဏန်းကို နာမ်နှိမ်တဲ့အနေကို လုပ်လိုက်တာပဲ။ ဒေါ်စုကအင်္ဂါနေ့မှာမွေးတဲ့ သုံးကဏန်းသမားမို့ လုပ်တာ” ဟု ပြည်တွင်းသတင်းထောက်တဦးက ဆိုပြန်တယ်။
ညနေ ၃ နာရီထိုးဖို့ ၃ မိနစ်ခန့်မှာ ရန်ကုန်မြို့တော်ဝန်က မြို့တော်ခန်းမရှေ့ကနေ သတင်းထောက်တွေကို ထွက်ကြည့်တယ်။ ရန်ကုန်မြို့တော် ခန်းမတခုလုံးမှာလည်း စည်ပင်သာယာရေးဝန်ထမ်းတွေက
မြို့တော်ခန်းမရှေ့မှာ ရောက်နေတဲ့ သတင်းထောက်အုပ်ကြီးကို အထူးအဆန်းသဖွယ် ၀ိုင်းဝန်းကြည့်ရှုနေတယ်။
ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော်က အစိုးရရုံးတွေမှာ အလံတင်သွားပြီဆိုတဲ့သတင်းက ရောက်လာတယ်။
ဒါပေမယ့် ရန်ကုန်မြို့တော် ခန်းမရှေ့မှာတောင် တုတ်တုတ်မှ မလှုပ်သေးပါဘူး။
နှစ်ပေါင်း ၃၆ နှစ်ကြာ လေထဲမှာ ပျံ့လွင့်နေခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကတော့ မကြာခင် သူမီးရှို့ခံရမယ်၊ မြေမြှုပ်ခံရမှာကို သိပုံ မပေါ်ပါဘူး။
မြို့တော်ခန်းမရှေ့မှာ စုဝေးနေတဲ့ သတင်းထောက်အုပ်ကြီးကြောင့် လမ်းသွားလမ်းလာတွေလည်း အထိတ်တလန့် ဖြစ်နေကြတယ်။
မထသ ၄၈ အထူးကားပေါ်က ဆင်းလာတဲ့ ခရီးသည်တဦးက “ဘာဖြစ်နေတာလဲဟင်” ဆိုတဲ့
မေးခွန်းနဲ့ သတင်းထောက်တွေ အာရုံစူးစိုက်ကြည့်နေတဲ့ မြို့တော်ခန်းမကို ကြည့်လိုက်၊ သတင်းထောက်တွေကို ကြည့်လိုက်နဲ့ေ၀၀ါးနေပုံရတယ်။
လူတွေအများစုကတော့ သတင်းထောက်တွေ ရပ်ကြည့်နေသလို မြို့တော်ခန်းမရှေ့ကို စိုက်ကြည့်နေတယ်။
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတစ်စုကလည်း ကင်မရာတွေကိုင်ထားတဲ့ သတင်းထောက်အုပ်စုကို ကြည့်ပြီး ဘာဖြစ်နေတာလဲလို့ လာရောက်စူးစမ်းတယ်။
ညနေ ၃ နာရီ ၁၅ မိနစ်ခန့်ရှိချိန်မှာတော့ မိုးက တဖွဲဖွဲနဲ့ ပိုရွာလာတယ်။ သတင်းထောက်တွေအားလုံး ထီးကိုယ်စီနဲ့ ကင်မရာတွေကိုင်ပြီး စောင့်နေကြဆဲ။
မြို့တော်ခန်းမရဲ့ အလံတိုင်စိုက်ထူထားတဲ့ ၀ရန်တာပေါ်မှာတော့ ရဲဝတ်စုံကို ၀တ်စုံပြည့် ၀တ်ဆင်ထားတဲ့ ရဲ လေးဦးက အလံတိုင်ကို ၀ိုင်းရံပြီး အသင့်အနေအထား စောင့်နေကြတယ်။
ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာတော့ စစ်ဝတ်စစ်စား အပြည့်အစုံ ၀တ်ဆင်ထားတဲ့ စစ်အုပ်စုတခု ရောက်ရှိလာပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံဟောင်းကို ချပါတော့တယ်။
အဲဒီနောက် အလံတိုင်ထိပ်ပေါ်ကို ကြယ်ဖြူတလုံးပါ အ၀ါရောင်၊ အစိမ်းရောင်နဲ့ အနီရောင် စီခြယ်ထားတဲ့ သုံး ရောင်ခြယ်အလံကို နိုင်ငံတော်သီချင်းနဲ့လွှင့်တင်လိုက်တယ်။
