Pages

Thursday, October 21, 2010

မိုးပျံပူဖောင်းဖြင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာဖြန့်



ရန်ကုန်မြို့မှ တက်ကြွလှုပ်ရှားသူ လူငယ်တစုဟာ ဒီနေ့ညနေပိုင်းမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်တွေကို မိုးပျံပူဖောင်းတွေမှာ ချိတ်ဆွဲပြီး ဖြန့်ဝေခဲ့ကြတယ်လို့ ဧရာဝတီကို ဆက်သွယ် ပြောဆိုပါတယ်။

"စာရွက်တွေမှာ စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြစို့ ၊ သံဃာကိုသတ် ၊ လူထုကိုသတ်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြစို့ ဆိုတဲ့စာသားတွေ ရေးသားထားတာပါ။ ဒီနေ့ညနေပိုင်းမှာ ကျနော်တို့ အများကြီး လွှတ်တင်ခဲ့ပါတယ်။ မိုးပျံပူဖောင်းအလုံး ၄၀ ဆိုရင် စာရွက်ရေ ၂၀၀၀ လောက်အထိ သယ်ဆောင်သွားနိုင်ပါတယ်"လို့ ရွေးကောက်ပွဲသပိတ်မှောက်ရေး လှုပ်ရှားနေသော လူငယ်တဦးက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ ဒေါပုံ ၊ ဒလ ၊ လှိုင် ၊ မရမ်းကုန်း ၊ တောင်ဒဂုံ ၊ အင်းစိန်နဲ့ မင်္ဂလာဒုံမြို့နယ်တွေကနေ မိုးပျံပူဖောင်းများ လွှတ်တင်ပြီး ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

6 comments:

  1. Good action ! May this great action will be successful till reaching your goal!

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. dar ko kyi yin ko General Strike ma phit naing kayung thay char nay par pi.
    ah phan khan ya mar kyaut te ah twet de lo lote tar par....
    edi par thwar te sar ywet 2000 ko be thu ka pyan distribute lote mar te tone....????

    ReplyDelete
  4. နောက်မဆုတ်နဲ့ ဒီကောင်တွေ အကြောက်ဆုံးက ရွေးကောက်ပွဲကို
    ပြည်သူတွေ သပိတ်မှောက် မှာကိုဘဲ
    ဆက်လုပ် အားပေးတယ်
    အထူးသဖြင့် နယ်သူနယ်သားတွေ အားလုံးဒီအသိတွေရအောင်လုပ်သင့်တယ်
    နောက်ပြီး မျက်နှာပြောင်တဲ့ ယှဉ်ပြိုင်ပါတီတွေကိုလည်း
    တရားမမျှတတဲ့ဒီပွဲမှာ သားသတ်ရုံထဲကနွားတွေ ဖြစ်နေတယ်ဆိုတာကိုလည်း ဖိအားပေးသင့်တယ်
    တပ်မတော်သားတွေကိုယ်တိုင်လည်း အဖိနှိပ်ခံဘဝမှာ ရှိတယ်ဆိုတာတွေကို နားလည်အောင်ရှင်းပြသင့်တယ်
    ထင်ထင်ရှားရှား အဖွဲ့ စည်းတွေ မဖွဲ့ နဲ့ 
    ဒို့ လည်း ကြုံသလို စာလိုက်ကပ်တာဘဲ
    လုံးဝအမိမခံနဲ့  ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်ကြ
    တစ်ယောက်ယောက်က အဖွဲ့ စည်းလုပ်ဘို့ ပြောလာရင် လုံးဝလက်မခံနဲ့ 
    သူတို့ အနုနည်းနဲ့ ချဉ်းကပ်တတ်တယ်။

    ReplyDelete
  5. ဧရာဝတီ ဘလော့နဲ့သတင်းဝက်ဆိုဒ်ပေါ်တွင် ရင့်သီးသောအသုံးအနှုန်းဝေဖန်မှုများ ကိုဖေါ်ပြခြင်းမပြုရန်မေတ္တာ ရပ်ခံပါသည်။အစဉ်အမြဲ အားပေးနေပါသည်။

    ReplyDelete
  6. တကယ်ကောင်းတဲ့ idea ပါ။ အားပေးနေပါတယ်။ ကိုယ်ကျိုးစွန့် တဲ့သူတွေကို လေးစားဂုဏ်ယူပါတယ်။ မဝေးတော့တဲ့ တစ်နေ့ မှာအောင်မြင်မှာပါ။

    အရေးတော်ပုံအောင်ရမည်။

    ReplyDelete