Pages

Tuesday, October 26, 2010

ရခိုင်ပြည်နယ်အတွင်း ဆန်စပါး ပြတ်လပ်မှု ဖြစ်ပေါ်နိုင်


ရခိုင်ပြည်နယ်အတွင်းမှာ မကြာမီကာလအတွင်း ဆန်စပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ်ဆန်စပါး ကုန်သည်အသင်း တာဝန်ရှိသူတဦးထံမှ သိရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့ စစ်တွေ ဒေသခံတဦးက ဧရာဝတီကို ပြောပါတယ်။

သူက “အခု မုန်တိုင်းကြောင့် ရေငံတားတမံတွေကျိုးလို့ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်အတွင်းက လယ်ဧက တော်တော်များများ ပျက်စီးသွားတယ်လေ။ ဘယ်ရွေ့ဘယ်မျှဆိုတာ သေချာမသိရသေးပေမယ့် အားလုံးပေါင်းလိုက်ရင် အနည်းဆုံးတော့ ဧက ထောင်ချီမှာပါ”လို့ ဆိုပါတယ်။

ယခုလဆန်းပိုင်းကလည်း သံတွဲမြို့နယ်အတွင်းက ရေငံတားတမံတွေ ကျိုးပေါက်ခဲ့တဲ့အတွက် လယ်ဧက ငါးထောင်ခန့် ပျက်စီးခဲ့ရပါသေးတယ်။

“ကျနော်တို့ကတော့ ဂီရိကြောင့်တော့ မဟုတ်ဘူးပေါ့။ လဆန်းပိုင်းက ဖြစ်ခဲ့တာ။ ရေငံတားတမံတွေနဲ့ ဆည်တွေကျိုးလို့ လယ်တွေထဲရေ၀င်ပြီး ဧက ၅၀၀၀ လောက်ပျက်စီးကုန်တာပါ။ အဲဒီရက်ပိုင်းက မိုးများပြီး သူဌေးဆည်လည်း ကျိုးခဲ့တယ်လေ။အဲဒီအကြောင်း ပြီးခဲ့တဲ့အပတ်ထုတ် 7Day ဂျာနယ်မှာလည်း ပါတာတွေ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိပျက်စီးတယ်ဆိုတာကို ကိန်းဂဏန်းအမှန် ဖော်ပြခွင့်မရခဲ့ဘူးထင်ပါတယ်။ ဧက ၅၀၀၀ဆိုတာ မြို့နယ် လယ်စိုက်ရှင်းရုံးက စာရင်းတွေအရ ကျနော် သိထားရတာကို ပြောတာပါ”လို့ သံတွဲဒေသခံက ဆိုပါတယ်။

No comments:

Post a Comment