အလံသစ်မှာပါတဲ့ အ၀ါရောင်က ဘာသာ၊ သာသနာနဲ့ ပညာတိုးတက်ခြင်း၊ အစိမ်းရောင်က စပါးဆန်ရေ၊ ကျွဲနွားနဲ့ အထွေထွေပေါများခြင်း၊ အနီရောင်က ရဲရင့်သော စိတ်ဓာတ်ခွန်အား၊ အဖြူရောင်ကြယ်က ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က ထုတ်ပြန်ခဲ့တယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရတဲ့ အချိန်က အနီရောင်၊ အပြာရောင်နဲ့ ကြယ်ငါးလုံးအလံ၊ ၁၉၇၄ ခုနှစ်မှာ ယနေ့ တိုင်အသုံးပြုခဲ့တဲ့ အလံ၊ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ စစ်အစိုးရ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ အသုံးပြုတဲ့ သုံးရောင်းခြယ်အလံ သုံးခုကို ပြောင်းလဲအသုံးပြုခဲ့ပါပြီ။
ပြည်တွင်း နိုင်ငံရေးသမားတဦးကတော့ ရွေးကောက်ပွဲပျက်မှာစိုးလို့ အတင်းအကျပ် အလံသစ်ကို တင်ခဲ့တာလို့ ဆိုတယ်။
“ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပြီးမှ အလံသစ်ပြောင်းရမှာ။ အခု အတင်းအကျပ်ပြောင်းတာ။ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သဘောပဲ” ဟု ၄င်းက ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ မြို့တော်ခန်းမရှေ့တွင် သုံးရောင်ခြယ် ကြယ်ဖြူအလံကြီးက ၀င့်ဝင့်ဝါးဝါး တလူလူ လွှင့်ထူ နေချေပြီ။
ပြည်တွင်း သတင်းထောက်တဦးကမူ နိုင်ငံတော်အလံသစ်ကို သန်း ၆၀ ကို ကိုယ်စားမပြုသော ယတြာ အလံဖြစ်တယ်လို့ ဆိုတယ်။
မြို့တော်ခန်းမရှေ့မှာ ဖြတ်သန်းသွားတဲ့ အရပ်သားတဦးကတော့ အလံသစ်က ဆေးရောင်စုံ ကလေးကစားစရာ အလံတခုလို ဖြစ်နေတယ်လို့ ဆိုတယ်။
အလံသစ်သတင်းထက် မုန်တိုင်းဝင်မယ်ဆိုတဲ့သတင်းကသာ ပြည်သူတွေကြားမှာ ဝေဖန်ပြောဆိုနေတဲ့ သတင်းကြီးတပုဒ် ဖြစ်နေဆဲပါ။
အချိန်နဲ့ တပြေးတည်း သတင်းတွေတင်ပေးပါကျေးဇူးပါ ဧရာဝတီ။
ReplyDeleteဒီစစ်ခွေးတွေ သွက်သွက်ခါအောင်ရူးသွားကြပြီကိုး
ReplyDelete:( သေတော့မယ် စိတ်ဆင်းရဲလို့ ဘာကိုမှ လုပ်ချင်စိတ်မရှိတော့ဘူး ဘာမှမလုပ်နိုင်တဲ့ ကိုယ့်ဟာကိုယ်လည်း အသေသတ်ချင်နေတယ် :(
ReplyDeletemost of the show biz people r money-oriented excpt htoo eain thin, zar ga nar, kyaw thu. majority of them will do anything if they r paid good enough. eg super nude mo hay ko
ReplyDeleteအရူးထနေတဲ့ လုပ်ရက်တွေ .......အလံသစ်တင်တာ သူတို့အလောင်းလိပ်ဖို့ နေမှာပါ။
ReplyDeleteဘယ်လိုပဲကြည့်ကြည့် စိတ်ထဲမှာဘဝင်မကျဘူး။ လှတယ်လဲမထင်ဘူး။ အဓိပ္ပာယ်ကတော့ကိုယ့်ပါးစပ်ထဲရောက်သွားရင် ကောက်ချင်သလိုကောက်လို့ရတာပဲလေ။ :/
ReplyDeleteWhat a ungraceful flag that I ever seen ! Perhaps, Yellow represents Shwe.(Than Shwe),Green represents Jade which are already gone to China & Red represents Rudy are also sold out from our miserable country.
ReplyDeleteအလံတွေနဲ့ အရောင်တွေအကြောင်းတော့ သိပ်မသိဘူး။ ပြည်သူလူထု အဘောတူညီချက်မရပဲ ပြောင်းလိုက်တာတော့ သဘောမကျဘူး။ သဘောမကျဘူးလို့လဲ သူတို့ကို သွားပြောခွင့်မရှိဘူး။ သွားပြောလိုက်ရင်လဲ အပြင်မှာ နေခွင့်မရှိတော့ဘူး။ စိတ်ညစ်ပါတယ်ဗျား။ ဝရမ်းပြေးနဲ့ ဟိုဟာ စပ်ကျထားတဲ့ အရူးတစ်ပိုင်း ထင်ရာစိုင်းနေတဲ့ ဦးနှောက်မရှိတဲ့သူပြောတာ လျှောက်လုပ်နေကြတယ်။ ပြောင်းသင့်တာတွေမပြောင်းပဲ မဆီမဆိုင်တွေလိုက်ပြောင်းနဲ့ လူတွေလဲ အရှင်လတ်လတ် ဒုက္ခဝဋ်ဆင်းရဲ့က လွတ်ကိုမလွတ်နိုင်ကြတော့ဘူးဗျာ။
ReplyDeleteအလံဆိုတာ နိုင်ငံနဲ့ ပြည်သူလူထုကို ကိုယ်စားပြုတာနော်၊ ဒီလို ဆင်ခြေမဲ့လက်လွတ်စပယ်လုပ်တာ နိုင်ငံနဲ့လူမျိုးကို ကမ္ဘာ့အလယ့်မှာ အိုးမဲသုတ်တာနဲ့ တူတူပဲ။ ဒီအလံကို ဘယ်ဗမာက အလေးပြုမှာလဲ၊
ReplyDeleteအလံမြင်တာနဲ့ မျက်နှာငယ်လို့ နှားခေါင်းပဲ ရှုပ်တော့မှာပေါ့။ အင်းလေ...
ပျက်စီးချိန်နီးလာရင် ချေးတုံးကို ရွှေတုံးလို့ မြင်ချင်လဲ မြင်မှာပေါ့။ ဒါက ရှေးကလဲ သာဓကတွေ ရှိခဲ့တယ်နော်။ မမေ့ကြနဲ့ဗျား။
အလံဟောင်းကို မီးရှို့ ဖျက်ဆီးပြီး၊မြေမြှုပ်မယ်လို့အခြား သတင်းတွေမှာ ဖတ်ရတယ်။
ReplyDeleteစြိတ်မကောင်းဘူးဗျာ။ အဲဒီအလံလေးကိုပဲ..ကျနော်တို့မွေးကတည်းကအလေးပြုခဲ့ရတာလေ။
ဘယ်နိုင်ငံမှ ကိုယ့်နိုင်ငံရဲ့ အလံသစ်၊ အလံဟောင်း စသည့် မည်သည့်အလံကိုမျှ မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ရဘူးဗျ။
ဗုဒ်ဓဟူးသားတွေကို အလံသစ်တင်ခိုင်းတယ် ဆိုတာကရော နောက်တက်မယ့်သူက ရွေမန်းလို့ ဆိုလိုတဲ့သဘောလား။
အလံ ပြောင်း တော့ ၁၉၇၅ ကို သွား ပြီး အမှတ် ရစေတယ်။
ReplyDeleteကို သန်း ရွှေ အ လှည့် တော့ ရောက် လာ ပြီ။
သူတို့ ကိုကြည့်ရတာ..တကယ်ကို..သေချာနေတဲ့.ပုံပဲ..
ReplyDeleteကြည့်ကြတာပေါ့..ဘယ်လောက်ထိ..ရပ်တည်နိုင်မလဲလို့ ..
နေမ၀င်သေးခင်အထိတော့..ရောင်နီသန်းပြနေအုံးပေါ့....။ ။
အလံဟောင်းမှာအရွယ်တူကြယ်ဖြူ၁၄လုံးဆိုပြီး တိုင်းရင်းသားတွေလယ်သမား
ReplyDeleteတွေကိုချွေးသိပ်သေးတယ်.စစ်အစိုးရအလံမှာတော့ပြည်သူကိုဂရုမစိုက်ယုံမက
ဘဲသူတို့ တပ်အမှတ်တံဆိပ်ဆက်သွယ်ရေးအင်ဂျင်နီယာတပ်တံဆိပ်ကို နိုင်ငံ
တော်အလံလုပ်လိုက်တာဟာပြည်သူကိုဘာမှတန်းဘိုးမထားတဲ့ စစ်အုပ်စုရဲ့ အ
ကျင့်တွေပါဘဲ.နောင်တခါဆိုသန်းရွေ ရဲ့ ပုံကိုမကိုးကွယ်မနေရဆိုပြီးလုပ်အုံးမ
လဲမသိတော့ဘူး
သူတို့ လုပ်သမျှတွေကိုလိုက်ပြီး ခံစားနေရရင်တော့ ရူးပြီးသေမှာပဲ
ReplyDeleteမလွမ်းလောက်ပါဘူး မောင်နေ၀င်းတင်ခဲ့တဲ့အလံ ကြီးပဲ...
မြင်နေကျဆိုတော့စိတ်ထဲမှာလှနေသလိုပဲ...
ကိတ်စမရှိပါဘူးနောက်ကျတော့ ခွပ်ဒေါင်းအလံတင်ကြတာပေါ့ ရှေးမြန်မာခေတ်ကတည်းက သုံးလာတာကျက်သရေလည်းသိပ်ရှိတာ...
ဟားဟား အရူးမီးဝိုင်းဖြစ်နေလို့ အာဏာရူးပြီးလုပ်ချင်တာတေါလုပ်နေတာလုပ်ပါစေဗျာယကြာ ချေလည်းအင်္ဂါ သမီးကပြည်သူတွေပို့ သတဲ့ မေတ္တာကြောင့်  ဘုန်းကံတွေတက်ပြိးသူဘယ်လောက်လုပ်လုပ်ပြည့် သူရင်ထဲမှာမပျောက်ပါဘူး........တခုရှက်စ၇ာကောင်းတာက သေနတ်ကြီးကိုင်ပြိးပြောတော့ တပ်ချုပ်ကြိးတဲ့  ဘာလက်နက်မှမရှိတဲ့ အမျိုးသမီးတယောက်ကိုသေလောက်အောင်ကြောက်၇တယ်ဆိုတာပြည်သူကိုဖွင့် ပြောနေတာဗျို့ 
ReplyDeletenothing words to say.i m so sad.why they changed flag?flag is nothing can do.they should change their mind.change the salary for normal people,change the internet connection much better,change the price of car,phone,house and foods. ................etc.we r not really lucky to lived in myanmar bcoz of this fucking stupid army group...no body can help us.they r very lucky bcoz we r buddish so we r always quiet but they dont respect..i wish myanmar will be get well soon...for us nothing can do we cant fight them...:-((((
ReplyDeleteအလံဟောင်းကိုမီးရှို့တယ်ဆိုတော့ ပင်စင်ယူမဲ့လူတွေကို ဘာလုပ်ဖြစ်နိုင်လဲ။
ReplyDeleteတကယ်တော့အလံဟောင်းကနှစ်ပေါင်း၃၆ကြာအောင်သူတာဝန်သူထမ်းခဲ့ပါတယ်။ အနည်းဆုံးတော့ပြတိုက်လောက်နေရာ အနားပေးဘို့ကောင်းတယ်။
really can't accept this new flag
ReplyDelete"Daing Kyaw Kyaw", her daughters and the "Bogyoke Ka Daw"s are planning to steal the old flags (Alan Houng).
ReplyDeleteလုံးဝ လက်မခံဘူး (သခင်အောင်ဆန်း ..... ရာဇဝင်တွေ ရိုင်းခဲ့ရပြီ အဘရေ ...... သခင် ကိုယ်တော်မှိုင်း ..... ရာဇဝင်တွေ ရိုင်းခဲ့ရပြီ အဖိုးရေ ......)
ReplyDeleteလုံးဝ သဘော မကျပါ
ReplyDeleteလုံးဝ သဘော မတူပါ
လုံးဝ မထောက်ခံပါ
လုံးဝ..လုံးဝ လက်ခံနိုင်စရာ မရှိဘူး၊ နိုင်ငံတော်ရဲ့ အမှတ် တံဆိပ်ကိုပါ ရုပ်ဆိုးအောင် လုပ်နေတယ်....ခံပြင်းဖို့ ကောင်း တ ယ်။
ReplyDeleteကည့်လို့ အဆင် မပြေ လိုက်တဲ့ နိုင်ငံတော်ရဲ့ အထိမ်းအမှတ် အလံပါပဲ။ ပြောရင်း ဒေါသတောင် ထွက်တယ်ဗျာ......
အလံပြော င်းလိုက်လို့လဲ ကျုပ်တို့နိုင်ငံ တိုးတက်သွားမှာ တဲ့လား၊ လူတွေရဲ့ စိတ်ကရော ပြောင်းသွားမှာတဲ့လား...။
မြန်မြန်သာ အဲဒီလို လူတွေကို ဖြုတ်ချကြ စမ်းပါဗျာ။
အကောင်း ဆုံး က တော့ မိန်းကလေးတွေ အဲ့ ဒီ အလံအရောင်အတိုင်းထမီ
ReplyDeleteချူပ်ဝတ်တာအကောင်းဆုံးပါဘဲ။
There was the only one country that most stupid Army government control the people.It is called Myanmar. It is not worth it but they are shameless and craziest .They dare to do everythings that ugly , unfair,nasty,greedy, rude ,corruption and dirty.
ReplyDeleteThe government harash and take over general power from people. They are not person yet they are devils.